Arc 19.19

1.9K 296 1
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၉)

ရှီရှန်း၏ အလီဘိုင်သည် လုံလောက်ပေသည်။ သူမ ဆိုင်မှထွက်သည့်အချိန် ယဲ့ဖုန်းနောက်ကွယ်တွင် မတ်တပ်ရပ်နေသော ရှောင်လင်းလုံကို လုံခြုံရေးကင်မရာတွင် တွေ့ရလေသည်။ သူမသည် အလွန်ဖြူဖျော့နေပုံရသော်လည်း ပုံမှန်အတိုင်း ရှိနေဆဲပင်ဖြစ်သည်။

ထူးဆန်းသည်မှာ ရှီရှန်းထွက်ခွာသွားပြီးနောက် လုံခြုံရေးကင်မရာ ပြတ်တောက်သွားခြင်းပင်။ သို့သော် ၎င်းသည် ရှီရှန်းအပြင်ဘက်၌ ရှိနေသည်ကိုတော့ ပြနိုင်သေးသည်။ ထို့အပြင် သူမတွင်လည်း သက်သေထူပေးနိုင်သော ဟန်ရှောင်ရှိနေသေးသည်။

ထို့အပြင် သူမတစ်နည်းနည်းဖြင့် ပြုလုပ်ခဲ့သော သတင်းအတုအယောင်များမှာ အမှန်ဖြစ်လာခဲ့သည့်အတွက် သူမနှင့် ပတ်သက်၍ ထူးဆန်းသည့်အရာဟူ၍ မရှိပေ။

တစ်နေရာပြီးတစ်နေရာမှ ရောက်ရှိလာကြသော ရဲများသည် သူတို့၏အာရုံကို ရှီရှန်းဆီသို့ ၁၀၀% ပေးထားကြသည်။

သေမင်းတမန်ကြီးက ဒီအရူးမပြောသမျှကို လိုက်လုပ်နေတာလား?? တစ်ယောက်ယောက်သေမယ်လို့ သူမပြောလိုက်တာနဲ့ ထိုတစ်ယောက်က သေသွားခဲ့၏။
ခံရသူသည် နာမည်ကြီးကျောက်မျက် ရတနာဆိုင်ပိုင်ရှင် ရှောင်မောင်၏ သမီးဖြစ်သောကြောင့် ကျန်းကျွိသည်လည်း ထိုနေရာသို့ သွားရတော့သည်။

မှန်ပေသည်။ အဓိက အကြောင်းအရင်းမှာ ရူးသွပ်နေသည့် ရှီရှန်းကလည်း ထိုနေရာတွင် ရှိနေသည်ဆိုတာကို သူကြားခဲ့၍ဖြစ်သည်။

" မစ္စလျှို ... " ကျန်းကျွိတစ်ယောက် အကူအညီမဲ့နေတော့သည်။

ရှီရှန်း၏ နှုတ်ခမ်းများကွေးညွှတ်သွားကာ " အရာရှိကျန်း မတွေ့ရတာကြာပြီနော် " ဆိုပြီး ပြုံးပြလိုက်သည်။

"... " ငါတော့ ဒီကြမ်းကြမ်းတမ်းတမ်း အရူးမကို မမြင်ချင်ဘူး " အဟမ်း အဟမ်း. . . မစ္စလျှို ခင်ဗျားဒီမှာ တစ်ခုခုစားဖို့ ရောက်နေတာလား?? "

" ကျွန်မကရော ဒီကို လူသတ်ဖို့ ရောက်နေလို့လား??"

ကျန်းကျွိ : "... " ခင်ဗျား ထပ်ပြီးပြောလို့ကတော့ စိတ်ရောဂါကုဆေးရုံကို ပို့ပစ်တော့မယ်!

သူတို့ဆီတွင် သူမ၌ စိတ်ရောဂါရှိမရှိ စစ်ဆေးရန် တစ်စုံတစ်ဦးတောင် ရှိနှင့်ပြီးဖြစ်သည်။ သူမသည် ကြောက်စရာကောင်းသော စာကြောင်းအချို့ကို ထုတ်ပြောနေလေ့ရှိသော်လည်း သာမန်ထက်ထူးကဲသော အပြုအမူမျိုး မရှိပေ။
သူမမှာ ထူးဆန်းပြီး အန္တရာယ်ပေးနိုင်သည့် အတွေးတွေရှိနေတာကြောင့်နဲ့တော့ သူမကို ဖမ်းထား၍မရပေ။
အကယ်၍ သူတို့သာ လူတွေကိုအသားလွတ်ဖမ်းဆီးမည်ဆိုပါက ရဲဌာနတောင် လူကြပ်သွားလောက်သည်။

" မစ္စလျှို. . . ဘယ်သူ့ကိုများ မသင်္ကာစရာအနေနဲ့ တွေ့ခဲ့ပါလဲ "
ရှီရှန်း၏ သက်သေထွက်ဆိုချက်ကို မည်သူမျှ မယူလိုကြသောကြောင့် ကျန်းကျွိကိုယ်တိုင်သာ ယူရလေသည်။

" ကျွန်မကတော့ လူတိုင်းကို သံသယရှိတယ် "

"... ရှင်တို့ရဲတွေ သတင်းမှားကို ဘာလို့ထုတ်တာလဲ??"

" အဲ့ဒါကြောင့်လည်း ရှင်တို့တွေ ဒီနေရာကို ဒီလောက်မြန်မြန် ရောက်လာကြတာမလား?? "

ငါသူ့ကို အရမ်း ဖမ်းချင်နေပြီ!
ကျန်းကျွိသည် သူမအား မဖြစ်မနေမေးရမည့် မေးခွန်းများမေးမြန်းပြီးသည်နှင့် သက်ပြင်းချလိုက်သည်။ ထို့နောက် မပြောမဖြစ် ပြောရမည်ဖြစ်သော " ကျွန်တော်တို့ကို ပြောဖို့သတိရလာတာ တစ်ခုခုရှိရင် ဖုန်းခေါ်ဖို့သတိရပေးပါ။ ဒီမှာထပ်နေစရာ မလိုတော့ပါဘူး၊ ကျွန်တော်တို့ မင်းရဲ့ အဖိုးတန်အချိန်တွေကို မဖြုန်းတီးချင်ပါဘူး "
ငါတော့ သူမကို နောက်တစ်ခါထပ်မတွေ့ချင်တော့ဘူး
ငါတော့ သူမကို နောက်တစ်ခါထပ်မတွေ့ချင်တော့ဘူး +1
ငါတော့ သူမကို နောက်တစ်ခါထပ်မတွေ့ချင်တော့ဘူး +10086

ထိုရဲများက စုပေါင်း၍ ရှီရှန်းအား မထီမဲ့မြင်ပြုသွားကြတော့သည်။

......

သတင်းထောက်များလည်း မကြာမီတွင် ရောက်လာကြပြီး ရှီရှန်းနှင့် ရဲများ ထိုနေရာတွင်ရှိနေစဉ် သူတို့ဦးနှောက်၏ လစ်လပ်နေသည်များကို ဖြည့်စွက်ကြလေသည်။

ရှီရှန်း၏ လူများအား ဒေါသအပြည့်ဖြင့် ဓားနှင့်ခုတ်မည်ဆိုသည့် အဖြစ်အပျက်အပြီးတွင် သတင်းထောက်များသည် သူမနှင့် သိပ်ပြီး နီးနီးကပ်ကပ်မနေရဲကြပေ။

ထိုအချိန်က သူမသည် သူမ၏ဓားကို မည်သည့်နေရာမှ ရရှိခဲ့မှန်း ဘယ်သူမှမသိပေ။ သူတို့ပြန်သတိရရန် ကြိုးစားနေစဉ်တွင်ပဲ ထိုမိန်းကလေးမှာ ခါးပတ်ပတ်လည်တွင် ဓားများကဲ့သို့အရာများကို သူမနှင့်အတူ ဝှက်ထားနိုင်ကြောင်း သိရှိသွားကြသည်။ သူမ ဤသို့ဓားကို ဖုံးကွယ်ထားခြင်းသည် ရူးသွပ်ကာ အလွန်အန္တရာယ်ကြီးသည်ပင်!

ရှောင်လင်းလုံသည် လူအများရှေ့တွင် အသတ်ခံခဲ့ရခြင်းကြောင့် ရဲများသည်လည်း ဖုံးကွယ်ထားရန်မတတ်နိုင်သော ထိုအမှုကို ဖြေရှင်းရန် အချိန်များစွာမရပေ။

မည်သို့ပင်ဆိုစေကာမူ ဆိုင်၏ စောင့်ကြည့်ကင်မရာက ရိုက်ယူမိခဲ့သော အသုံးဝင်သည့် ရိုက်ကူးမှုအားလုံးမှာ ဖျက်ဆီးခံခဲ့ရပြီး သံသယရှိသူတိုင်းမှာလည်း ပြီးပြည့်စုံသောအလီဘိုင် ရှိခဲ့သည်။

ထိုရူးသွပ်နေသည့် ရှီရှန်းကိုဖယ်လိုက်ပါက ယဲ့ဖုန်းသည် ထိုအချိန်တွင် တိုက်ခိုက်နေရပြီး လူအများစုကလည်း သူ့ကိုသက်သေခံပေးနိုင်သည်။
လူသတ်သမားက ဘယ်နေရာက ရောက်လာတာလဲ??

လျန့်ချင်းနှင့် ရှောင်လင်းလုံတို့ နှစ်ဦး စလုံးသည် ယဲ့ဖုန်းနှင့် ချစ်သူများဖြစ်ကြသည်။ ထိုယဲ့ဖုန်းသည် တစ်ခုခုဖြစ်မည့်ပုံပင်။

ကျန်းကျွိ တိတ်တဆိတ် စဥ်းစားနေမိသည်။
တစ်ဦးမှာ နာမည်ကျော်ကြယ်ပွင့် ဖန်သားပြင်၏ နတ်ဘုရားမဖြစ်ပြီး ကျန်တစ်ဦးမှာလည်း ကျော်ကြားသော ကျောက်မျက်ရတနာ ဆိုင်တစ်ခု၏ အဖိုးတန် ပုလဲလုံးလေး ဖြစ်နေသည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now