Arc 16.36

2K 252 17
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[36]

ရှီရှန်းဒေါက်တာဝေကိုသွားတွေ့ခဲ့တယ်။ 

ဒါပေမဲ့ဒေါက်တာဝေကကုချီကိုအကြိမ်အနည်းငယ်ပဲ တွေ့ဖူးတဲ့အလျောက်ဘာအချက်အလက်မှသိပ်မရလိုက်ဘူး။ 

ဖြစ်နိုင်တာကုချီက ဒေါက်တာဝေမြင်ဖူးတဲ့လူနာတွေထဲမှာ အထူးဆန်းဆုံးဖြစ်နေလို့ဖြစ်မယ်။ 

နေ့ဘက်တွေတော့သူလွယ်လွယ်နဲ့အိပ်ပျော်သွားနိုင်ပေမယ့် ညဘက်မှာတော့မဟုတ်ခဲ့ဘူး။ 

ဒေါက်တာဝေကကုချီကိုအိပ်မွေ့ချကုထုံးနဲ့ကုသရန် ညဘက်လာတွေ့ဖို့ ပြောခဲ့ဖူးပေမယ့် ကုချီအပေါ်မှာတော့အသုံးဝင်မဲ့ပုံမပေါ်ဘူး။ 

ဒေါက်တာဝေကကုချီကို စက်တစ်ခုအဖြစ်ပုံဖော်ကြည့်မိတယ်။ သူ့မှာလူတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ ခံစားချက်တစိုးတစိလေးတောင်မရှိဘူး။ 

ရှီရှန်းဆေးခန်းကနေထွက်လာပြီး ကုချနကိုသွားပြန်ခေါ်ဖို့ ကုမိသားစုအိမ်တော်ဆီပြန်သွားတယ်။ 

……

စုမိသားစုဗီလာ

စုမုယွမ်ကသူ့လက်ထဲကစာရွက်စာတမ်းတွေကို လှန်လှောကြည့်နေတယ်။ 

Suitဝတ်စုံပြည့်နဲ့သားရေဖိနပ်ဝတ်ထားတဲ့ ယောက်ျားနှစ်ယောက်က သူ့ဆန့်ကျင်ဖက်ကဆိုဖာမှာထိုင်နေတယ်။ သူတို့ရဲ့မျက်နှာပေါ်ကကြောက်ရွံ့မှုနဲ့အတူ နေမထိထိုင်မသာဖြစ်နေကြတယ်။ 

*Snap*

သူတို့နှစ်ယောက်လုံးတစ်ချိန်တည်းမှာပဲ ရှော့ခ်ရသွားပြီး သူတို့ခေါင်းကိုငုံ့လိုက်ကြတယ်။ 

စုမုယွမ်ရဲ့မျက်နှာထားကမည်းမှောင်နေတယ်။ "ဒါတွေကမင်းတို့လုပ်ထားတာတွေပေါ့?"

"ဥက္ကဌစု..." သူတို့ထဲကတစ်ယောက်က ကြောက်ကြောက်ရွံ့ရွံ့နဲ့ ရှင်းပြဖို့ကြိုးစားတယ်။ "ရှယ်ယာရှင်တွေရဲ့လက်ထဲမှာ ရှယ်ယာတွေအများကြီးရှိတာမဟုတ်ဘူးဆိုတော့ ရုံးချုပ်ကိုနာမည်ပေါက်(ပိုင်ရှင်)အပြောင်းအလဲနဲ့ပက်သက်လို့ သတင်းပို့စရာမလိုဘူး..."

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now