Arc 17.13

2.1K 333 0
                                    

Unicode

ရှီရှန်းက ထောင့်အစွန်းတစ်နေရာမှာထိုင်နေပြီး ချင်းဟန်က တခြားတစ်ဖက်မှာ ကျောက်တုံးကိုမှီပြီးထိုင်နေခဲ့တယ်။ ချင်းဟန်ကို အတော်ကြာအောင်အကဲခတ်နေရင်း ရှီရှန်းက,မတ်တပ်ထရပ်လိုက်ပြီး သူနဲ့မနီးမဝေးနေရာကို လျှောက်သွားလိုက်တယ်။



"ရှင်အဆင်ပြေရဲ့လား..?"



"ငါအဆင်ပြေပါတယ်.."


ချင်းဟန်ရဲ့အသံက အတော်လေးအက်ကွဲနေသလိုပဲ။



ရှီရှန်းလည်း မျက်မှောင်ကြုတ်လိုက်ပြီး ညလင်းကျောက်ကိုကိုင်ကာ ချင်းဟန်ဘေးနားကို လျှောက်သွားလိုက်တယ်။ ချင်းဟန်ရဲ့ အံ့အားသင့်နေတဲ့အကြည့်အောက်မှာ သူ့ကိုပွေ့ချီလိုက်ပြီး မြေပြန့်တစ်နေရာကို ခေါ်သွားလိုက်တယ်။ ထို့နောက် ချင်းဟန်ကို ကျောခိုင်းထိုင်ခိုင်းလိုက်ပြီး အဝတ်အစားတွေဆွဲချွတ်ပစ်လိုက်တယ်။



ချင်းဟန်ခမျာ လှည့်ကြည့်ချင်ပေမယ့် သူ့ရဲ့တစ်ကိုယ်လုံးက လှုပ်ရှားလို့မရအောင်အားနည်းနေခဲ့တယ်။



"မိန်းကလေး.."


ယောက်ျားနဲ့မိန်းမဆိုတာ အကွာအဝေးတစ်ခုထားသင့်တယ်။



"စိတ်လျော့ထား.. ကျွန်မက အခွင့်အရေးသမားမဟုတ်ဘူး.. တာဝန်ယူပါ့မယ်.."



ရှီရှန်းက အတွင်းဝတ်ပါမကျန်အောင် ဆွဲချွတ်ပစ်လိုက်ပြန်တယ်။ ပြီးမှ ညလင်းကျောက်ကို မြှောက်ကိုက်လိုက်ပြီး ချင်းဟန်ရဲ့နောက်ကျောကို ကြည့်လိုက်တော့ အပြာရော၊ ခရမ်းရောင်ကွက်တွေ ပြည့်နှက်နေရောပဲ။ ကျောလယ်မှာတော့ လက်တစ်ချောင်းစာလောက်ရှိတဲ့ အကောင်ကိုက်ရာကြီးတစ်ခုကိုပါ တွေ့လိုက်ရတယ်။ အဲ့တစ်ခုက အနက်ရောင်ပင် သမ်းနေခဲ့ပြီ။



ရှီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး..


"ဟိုအကောင်ကိုက်လိုက်တာလား..?"



"အဆိပ်တက်နေတာ.."



"အဲ့တာဘာကောင်လဲ..? ရှင်သိလား..? ဖြေဆေးရှိလား..?"



ရှီရှန်းလည်း ထိုဗီဇပြောင်းသတ္တဝါက ဘာကောင်လဲဆိုတာကို စဉ်းစားလို့မရခဲ့ဘူး။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now