Arc 19.23

1.9K 290 13
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၂၃)

ယနေ့လေလံပွဲကို လာကြသည့်လူတိုင်းသည် ' နတ်သမီးနှလုံးသား ' ကို လာကြည့်ကြခြင်းဖြစ်သည်။

"ဒီလူယုတ်မာတွေက လူတွေကိုကံဆိုးစေမယ့်အရာအတွက် ငွေတွေလာဖြုန်းကြတာ အရမ်းတုံးတယ်လို့ ရှင်မထင်ဘူးလား " ရှီရှန်းသည် ကျန်းကျွိနှင့် အတင်းပြောနေ၏။

ကျန်းကျွိသည်တော့ သူမနှင့် အတင်းအဖျင်းမပြောလိုပေ။ သူသည် အလုပ်သာ ဆက်လုပ်နေလေသည်။
သူသည် သူ့နယ်ပယ်တွင် ပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့်သူသည် အလုပ်ချိန်အတွင်း အတင်းအဖျင်းမပြောပေ။

ထို့ကြောင့် သူသည် သူမအား သူ့စိတ်ထဲမှသာ မေတ္တာပို့နိုင်လေသည်။ ခင်ဗျားဆေးသောက်ဖို့ မေ့လာတာလား?? သူတို့က လူယုတ်မာတွေလို့ ပြောနေပြီး သူတို့ဉာဏ်ရည်နိမ့်တာကို ဘာလို့ငါ့ကို လာမေးနေတာလဲ??

ရှီရှန်းက " တစ်ယောက်ယောက် တစ်ကယ်ကြီးပေါ်လာမယ် ဆိုရင်တောင် ဥပဒေသတွေအရ ရှင်တို့ရဲ့ ကြိုးစားအားထုတ်မှုကို အလဟသ မဖြုန်းတီးပစ်သင့်ပါဘူးရှင် "

"ဘယ်က ဥပဒေသ လဲ??" ကျန်းကျွိက ပြန်မေးလိုက်သည်။
ငါတို့ကို ဘယ်သူမှ လာတားလို့မရဘူး!!လာလိုက်လေ! ငါတို့က ရဲတွေနော်. . . ဟုတ်ပြီလား! ဒီအရူးကောင်တွေက ငါတို့ကိုတော့ လျှော့မတွက်ရဲပါဘူး!

ရှီရှန်းက ကျန်းကျွိအား " ဝတ္ထုတစ်ပုဒ်ရဲ့ ဥပဒေသလေ " ဟု လေးလေးနက်နက် ပြန်ဖြေပေးလိုက်သည်။

တစ်စုံတစ်ယောက်သာ ဤနေရာမှာ ပေါ်လာမည်ဆိုလျှင် ဇာတ်လိုက်သာဖြစ်နိုင်ပေသည်။ ထို့အပြင် အဖြစ်အပျက်တစ်ခုလုံးသည် ရဲများနှင့် လားလားမျှမဆိုင်ပေ။ အောင်ပွဲခံမည့်သူမှာ ဇာတ်လိုက်ကောင်သာ ဖြစ်သည်။

ကျန်းကျွိသည် အဓိပ္ပာယ်မဲ့လွန်းသဖြင့် သွေးတောင်အန်တော့မလိုပင်။
ဒီတစ်ယောက်က ဒီမှာပွဲ (ဒုက္ခ) လာကြည့်တာလား??

......

' နတ်သမီးနှလုံးသား ' လေလံပွဲမစတင်မီ လေလံပွဲ၏အစပိုင်းတွင် ကောင်းမွန်နေခဲ့သည်။ ရှီရှန်းသည် လေလံခန်းမထဲသို့ ၀င်လာစဉ် ထူးခြားသောစွမ်းအားများကို ခံစားနိုင်ပေသည်။

ဤဇာတ်လမ်း၏ ဝိညာဉ်ရောင်ခြည်သည် အတော်ပင်အားနည်းလေ၏။ ' နတ်သမီးနှလုံးသား ' ဟူသော ဇာတ်ကြောင်းပေါ်လာကတည်းက ရှီရှန်းသည် ဝိညာဉ်ရေးရာပတ်ဝန်းကျင်ကို ပို၍ပင် ထိခိုက်လွယ်လာသည်ဟု ခံစားနိုင်သည်။ ရုတ်တရက် ဤဧရိယာတစ်ခုလုံး၌ ဝိညာဉ်စွမ်းအားနိုးကြားမှု မရှိပေ။

ဝိညာဉ်စွမ်းအား အားလုံးသည် ဤလေလံခန်းမမှ လွတ်မြောက်အောင် ထွက်သွားနေကြသည်။

၎င်းတို့ကို အခြားတစ်ခုခုမှ စုပ်ယူနေခြင်းမဟုတ်ပေ။ သူတို့ဘာသာ ဤနေရာမှ ထွက်ပြေးနေကြခြင်းပင်။
ဝိညာဉ်ရောင်ဝါများသည် ' နတ်သမီးနှလုံးသား ' ကို ကြောက်နေကြခြင်းလား?? ဤအရာသည် မည်သည့်ပစ္စည်းအမျိုးအစားဖြစ်သနည်း?? စွမ်းအားရော ကြီးတာလား??

လေလံဆွဲသူက အသုံးမ၀င်သည့် အချက်အလက်များကို ရှင်းပြပြီး အဖုံးကို ဖွင့်ပြပြီးသည့်နောက်တွင် လည်ဆွဲအား လူတိုင်းရှေ့တွင် ပြသခဲ့လေ၏။

၎င်း၏အရောင်သည် ' ကံကောင်းမှု ' ထက် ပိုမိုတောက်ပသည်။ နောက်တစ်စက္ကန့်အတွင်းပင် ဤအရာသည် စတင်ခုန်လာနိုင်သော အသက်ရှင်နေသည့် နှလုံးသားတစ်ခုနှင့် တူနေလေသည်။

ရှီရှန်းက ' နတ်သမီးနှလုံးသား ' ၏ အသေးစိတ်အချက်များသည် အမှန်ပင်စင်ကြယ်သည်ဟူသော အချက်ကို မငြင်းနိုင်ပေ။

သို့သော် ၎င်းသည် ရှီရှန်းမနှစ်သက်သည့် အရောင်အဝါများကို ထုတ်လွှင့်နေခဲ့သည်။

အမှောင်ထု၏ မကောင်းဆိုးဝါးစွမ်းအင်မျိုးတော့ မဟုတ်ပေ။ ဒါသည် စွဲအားတစ်မျိုးမျိုး ရှိနေလေသည်။
၎င်းသည် သူ့အား ရယူရန်၊ ပိုင်ဆိုင်ရန် စသဖြင့် လူတို့အား စွဲမက်စေသည်။
ရှီရှန်းသည် ရုတ်တရက် သူမပါးစပ်မှ ရွံမုန်းစွာ ပြောလိုက်သည်။

" ဒီကျောက်မျက်ရတနာက အရင်က သွေးသောက်ခဲ့တာလို့ ငါခန့်မှန်းချင်တယ် " ရှီရှန်း သူမ၏စိတ်ထဲတွင် System နှင့် ဆက်သွယ်ကာ စကားပြောလိုက်သည်။

[ ဟုတ်ပါတယ် ]

"ဟမ်၊ ဒါဆို သူက သေချင်တဲ့ဆန္ဒရှိနေတာလား"

[သူသေတာ ကြာပါပြီ ] System ကလည်း ရှီရှန်းကို ပြန်ဖြေခဲ့သည်။

"ဒါဆို သူက တစ်ခြားသူတွေရှင်းဖို့ သူ့အရှုပ်ထုတ်တွေကို ထားခဲ့တာပေါ့?? "

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now