Unicode
ဒီမတိုင်ခင်က လင်းဟန်ယုက သူ့အစ်ကိုရဲ့ ထင်မြင်ချက်တွေကို မယုံခဲ့ပေ။
ယခုမူကား....
ဟွားမန်မန် သည် လူသားဟုတ်ပုံမရချေ။
လူတစ်ယောက်က အခြားလူတွေကို သတ်နေတဲ့အခါ အေးဆေးတည်ငြိမ်နေစရာ အကြောင်းမရှိပေ။ သူမ၏အမူအရာက အစမှအဆုံးထိ အနည်းငယ်မျှပင်ပြောင်းလဲခြင်းမရှိချေ။သူမကို လိုက်ဖမ်းနေသူများဟာ စက်ရုပ်တစ်စုမျှသာဖြစ်ပြီး ထိုအသက်မဲ့စက်ရုပ်များကို သတ်ပစ်နေသကဲ့သို့ပင်။ အကယ်၍ သူမသာ လူသားတစ်ဦးဖြစ်ခဲ့လျှင်တော့ အလွန်ကြောက်စရာကောင်းပေလိမ့်မည်။
လင်းဟန်ယုက စပ်စုတတ်သူတစ်ဦးဖြစ်ပြီး အတွေးများနေလျက်ပင် ရှီရှန်း၏အနောက်ကို ကားဖြင့်လိုက်နေသေးသည်။
"အဟွတ်..အဟွတ်…"
ရှီရှန်းက သွေးအန်ချင်စိတ်ကို မနဲထိန်းထားရပြီး သူမ၏ ခန္ဓာကိုယ်က ယိမ်းယိုင်နေခဲ့၏။
'တော်ပြီ တော်ပြီ ငါ မခံနိုင်တော့ဘူး'
သူမသည် လင်းဟန်ယု၏ ကားကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချပြီးနောက် ကားဆီသို့ ဦးတည်သွားခဲ့သည်။
ထို့နောက် သူမ ကားတံခါးကို ဆွဲဖွင့်ပြီး ဝင်သွားလိုက်တော့သည်။
"... ဟွားမန်မန်!?"
လင်းဟန်ယု တုန်လှုပ်သွားခဲ့၏။
"အခု မောင်းတော့"
"အိုး...ကောင်းပြီ"
လင်းဟန်ယုက ချက်ချင်းတုံ့ပြန်ပြီး ကားအရှိန်ကိုမြှင့်လိုက်သည်။
..........
ရှီရှန်းက ကားရှေ့ခန်း passenger seatမှာထိုင်ပြီး သူမ၏ လည်ပင်းကို လက်ဖြင့် အရင်စစ်ဆေးကြည့်သော်လည်း လည်ပင်းမှာ ထူးထူးခြားခြား ဘာမှမခံစားရပေ။
သူမလက်များတွင်လည်း ဆေးထိုးအပ်ရာတွေကလွဲလို့ အရေပြားအောက်မှာ ဘာမှမရှိချေ။
"ဘာရှာနေတာလဲ?"
လင်းဟန်ယုက ရှီရှန်း သူမ၏လည်ပင်းနှင့် လက်များကို စမ်းသပ်ကြည့်နေသည်ကို
စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣