[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[12]
ရှီရှန်း လင်းဇီနန်နဲ့ ဖုန်းနံပါတ်အပြန်အလှန်လှဲလှယ်ခဲ့လိုက်တယ်။ထို့နောက်သူမကုချီစားပွဲပေါ်မှာပစ်ပေးထားတဲ့ သော့တွေကိုယူကာ ထွက်သွားလိုက်တယ်။
"ကားနံပါတ်573,အန္တရာယ်ကင်းတဲ့ခရီးလေး ဖြစ်ပါစေနော် နတ်ဘုရားမရေ,အားရင်အားသလို ဒီဘက်လှည့်လာလို့ရတယ်"လင်းဇီနန်သူမကို တံခါးဆီသို့ လိုက်ပို့ပေးလိုက်တယ်။
သူမထိုင်နေတဲ့ကုချီကို အကြည့်တစ်ချက်ပေးပြီး ခေါင်းငြိမ့်ကာထွက်သွားလိုက်တယ်။
"အား ကျွန်တော့်ရဲ့နတ်ဘုရားမလေးရေ၊ငါတော့ကောင်းချီးပေးခံနေရတာပဲ,ငါတကယ်ပဲ နတ်ဘုရားမနဲ့နီးနီးကပ်ကပ် ဆက်သွယ်လို့ရပြီပဲ၊ဟူး သေစမ်း, သူမနဲ့ဓာတ်ပုံရိုက်ဖို့မေ့သွားပြီ"လင်းဇီနန်ရဲ့မျက်နှာမှာ 'စိုးရိမ်မှုတွေ'ရေးထိုးထားတယ်။
'နောက်တစ်ကြိမ်,နောက်တစ်ကြိမ်ကျရင် ငါနတ်ဘုရားမနဲ့ဓာတ်ပုံရိုက်ကိုရိုက်ရမယ်'
လင်းဇီနန်အခန်းထဲပြန်လှည့်ကြည့်တော့ ထိုင်ခုံမှာထိုင်နေတဲ့ကုချီက ထွက်သွားလိုက်မှန်း သူနားလည်လိုက်တယ်။
လင်းဇီနန်လျှောက်ပတ်ရှာကြည့်တော့ ကုချီကိုအိပ်ခန်းထဲက ရေချိုးခန်းထဲမှာ သူ့ကိုကျောခိုင်းလျက်သား တွေ့လိုက်ရတယ်။
"ဘော့စ်"လင်းဇီနန်သူ့ကိုခေါ်ကြည့်လိုက်တယ်။
ကုချီကမျက်လွှာချထားကာ ခဏလောက်ကြာမှသူ့ကို တိုတောင်းတဲ့အသံနဲ့ပြန်ဖြေလိုက်တယ်။"အင်း"
"ဘော့စ်ဆေးရုံသွားချင်လား?"လင်းဇီနန်ကသူ့ရဲ့ရူးကြောင်ကြောင်ပုံစံကိုပျောက်သွားပြီဖြစ်ကာ ကုချီရဲ့နောက်ကျောကို စိုးရိမ်မှုအနည်းငယ်နဲ့ကြည့်နေတယ်။
ကုချီကလည်းတစ်ခါဖြေဖို့အရေး အချိန်အကြာကြီးယူနေရသည်။"ဟင့်အင်း"
"ဒါဆိုကျွန်တော်ဘော့စ်စားဖို့ တစ်ခုခုသွားလုပ်ပေးမယ်,ဘော့စ် ခဏလောက်နားလိုက်,သူတို့ဒီညပြိုင်ပွဲတစ်ခုလုပ်မယ် ဘော့စ်,အရာအားလုံးအဆင်ပြေနေကြောင်း မျက်နှာသွားပြလိုက်ဦးနော်"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣