Unicode
ဒေဝါလီခံရတော့မယ့် စီအီးအို (၂၅)
ယဲ့ကျန်းသည် သူမနှင့်တူညီသောကမ္ဘာမှ ရောက်လာသည်ဟု ရှီရှန်းထင်ခဲ့သော်လည်း ယဲ့ကျန်းနှင့် ဆက်သွယ်ကြည့်ပြီးသည့်နောက် ယဲ့ကျန်းသည် သူမနှင့် တူညီသောကမ္ဘာမှ လုံးဝမဟုတ်ကြောင်း သူမသိလိုက်ရသည်။
ဒါဆိုယဲ့ကျန်းက ဇာတ်လမ်းထဲမှာ ရှိနေသေးလား??
System ရှင်းပြဦး!
[...... ] ရှင်းပြနေတယ်လို့ကို တကယ်မခံစားရဘူး. . .[ ခန္ဓာကိုယ် ကူးပြောင်းသူတွေရဲ့စည်းကမ်းတစ်ချို့ကို Host သိသင့်တယ်၊ ယဲ့ကျန်းက လျှိုရှန့်ကောရဲ့အဆုံးသတ်ကို ပြောင်းလဲပစ်ဖို့ ကူးပြောင်းရတဲ့သူပဲ ]
ဆိုလိုတာက ငါအခုတွေ့နေရတဲ့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က ယဲ့ကျန်းပေါ့??ဟုတ်တယ်မှတ်လား??
[ ဒီလိုပြောလို့လည်း ရပါတယ်]
အိုး .....
ဒါဆို မုပိုင်ကယဲ့ကျန်းရဲ့ ချစ်သူလား??
[……] Host စဉ်းစားတာကလည်း အဆန်းကြီးပါလား. . .
ဒီလိုနှောင့်နှေးကြန့်ကြာပြီး ရှုပ်ထွေးလွန်းတဲ့ ဇာတ်လမ်းတွေက အဲ့လိုပဲမဟုတ်ဘူးလား
ဒါဆို ငါ ယဲ့ကျန်းကို သတ်သင့်တာပေါ့. . .
[...... ] ဒါက နှောင့်နှေးကျန့်ကြာပြီး ရုန်းကန်နေရတဲ့ ဝတ္ထုအမျိုးအစား
လို့ ဘယ်သူပြောလို့လဲ?? ကံအကောင်းဆုံးလူက ယဲ့ဖုန်းလေ. . .ကျေးဇူးပြုပြီး အပြစ်မဲ့သူတွေကိုတော့ မသတ်မိပါစေနဲ့။
ထူးဆန်းတယ်. . . ဒီအကြောင်းအရာတွေက နည်းနည်းတော့ လွဲနေပုံပေါ်တယ်. . .
........
ယဲ့ကျန်းသည် လျှိုရှန့်ကောအား မနာလိုဝန်တို ဖြစ်နေခြင်းမရှိကြောင်းကို သိမြင်လိုက်ရသောအခါ ဤအပြစ်မဲ့သူလေးကို မသတ်ချင်တော့လောက်သည်အထိ ရှီရှန်းရက်ရောပေးခဲ့သည်။
[...... ] သေဖို့ကြောက်နေတဲ့ ယဲ့ကျန်းက Host ကို တောင်းပန်ခဲ့ပြီး Host က သူ့ကိုလွှတ်ပေးဖို့ စိတ်ကောင်းရှိနေတယ်ဆိုတာ ဒီလောက်သိသာနေတဲ့ဟာကို!
ယဲ့ကျန်း : "...... " စကားပြောချင်စိတ် သိပ်မရှိတော့ဘူး။
သူ့အတွက် အဆင့်အတန်းမြင့်တစ်ခု ရဖို့ဆိုတာ မလွယ်ကူပေ။ အခုတော့ သူတောင် မအောင်မြင်သေးခင် သူသည် ပါးလွှာသည့် မှိုအပြာရောင်လေးလို ကြေမွသွားတော့မည်ဖြစ်သည်။
"ဒါဆို ' နတ်သမီးနှလုံးသား ' က ယဲ့ဖုန်းဆီမှာဆိုတာကို မင်းဘယ်လိုလုပ်သိလဲ?? " ယဲ့ကျန်းသည် ပြောစရာကိစ္စတစ်ခုကို သတိရသွားသည်။
ရှီရှန်းက သူ့ကိုနက်နက်ရှိုင်းရှိုင်း ပြန်ပြုံးပြလိုက်ကာ " ဒါဆို အဲ့ဒါကို ကျွန်မပြောတာလို့ ရှင်ကဘယ်လိုလုပ် သိတာလဲ??"
"...... အာ!" ယဲ့ကျန်း၏ မျက်လုံးများ ပြူးသွားပြီး " မင်းကကိုယ့်ရဲ့ အဓိကပစ်မှတ်ဆိုတော့ သေချာသလောက်ကို ကိုယ်က မင်းကိုအချိန်တိုင်း ဂရုပြုနေရတာ "
စားပွဲတစ်ဖက်မှ အမျိုးသမီးသည် ကြောက်စရာကောင်းသော အပြုံးမျိုးရှိနေသည်။
အသေကောင်ကို ခွဲခြမ်းပစ်ရန် အဆင်သင့်ဖြစ်နေသည့် စိတ္တဇလူသတ်သမားလိုပင်။
ယဲ့ကျန်း၏စိတ်ထဲတွင် ရှီရှန်းကို တာဝန်ထမ်းဆောင်သူတစ်ဦးအနေဖြင့် သတ်မှတ်ထားခဲ့သော်လည်း ဤတာဝန်ထမ်းဆောင်သူသည် သိသိသာသာကို လူသစ်တစ်ယောက် မဟုတ်သည်ကိုလည်း သူ သိထားပေသည်။
သူ့လို ရာထူးငယ်သေးတဲ့လူမျိုးက ဆရာကြီးရဲ့ပေါင်ကို ဖက်ချင်နေခဲ့တာ!
"ကျွန်မက ရိုးရိုးလေးပဲ ပြောခဲ့တာပါ " ရှီရှန်းက ဖြည်းဖြည်းချင်း ဖြေလိုက်၏။
"ဒီတိုင်းမစဥ်းစားဘဲ ပြောလိုက်တာတောင် မင်း မှန်နေတယ်ပေါ့"
ယဲ့ကျန်း အံ့သြသွားတော့သည်။ သူမသည် တကယ်ကို အတွေ့အကြုံရင့်ကျက်လေသည်။
ရှီရှန်းက လေးနက်စွာ ပြန်ပြောခဲ့သည်။ " ကျွန်မမှာ ဒီလိုဆရာကျတဲ့ စွမ်းရည်တွေ ရှိကောင်းရှိနိုင်တယ်လေ"
ဘာလို့ ဇာတ်ကြောင်းနဲ့ပတ်သက်ပြီး ခန့်မှန်းနေရမှာလဲ??
ယဲ့ဖုန်းနောက်မှ လိုက်ဝင်လာသော အမျိုးသမီးသည် အလွန်ပြေပြစ်ပြီး တရားမျှတပုံ ပေါက်သော်လည်း သူမ၏မျက်လုံးများသည် အလွန်သတိကြီးနေသည်။ ကွင်းထဲသို့ သူမ၀င်ရောက်လာသောအခါ သူမသည် နေရာတစ်ခုကိုလုံးကို လျင်မြန်စွာခြုံကြည့်လိုက်ပြီး အရပ်ဝတ်ရဲများ၏ တည်နေရာများကို စောင့်ကြည့်ပြီး အကြိမ်ကြိမ်လေ့လာနေခဲ့သည်။
ရှီရှန်းသာ မပြောပါက သူမသည် လွှမ်းမိုးခံရသူဟုတောင် ပြော၍မရပေ။
ဇာတ်ကြောင်း၌ ယဲ့ဖုန်းတွင် လူသတ်သမား အမျိုးသမီးတစ်ဦးရှိခဲ့သော်လည်း ဤလူသတ်သမားသည်တော့ သူခိုးတစ်ယောက်လည်း ဖြစ်နေသည်။
ယနေ့ သူတို့ပုံစံကိုကြည့်ပါက ယဲ့ဖုန်းနှင့် လူသတ်သမားတို့သည် မကြာသေးမီကမှ တွေ့ခဲ့ကြပုံပေါ်သည်။
ပုံမှန် ဇာတ်ကြောင်းတိုးတက်မှုအရ ယဲ့ဖုန်းသည် ' နတ်သမီးနှလုံးသား ' နှင့်အတူ လုံခြုံစွာထွက်ခွာပြီးနောက်မှ ၎င်းအား သူ၏ကိုယ်ပိုင်ဥစ္စာအဖြစ် မှန်မှန်ကန်ကန် ပြုလုပ်ခဲ့ခြင်းဖြစ်သင့်သည်။
လူသတ်သမားကလည်း ထိုပစ္စည်းကိုရှာပြီး တစ်နည်းနည်းဖြင့် ...... လူသတ်သမားသည် ချက်ချင်းစိတ်ပြောင်းသွားပြီး ယဲ့ဖုန်း၏ အမျိုးသမီးတစ်ယောက် ဖြစ်သွားတော့သည်။
ဒါပေမယ့် အခု ယဲ့ဖုန်းကို ဖမ်းမိသွားပြီဆိုတော့.....
ဒီလူသတ်သမားမိန်းကလေးက ယဲ့ဖုန်းကို မခွာချပစ်ဘူးလား??
စဉ်းစားကြည့်ရင်တော့ တော်တော့်ကို စိတ်လှုပ်ရှားစရာ ကောင်းနေတုန်းပဲ. . .
ရှီရှန်း၏ ဟန်ပန်အမူအရာများကိုကြည့်ပြီး ယဲ့ကျန်းကဲ့သို့ ငတုံးတစ်ယောက်ပင် သူမကိုယ်သူမ လိမ်ညာနေသည်ကို သိလိမ့်မည်ဖြစ်သည်။
သူမ တောင်ပေါ်မှဆင်းရန် ထသွားသောအခါ ယဲ့ကျန်းသည် သူမနောက်သို့ အမြန်လိုက်သွားခဲ့သည်။
" မင်းက ဘယ်အဆင့်အတန်းကလဲ "
" မင်းနာမည် ဘယ်လိုခေါ်လဲ?? မစ်ရှင်မစခင် မင်းဘာလုပ်နေလဲဆိုတာ မှတ်မိရဲ့လား?? "
ယဲ့ကျန်း၏ မေးခွန်းများသည် သူ့ကို ဒေါသထွက်လာစေသည်။
ယဲ့ကျန်း : ငါ့ဇာတိမြို့ကလူကို တွေ့ရတော့မှာမို့လို့ ငါအရမ်းစိတ်လှုပ်ရှားသွားတာပါ. . .
" ဂရုစိုက်ဦး လျှိုရှန့်ကော. . . မုပိုင်မှာ ပြဿနာတစ်ခုခု ရှိနေတယ်ထင်တယ်. . ." ယဲ့ကျန်းသည် စကားတစ်ခွန်း ရုတ်တရက်ထွက်လာသည်။
ယဲ့ကျန်းသည် မူလက ထိုစာကြောင်းကို ဆက်ပြောရန် ရည်ရွယ်ခဲ့သော်လည်း ရှီရှန်းက မမျှော်လင့်ထားဘဲ စကားဆက်ပြောဆိုခဲ့သည်။
"ပြဿနာက ဘာလဲ?" ထိုငညစ်ကောင်ကလည်း ပြဿနာ တစ်ခုခု ရှိနေတာတော့သေချာသည်။
" ကိုယ်လည်း မသိဘူး၊ ဒါပေမယ့် သူက တော်တော်ထူးဆန်းတယ် " မုပိုင်မှာသူ့ကိုမြင်လျှင် မနှစ်သက်သည့်ပုံစံဖြစ်နေသည်။
ယေဘုယျအားဖြင့် သူ့ကို သဘောမကျသည့် လူများသည် လူကောင်းများမဟုတ်သည်မှာ သေချာလေ၏။
"သူက ရှင့်ရဲ့ချစ်သူ မဟုတ်ဘူးလားဟင်?"
ချစ် ...... ချစ်သူ!
"မင်းဘာတွေ ပြောနေတာလဲ?? ကိုယ်က အရမ်းဖြောင့်တယ်၊ ဖြောင့်တာမှ ဖြောင့်ဖြောင့်နေတာပဲ!! " ယဲ့ကျန်းပေါက်ကွဲသွားတော့သည်။
"များသောအားဖြင့် သူတို့ကဖြောင့်တယ်ဆိုပြီး ပြောနေတဲ့သူတွေက သူတို့ကိုယ်သူတို့ ကွေးနေတာကို မကြာခင်မှာပဲ တွေ့သွားကြတယ်တဲ့ " ရှီရှန်း၏ မျက်လုံးများသည် ယဲ့ကျန်း၏ အောက်ဘက်တစ်ခြမ်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့်ကြည့်လိုက်ပြီး " ရှင်မတရားဘူးလို့ ခံစားရရင် အဲ့ဒီ့ငညစ်ကောင်နဲ့ စမ်းကြည့်လို့ရတယ်. . . ဘယ်သူက သိမှာမို့လို့လဲ?? "
# နှောင့်နှေးကျန့်ကြာနေတဲ့ အလှလေးဝတ္ထုကို ဦးတည်သွားပြီ #
" လျှိုရှန့်ကော! ကိုယ်ဒေါသထွက်လာတော့မယ်" မင်းက အကုန်သိနေရင်တောင် ဒီလိုဟာကိုအဓိပ္ပါယ်မဲ့ လျှောက်ပြောလို့မရဘူး! သူက တစ်ကယ်ကို ဖြောင့်ဖြောင့်တန်းတန်းပါပဲ။
" ရှင်ကောင်းကင်ထိ တက်သွားရင်တောင် ကျွန်မရှင့်ကို ပြန်ဆွဲချပေးလို့ရတယ် "
ယဲ့ကျန်း : "...... " ဒီအလုပ်ကို ပြီးအောင်မလုပ်နိုင်တော့ဘူး!
ရှီရှန်းသည် တောင်ပေါ်မှဆင်းပြီး ကားဆီသို့သွားတော့သည်။
အဖြစ်အပျက်များလည်း ဆက်တိုက်ဖြစ်ပေါ်နေလေသည်။
"အယ် လျှိုရှန့်ကော. . . ကိုယ့်ကိုကားထဲ ဝင်ခွင့်ပြုပါဦး " ယဲ့ကျန်း ကားတံခါးကို ဆွဲကြည့်သော်လည်း ဖွင့်၍မရကြောင်း တွေ့ရှိခဲ့ရသည်။
သူမသည် ပြတင်းတံခါးကို လျှောချလာပြီး လက်ကိုဝှေ့ယမ်းပြကာ " ရှင်ကိုယ့်ပါ့ကိုယ် လမ်းလျှောက်ပြီး ပြန်လာခဲ့တော့လေ "
" ဒါကြီးက တောင်ရဲ့အလယ်မှာလေ. . . ပြီးတော့ မကြာခင် အမှောင်ကျတော့မှာ. . . မင်းမှာ ကိုယ့်အတွက် လုပ်ဖော်ကိုင်ဖက် အချစ်လေးတောင်မရှိဘူးလား?? " ယဲ့ကျန်း ကားတံခါးကို ကြိုးစားဖွင့်နေလေသည်။
လုပ်ဖော်ကိုင်ဖက် အချစ်တဲ့လား?? လုပ်ဖော်ကိုင်ဖက်တွေကို ချစ်မြတ်နိုးတာက တစ်ကယ်သောက်ကျိုးနည်း ထူးဆန်းတဲ့ အချက်အလက်တွေပဲ။
" နိုး !ဘိုင့်ဘိုင်!!" ရှီရှန်းသည် ကားဂတ်စ်ပိုက်ကြောကို နင်းလိုက်ပြီး ကားကိုစမောင်းလိုက်ကာ ယဲ့ကျန်း၏မျက်နှာကို အိတ်စ်ဇောဓာတ်ငွေ့များ မှန်သွားအောင် လုပ်လိုက်သည်။
စိတ်ပျက်စရာ ကောင်းလိုက်တာကွာ!
ဒါပေမယ့် ဒီအဖေကြီးက သူ့ကိုရိုက်လို့ကိုမရဘူး!
........
အရူးတစ်ကောင်ကို ပြုစုပေးပြီးပြီ! ဒါပေမယ့် သူမကိုစောင့်ဆိုင်းနေတဲ့ ငညစ်တစ်ကောင် ရှိနေသေးတယ်!
မုပိုင် ......
ရှီရှန်းသည် ဆုံးဖြတ်ချက်ကို အစောတလျင်မချချင်ပေ။
ဒါက အနည်းငယ် ပြဿနာရှိနေလေ၏။
သူသည် လွှမ်းမိုးခြင်းမခံရသော အမျိုးသားတစ်ဦးဖြစ်ပြီး မူလအစက ရုပ်ရည်သွင်ပြင်ဇာတ်ကြောင်းကို ရာဇ၀တ်မှုဇာတ်ကြောင်းသို့ ပြောင်းသွားကာ ယခုတော့ ရုန်းကန်ရသည့် ဇာတ်ကြောင်းသို့ ပြောင်းသွားလေသည်။
ဤဇာတ်ကြောင်းက မကြာခင်တွင် ရိုက်ချခံတော့မည်ဖြစ်သည်။
ရှီရှန်းသည် ထိုသူ့ထံမှ မည်သည့်သတင်းအချက်အလက်ကိုမဆို ရယူရန် အင်အားသုံးခြိမ်းခြောက်ပြီး မုပိုင်ကို ပြန်ပေးဆွဲနိုင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေနေခဲ့သည်။
အကယ်၍ အဲ့ဒါမှမအောင်မြင်ရင်လည်း ငါလေးသူ့ကို ရှင်းထုတ်ပစ်လိုက်မယ်လေ. . .
နောက်ဆုံးတော့လည်း သူက အန္တရာယ်ရှိတဲ့ လူတစ်ယောက်ပဲဟာ. . . ငါက မျှမျှတတ လုပ်ပေးနေတာပါနော်. . .
တစ်ယောက်ယောက်က ငါလေးကို တွက်ချက်ချင်နေတယ်ဆိုတဲ့ ခံစားချက်တစ်ခု အမြဲရှိနေမိတယ်. . .
ရှီရှန်းသည် မုပိုင်ကို ပြန်ပေးဆွဲခြင်းမပြုမီ မုပိုင်အားသူမ၏တံခါးဝ၌ အလိုအလျောက် တွေ့လိုက်ရသည်။
သူမပြန်ရောက်သောအခါ မုပိုင်သည် တံခါးအပြင်ဘက်တွင် ရှိနေခဲ့သည်။ ဟန်ရှောင်က ထိုသူနှင့်အတူ စကားပြောနေခဲ့ပြီး အတွင်းဘက်မှ တံခါးကိုဖွင့်မပေးထားခြင်းဖြစ်သည်။
ကောင်းတယ်. . . သိပ်ကိုကောင်းတယ်. . .
ရှီရှန်းကားကို အရှိန်တင်မောင်းလိုက်သည်။
မုပိုင် ထိုအသံကို ကြားလိုက်ရသောအခါ သူ့ခန္ဓာကိုယ်၏ အန္တရာယ်ကိုသတိရှိခြင်းသည် ဦးနှောက်ထက်ပို၍ မြန်သွားသည်။ သူ၏ခန္ဓာကိုယ်ကို ကား၏လမ်းကြောတစ်လျှောက်မှ အမြန်ထွက်လိုက်ရပြီး ကားသည်လည်း သူ၏အင်္ကျီစကို ပွတ်ဆွဲသွားတော့သည်။
ကံကောင်းစွာနဲ့ပဲ ရှီရှန်းခေါင်းကို ခါလိုက်မိသည်။ ဒီငညစ်ကောင်ရဲ့ တုံ့ပြန်မှုက အရမ်းမြန်လွန်းတယ်!
နောက်ထပ်တစ်ကြိမ်ဆိုရင်ကော ဘယ်လိုလဲ??
ရှီရှန်းတစ်ယောက် ကားကိုနောက်ပြန်လှည့်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်တွင် မုပိုင်က အော်ပြောလာ၏။ " မစ္စလျှို. . . မင်းငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား??"
ဤအဖြစ်အပျက် ဖြစ်ပျက်ခဲ့သည့်တိုင်အောင် မုပိုင်သည် ဘာမှမဖြစ်ခဲ့သလို မထုံတက်သေးအမူအယာဖြင့် တည်ငြိမ်နေဆဲ ဖြစ်သည်။
သို့သော်တံခါးအတွင်းဘက်မှ ဖြူဖျော့နေသော မိန်းကလေးနှင့် ဆန့်ကျင်ဘက် ရှီရှန်းသည်တော့ မုပိုင်ကို သူမ၏ကားနှင့် တိုက်ပစ်ရန်ရည်ရွယ်ထားသည်မှာ သိသာထင်ရှားနေလေသည်။
"ဟုတ်တယ် အမှန်ပဲ. . . အဲ့ဒါကြောင့် ငြိမ်ငြိမ်လေး ရပ်နေပေး " ရှီရှန်း၏လေသံသည် မြန်ဆန်နေလေသည်။
မုပိုင် : "...... " သူမငါ့ကိုကားနဲ့တိုက်ဖို့ကို ငါကရပ်နေပေးရမှာလား??
" စီအီးအိုလျှို. . . ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး။ လူသတ်တာက ဥပဒေနဲ့ ဆန့်ကျင်နေပါတယ် " ဟန်ရှောင်သည် သံတံခါးကိုဖွင့်ကာ ပြေးလာ၍ ရှီရှန်း၏ကားပြတင်းပေါက်ကို ခေါက်ကာ ပြောဆိုနေလေသည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣