[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[43]
ကုတင်ပေါ်ကအခန်းရိုက်လို့ပြီးသွားတာနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကသန့်ရှင်းရေးလုပ်နေစဉ် အိပ်ရာပေါ်ကအစွန်းအထင်းတွေကိုတွေ့လိုက်တယ်။ ချက်ချင်းပဲသူတို့ရဲ့မျက်နှာအမူအရာတွေက ဖြစ်ပျက်သွားတာတွေကိုနားလည်သွားကြတဲ့ပုံအဖြစ် ပြောင်းသွားတယ်။
ဒါပေမဲ့ ဘယ်သူ့ဆီကမှစကားတစ်လုံးတောင်မထွက်လာဘူး။ Revealing movieတစ်ခုဖြစ်တဲ့အလျောက် သရုပ်ဆောင်တော်တော်များများဟာ အခွင့်အရေးယူအမြတ်ထုတ်ခံခဲ့ကြရတာပဲ။ ဒါပေမဲ့ သူတို့ရဲ့အလုပ်ကိုလက်ခံလိုက်ပြီဆိုတည်းက သူတို့စိတ်ထဲမထားခဲ့ကြဘူး။
[T/N:revealing movieက18+sceneတွေပါတဲ့ဇာတ်ကားမျိုးပေါ့ ဖော်ရချွတ်ရတာတွေပါတာမျိုးလေ အမလေး မျက်နှာပူလိုက်တာ]
ဝမ်ချောင်ကတကယ်ကိုသရုပ်မဆောင်ချင်ဘူး။ ဒါပေမဲ့စာချုပ်ကိုချိုးဖောက်ထားတဲ့အတွက် လျော်ကြေးပေးဖို့သူမမှာပိုက်ဆံမရှိဘူး။ အဲဒါကြောင့်သူမကိုယ်သူမတွန်းအားပေးပြီး လုပ်နေရခြင်းဖြစ်တယ်။
ပြီးရင်နောက်ထပ် ကိုယ်လက်နှီးနှောတဲ့အခန်းရှိသေးတယ်။ ဒီတစ်ကြိမ်မှာတော့ အဲ့ဒီအခန်းကိုbathtubထဲမယ်ရိုက်ရမှာဖြစ်တယ်။
Bathtubထဲမှာနွားနို့နဲ့ပန်းပွင့်ချပ်တွေဖြည့်ထားတယ်။ အထဲမှာဖြစ်နေတာတွေကိုကင်မရာက လှုပ်ရှားမှုတချို့ကိုလိုက်မရိုက်နိုင်တာမျိုးဖြစ်နိုင်ပေမယ့် အနေအထားတော်တော်များများကတော့ အိပ်ရာထဲကနဲ့ယှဉ်ရင်အသုံးဝင်တယ်။
ရိုက်ရမဲ့အခန်းပြီးသွားတာနဲ့ ဝမ်ချောင်ကရိုက်ကွင်းကနေချက်ချင်းပဲထွက်လာလိုက်တယ်။
သူမကဦးတည်ရာမဲ့စွာနဲ့လျှောက်သွားနေတယ်။ ပျားပန်းခတ်သွားလာနေတဲ့လမ်းမကြီးက သူမကိုစိတ်သက်သာရာရစေတယ်။
သူမထင်ခဲ့တာ ဘုရားသခင်ကသူမရဲ့ကလဲ့စားအတွက် နောက်တစ်ဖန်အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့တယ်လို့ပေါ့။ အရာအားလုံးဒီလိုဖြစ်လာခဲ့မယ်လို့ သူမတစ်ခါမှမတွေးထားခဲ့ဘူး။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣