Unicode
ရှီရှန်း APE ပရိုဂရမ်မာများကို သတ်လိုက်ကာ ရှန်းဂျွဲ့နန်းတော်ဆီသို့ ဘဝင်ခိုက်စွာ ပြန်သွားပြန်သည်။
ထိုAPE ပရိုဂရမ်မာများ ရှန်းဂျွဲ့နန်းတော်သို့ အပြေးသွားခဲ့ပြန်သော်လည်း သနားစရာကောင်းစွာ ဖြင့် အဝင်ဝကို တောင်ဖြတ်သွား၍ပင် မရချေ။
"ဘာတွေဖြစ်နေတာတုန်း" NPC1က တစ်ခြားနှစ်ယောက်ကို အံ့အားသင့်နေသောမျက်နှာဖြင့် မေးလိုက်၏။
ငါတို့ကရော ဘာတွေဖြစ်နေမှန်း ဘယ်လိုလို့သိမှာတုန်း?
APE ပရိုဂရမ်မာအနေနဲ့တောင် မြေပုံထဲဝင်လို့မရတာကို?
အချိန်အနည်းငယ်ကြာမှပင်၊ တစ်ယောက်က ခန့်မှန်းချေထုတ်နေသော အသံဖြင့် မေးလာ၏၊ "ဟွေးမန်မန့် ကိုယ်ပိုင်သိစိတ်များရှိလာတာလား?"
ဂိမ်းထဲတွင်ရှိသော NPCများသည် AIတစ်ဝက်ဟု ယူဆရ၏။
သို့ရာတွင် AIအစစ်တွင် ကိုယ်ပိုင်သိစိတ်ပိုင်ဆိုင်ထားရာ မျိုးစိတ်အသစ်တစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်။
သူမ၏ လက်တလော လုပ်ဆောင်ချက်များကို သုံးသပ်လိုက်မယ်ဆိုရင် သေချာပေါက် ကို သူမမှာကိုယ်ပိုင်သိစိတ်ရှိနေပြီ…။
ထိုလူများ၏ နှလုံးများသည် စတင်ခုန်ပေါက်လာကြကာ offlineလုပ်ပြီး အထက်လူကြီးများအား အပြေးအလွှားပင် သွားရှာကြတော့သည်။
အကယ်၍ သူ့မှာသာ ကိုယ်ပိုင်သိစိတ်ရှိခဲ့မည်ဆိုလျှင် အလွန်ပင် အံ့အားသင့်စရာကောင်းလိမ့်မည်ပင်။
ဤကမ္ဘာပေါ်တွင် မည်သည့်AIမှ မရှိခဲ့ဖူး။
အထက်တန်းစားလူတန်းစားများသည် AIများ အပေါ် အာရုံစိုက်မှုမြင့်တက်နေကာ လျန်ပင်း ပင်လျှင် လျှော့ခ်ရသွားချေ၏။သို့သော်ငြား ထိုလူများပင်လျှင် ရှန်းဂျွဲ့နန်းတော် ထဲသို့ မဝင်နိုင်မှန်း သတိထားမိသွားကြသည်။
ဝန်ထမ်းအများစုသည် ဟာကွက်အသေးလေးတစ်ခုကိုပင် သေအောင် ရှာနေကြသော်လည်း မတွေ့ကြသေး။
မီတင်ထဲမှ တစ်စုံတစ်ယောက်သည် စိုးရိမ်စွာဖြင့် အကြံပေးလာသည်။
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣