Unicode
ရှီရှန်းတစ်ယောက် Space ထဲပြန်ရောက်ပြီးနောက် ထူးထူးခြားခြား တစ်နေရာတည်းမှာပဲ အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေခဲ့တာကြောင့် System လည်း သံသယဝင်လာခဲ့တော့တယ်..
‘Host ဘာလုပ်နေပါလိမ့်?’
“System ထဲကပိုနေတဲ့ချန်နယ်တွေ အကုန်ပိတ်ပစ်လိုက်”
[ဖန်တီးသူ?] ဖန်တီးသူက ဘာလို့ဒီအချိန်ကြီးပေါ်လာရတာလဲ???
System ဖန်တီးသူရဲ့အသံက ပိုကျယ်လာခဲ့၏။
“မြန်မြန်လုပ် !”
System က ချက်ချင်းပဲ အမိန့်ကိုလိုက်နာပြီး ပိုနေတဲ့ချန်နယ်တွေမှန်သမျှကို ပိတ်ချလိုက်တယ်..
[ဖန်တီးသူ?]
သိုသော်ငြား တစ်စုံတစ်ယောက်ကမှ ပြန်မဖြေလာခဲ့ဘူး။
‘ချန်နယ်တွေကိုပိတ်ပြီးတာနဲ့ ဖန်တီးသူက သူ့ကို အဖက်မလုပ်တော့ဘူးပဲ..’
System လေးခမျာ ခြောက်လန့်ခံလိုက်ရသလို ခံစားလိုက်ရရှာတယ်..
“ခုနက host ဘာလုပ်နေခဲ့တာလဲ?”ရှီရှန်းက Screen ကို သနားသလိုကြည့်ကာ ဆိုလိုက်တယ်
“နင့်နောက်မှာရှိတဲ့လူက အတော်လေးဉာဏ်ကောင်းသားပဲ..”
“ချီးမွမ်းတာအတွက် ကျေးဇူးတင်ပါတယ်နော်.. ကျွန်တော်တို့ဖန်တီးသူက ကျိန်းသေပေါက်ဉာဏ်ကောင်းတာပေါ့..”
System လေးခမျာ အနည်းငယ်ခက်ခဲသလို ခံစားလိုက်ရတယ်။ ဖန်တီးသူမရှိတော့ပေမယ့် သူကတော့ ဒီလိုမျိုးခြိမ်းခြောက်ခံနေရတုန်းပဲ..
“ကောင်းပြီ…အချက်အလက်တွေ အရင်ကြည့်ကြရအောင်…”
အမည် : ရှီရှန်း
ကိုယ်ကျင့်တရားရမှတ် : -2,000,000 ( အနိမ့်ဆုံးအမှတ်ကို ချိုးဖျက်သွားပါပြီ၊ လက်ဆောင်အကြီးကြီးတစ်ခု ရရှိမှာဖြစ်သည့်အတွက် ဂုဏ်ယူပါတယ်…)
အသက်အမှတ် : 25
အကူအညီရမှတ် : 31,000
မစ်ရှင်အဆင့် : B
မစ်ရှင်ရမှတ် : 78
အပိုမစ်ရှင် : မအောင်မြင်ပါ
အပိုမစ်ရှင် ဆုလာဘ် : မရှိ
ပစ္စည်းစာရင်း : ဘုရင်မသရဖူ၊ တစ္ဆေုဘုရင်၏နှလုံးသား၊ မဟူရာညနက်
“လက်ဆောင်အကြီးကြီး ??? နင်ဘာကို ဆိုလိုတာလဲ” ငါက အနိမ့်ဆုံးအမှတ်ကို ချိုးဖျက်သွားခဲ့တာတောင် လက်ဆောင်ကြီးကြီး ရနိုင်သေးတာလား..?
နင်ငါ့ကို အသတ်ခံရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား..?
System.. နင်က လူလိမ်ပဲ!
နေပါဦး…ဒီတစ်ခေါက် ငါဘာမှမလုပ်ခဲ့ဘူးလေ။ ငါ့ကိုယ်ကျင့်တရားရမှတ်က ဘာလို့ အဲ့လောက်တောင် အနှုတ်ခံလိုက်ရပြန်တာလဲ..?
“Host ကြောင့် အတွဲတွေဘယ်လောက်တောင် ပြတ်ဆဲခဲ့ရလဲဆိုတာ မသိဘူးလား ?”
သူမက ကောင်မလေးတွေကို တချိန်လုံး ကလူမြူဆွယ်နေခဲ့ပြီးတော့…
“အဲ့တာ ငါ့အမှားလား?”
“Host က လူမြင်ကွင်းမှာတောင် ပွတ်သီးပွတ်သပ် လုပ်နေခဲ့တာကိုး..”
‘ကောင်းရော..ငါ့အမှား ဖြစ်သွားရပြန်ပြီ…’
ထိုအခိုက်အတန့် Screen ပေါ်၌ ရောင်စုံအလင်းတန်းများနှင့်အတူ လက်ဆောင်ပုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ရှီးရှန်က Screen ကို တစ်ချက်နှိပ်လိုက်တော့ လက်ဆောင်ပုံးက သူ့အလိုလိုပွင့်သွားခဲ့တယ်။
အဲ့နောက်မှာတော့ Screen ပေါ်၌ စာတန်းနှစ်ခု ပေါ်လာတော့သည်…
-ကံကောင်းခြင်းအမှတ် 30% လျော့ကျသွားပါသည်..
-ဇာတ်ကြောင်း၏ 50% ဆိုင်းငံခံထားရပါသည်…
"ဘယ်လိုသောက်ရေးမပါတာကြီးလဲ? System, နင်ငါ့ကို လာပြီးမရှင်းပြချင်ဘူးလား..?"
“Host ရဲ့ ကိုယ်ကျင့်တရားရမှတ်ကိုလည်း တချက်ပြန်ကြည့်လိုက်ဦးလေ။ ဒါနဲ့တောင် တကယ့်လက်ဆောင်ကြီး မျှော်လင့်နေတုန်းလား…” System လေးက အေးစက်စက် ပြန်ခနဲ့လိုက်တယ်..
“ဂုဏ်ယူပါတယ်နော်… Battle Mode စတင်တော့မယ်.. ကျေးဇူးပြုပြီး ဒီတစ်ခေါက်တော့ နောက်ထပ်ပြသနာတွေ မရှာပါနဲ့တော့…”
“Host, အနားယူဖို့ အချိန်လိုသေးလား..”
“ဘာကြီး!!!... Battle Mode?”
“Host ရဲ့ကိုယ်ကျင့်တရားရမှတ်က အရမ်းနည်းနေတာကြောင့် ကျွန်တော်လည်း ဘာမှပြောပြလို့မရပါဘူး..”
“ငါ့ရဲ့ဓား ဘယ်မှာလဲ..?”
[ကူးပြောင်းခြင်းစတင်…..]
…………………..
“ဒီမိန်းမ သေတော့မယ်ထင်တယ်..”
“အာရုံစိုက်ကြစမ်း၊ မကောင်းဆိုးဝါးတွေက အရမ်းဉာဏ်များတယ်..”
တူညီဝတ်ရုံရှည်တွေကို ဝတ်ဆင်ထားတဲ့လူရွယ်တွေက မြေကြီးပေါ်မှာမှောက်လျက်လဲလျောင်းနေသည့် ပုံရိပ်လေးတစ်ခုကို ဝန်းရံထားကြလေရဲ့။
မိန်းမပျိုလေးတစ်ယောက်….
သူမရဲ့ဝတ်စုံတစ်ထည်လုံးဟာ သွေးတွေစွန်းထင်နေခဲ့ပြီး မူလအင်္ကျီအရောင်က ဘာအရောင်လဲဆိုတာကိုတောင် မပြောတတ်တော့ဘူး။ သူမရဲ့ပတ်လည်မှာလည်း အလောင်းတွေထပ်နေပြီး အကုန်လုံးက သူမ,သတ်ထားတဲ့လူတွေချည်းပဲ။
ရှီရှန်းတစ်ယောက် သူမရဲ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်ကဆုတ်ဖြဲနေသလိုမျိုး ခံစားလိုက်ရတယ်။ ဘေးပတ်လည်လေထုကလည်း ကျောက်တုံးအကြီးကြီးနဲ့ဖိထားသလိုမျိုး လေးလံလို့နေတယ်။
“မြန်မြန်၊ အခုပဲ လက်စသတ်လိုက်တော့”
သူမရဲ့အရှေ့တည့်တည့်ကနေ အသံတစ်ခုထွက်ပေါ်လာခဲ့ပြီနောက် လူတစ်ချို့ပြေးလွှားလာတာကို မသဲမကွဲတွေ့လိုက်ရတယ်။ သူတို့တွေရဲ့ လူသတ်ချင်တဲ့အကြည့်တွေကိုခံစားမိတာကြောင့် ရှီရှန်းလည်း သူမရဲ့ဓားကို ဆွဲထုတ်လိုက်တယ်။
“ချွမ်!!..”
ဓားတစ်ချောင်းက လူတိုင်းရဲ့လက်နက်တွေကို တားဆီးလိုက်တာကြောင့် မီးပွားတွေလွင့်စင်ထွက်လာခဲ့သလို လက်နက်ချင်းထိခတ်တဲ့အသံတွေ ထွက်လာခဲ့တယ်။
“သူမက ပြန်တိုက်နိုင်တုန်းပဲ၊ ငါတို့ကိုကူညီကြဦး.” တခြားလူတွေကို အကူအညီတောင်းနေကြပြန်တယ်။
ရှီရှန်းလည်း အားစိုက်ထုတ်လိုက်ပြီး သူမရဲ့ဝိညဉ်စွမ်းအားတချို့ကို ဓားဆီကို တွန်းပို့လိုက်တယ်။ ထို့နောက် သူမရဲ့ဓားရှေ့မှာ လာပိတ်နေတဲ့လက်နက်ကို ကျိုးအောင်ခုတ်ပစ်လိုက်ပြီး ရန်သူရဲ့ ပုခုံးနဲ့လက်မောင်းကိုပါ နှစ်ပိုင်းပိုင်းပစ်လိုက်တယ်။
ဒယိမ်းဒယိုင်နဲ့ ထရပ်လိုက်ပြီး ထိုလူမတုံ့ပြန်နိုင်ခင်မှာပဲ ရင်ဘတ်ထဲကို ဓားထိုးသွင်းပစ်လိုက်တယ်။ ထိုအမျိုးသားရဲ့မျက်ဝန်းတွေက မယုံနိုင်သလို ပြူးကျယ်သွားခဲ့ပြီး မြေပြင်ပေါ်ကို လဲကျသွားတော့တယ်။
ဒါပေမဲ့ ရှီရှန်လည်း ဓားကိုအားပြုပြီး မနည်းမတ်တပ်ရပ်နေခဲ့ရတယ်။ တခြားလူတွေကတော့ ကြောက်လန့်ပြီး ဝင်မတိုးရဲကြတော့ဘူး။
‘ဒီကမ္ဘာကြီးမှာ သဘာဝလွန်အငွေ့အသက်တွေအပြည့်ပဲ၊ ဒါက ကျင့်ကြံခြင်းကမ္ဘာ ဒါမှမဟုတ် စိတ်ကူးယဉ်ကမ္ဘာတစ်ခု ဖြစ်လိမ့်မယ်’
ရှီရှန်း သူမအနားဝန်းကျင်ကို တချက်ဝှေ့ကြည့်လိုက်ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ အဖြေရှာတွေ့သွားတယ်။ လက်ရှိ သူမရဲ့ပတ်လည်မှာ လူသုံးယောက်ဝန်းရံနေပြီး သူတို့တွေရဲ့ဝတ်စုံနဲ့ မြေပြင်ပေါ်မှာလဲကျနေတဲ့လူတွေရဲ့ဝတ်စုံက အတူတူပဲ..
သူမရောက်နေသည့်နေရာက တောအုပ်ငယ်လေးတစ်ခုဖြစ်ပြီး ဆောင်းဦးရာသီဖြစ်ပုံရတယ်။ သစ်ရွက်ကြွေတွေ မြေပြင်ပေါ်မှာ ဖုံးလွှမ်းနေပြီး မနှစ်မြို့ဖွယ်ရာအငွေ့အသက်တွေနဲ့ပြည့်နှက်နေတယ်..
သူမရဲ့ခန္ဓာကိုယ်ကလည်း အားကုန်ထုတ်သုံးထားရလို့ထင်ပါရဲ့။ မတ်တပ်မရပ်နိုင်လောက်အောင် အလွန်အမင်း ပင်ပန်းနွမ်းနယ်လို့နေပြီလေ..
“ဒါက System ပြောတဲ့ Battle Mode ဆိုတာလား…”
ငါxိုးပဲ..!
“ညီအစ်ကိုတို့..”
“မကြောက်ကြနဲ့.. ဒီမိန်းမက အခုလေးတင် ဒဏ်ရာရထားတာ.. သူမရဲ့နောက်ဆုံးအခြေအနေရောက်တော့မှာ.. ခနလောက်ပဲ စောင့်ကြည့်ကြရအောင်..”
‘နင့်ဖင်ကြီးပဲ စောင့်နေလိုက် !”
ရှီရှန်းရဲ့ဓားက ရုတ်တရက်ကြီးမားလာခဲ့တယ်။ ရှီရှန်းက ဓားပေါ်မှာတက်ထိုင်လိုက်ပြီး အံ့ဩတကြီးကြည့်နေကြတဲ့ လူတွေရဲ့အကြည့်အောက်မှာ လေထဲကိုပျံတက်သွားတော့တယ်။ ထို့နောက် သူမကိုလိုက်မဖမ်းနိုင်ခင်မှာပဲ ခရမ်းရောင်ဘောလုံးတစ်လုံးက လေထဲကနေ အောက်ကလူတွေဆီကို ပြုတ်ကျလာခဲ့တော့တယ်..
“ဘုန်း…”
တောအုပ်တစ်ခုလုံးက လျှပ်စစ်အလင်းတန်းတွေနဲ့ ပြည့်နှက်သွားခဲ့ပြီး ကျင်းအကြီးကြီးတစ်ခုသာ ကျန်ခဲ့လောက်အောင် ပေါက်ကွဲထွက်ကုန်တော့၏။ မြေပြင်မှာရှိနေခဲ့သည့်အလောင်းများကလည်း ပြာအဖြစ်ကို ကူးပြောင်းသွားတော့သည်။
ရှီရှန်း သံမဏိဓားပေါ်မှာထိုင်နေရင်း သက်ပျင်းချလိုက်မိတယ်။ အခုချိန်မှာ သူမရဲ့လက်ချောင်းလေးတစ်ချောင်းကိုတောင် မလှုပ်ချင်တော့ဘူး..
………………………
ရှီရှန်းတစ်ယောက် ဘယ်လိုမေ့လဲသွားလဲဆိုတာကို မသိတော့ဘူး။ သူမပြန်လည်နိုးလာချိန်မှာ ကောင်းကင်တစ်ခုလုံးက အမည်းရောင်ပြောင်းနေပြီး သူမကတော့ ချိုင့်ဝှမ်းတစ်ခုထဲမှာ လဲလျောင်းနေလေရဲ့။ ရှီရှန်းလည်း လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး သူမရဲ့ပါးပြင်ကို ပွတ်သပ်ကြည့်လိုက်တယ်။
နေပါဦး… ဒီအဖြူရောင်လက်သည်းတွေက ဘာတွေလဲဟ???
ရှီးရှန် သူမရဲ့လက်ကို ငုံ့ကြည့်လိုက်တယ်။ အမွှေးစုတ်ဖွားလေးနဲ့ ပန်းရောင်သမ်းနေတဲ့ လက်ဖဝါးနုနုလေးတွေ၊ အရမ်း ချစ်စရာကောင်းတာပဲ..
ဒါပေမဲ့ ငါ့မှာဘာလို့ ဒီလိုအဖြူရောင်လက်သည်းတွေ ရှိနေရလာလဲ??? ဘာလို့ ဒါတွေက ငါ့လက်ပေါ်မှာရောက်နေတာလဲ”
‘ငါ့ဓားဘယ်မှာလဲ???’
“Buzz…” [TN/တုန်ခါသံ]
သူမရဲ့သံမဏိဓားဆီက တုန်ခါနေသည့်အသံက အနောက်လက်ကနေ ထွက်ပေါ်လာခဲ့တယ်။ အနောက်ကိုလှည့်ကြည့်လိုက်တော့ သူမရဲ့ဓားပေါ်မှာအလင်းပြန်နေသည့် ပုံရိပ်လေးတစ်ခုက အထင်းသား။
ဘာကြီးလဲဟ???
ရှီရှန်း သူမရဲ့လက်ကိုမြှောက်လိုက်တော့ ဓားပေါ်ကပုံရိပ်ကလည်း လက်မြှောက်လာခဲ့တယ်။
သူမရဲ့ခြေထောက်ကို မြှောက်ကြည့်လိုက်တော့ ထိုပုံရိပ်လေးက ခြေထောက်လိုက်မြှောက်လာခဲ့တယ်။
မဟုတ်သေးဘူးလေ၊ ဒါက ငါအမြင်မှားနေတာပဲနေမှာ…
ဟုတ်တယ်၊ ငါအမြင်မှားနေတာ..
ရှီရှန်း သူမရဲ့မျက်လုံးတွေကို မှိတ်ပစ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ ထို့နောက် သူမရဲ့မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်ပြန်တယ်။
ဓားပေါ်မှာအလင်းပြန်နေသည့်ပုံရိပ်က ရှိနေတုန်းပဲ။ နှင်းဘောလုံးလေးလိုမျိုး ခန္ဓာကိုယ်လုံးလုံးလေး၊ အမွှေးဖွားဖွားအမြီးလေးက ခန္ဓာကိုယ်တစ်ခုလုံး ဖုံးကွယ်ထားပြီး မျက်ဝန်းအစုံတို့က အစိမ်းရောင်ကျောက်မျက်လေးတွေလို တောက်ပလို့နေတယ်။
‘ဒါ..ဒါက မြေခွေးလေးပဲ !’
‘ငါကမြေခွေးတစ်ကောင်အဖြစ် ကူးပြောင်းခဲ့တာလား..
သားရဲကောင်???’
‘သောက်ရေးမပါတာ….
လူသားအသွင်ကို ငါဘယ်လို ပြန်ကူးပြောင်းရမှာလဲ…
အမြဲတမ်း လူသားအဖြစ်ပဲ နေခဲ့ဖူးတာလေ…
လူသားအသွင် ပြန်ကူးပြောင်းချင်တယ်လို့….’
ရှီရှန်းတစ်ယောက် သားရဲမိစ္ဆာတစ်ခါမှမဖြစ်ခဲ့ဖူးတော့ ဘယ်လိုပြန်ပြောင်းရမလဲမသိဘူး။ သူမရဲ့အမွှေးပွပွ လက်သည်းလေးတွေကို မြှောက်လိုက်ပြီး ဘယ်ညာရမ်းလိုက်တယ်။ ထို့နောက် စကားလုံးတချို့ရွတ်နေသလိုမျိုး အချိန်အတော်ကြာအောင်ပြုမူနေခဲ့ပေမယ့် ဘာမှပြောင်းလဲသွားခြင်း မရှိခဲ့ဘူး..
‘အဲ့တော့..လူပုံစံ ဘယ်လိုပြန်ပြောင်းရမှာလဲ..?’
ကျေးဇူးပြုပြီးတော့ ငါလေး Tutorial တချို့ လိုအပ်ပါတယ်နော်….
ရှီရှန်း အချိန်အတော်ကြာအောင်ကြိုးစားကြည့်ပြီးနောက် သူမရဲ့ခန္ဓာကိုယ်မှာ ချီစွမ်းအားနည်းနည်းလေးတောင် မရှိနေဘူးဆိုတာကို တွေ့လိုက်ရတယ်။ ထိုအခိုက်အတန့်မှာ တစ်စုံတစ်ခုကို တွေးမိသွားခဲ့တယ်။ ဧကန်န ပြန်ပြောင်းဖို့ ချီစွမ်းအားလိုနေတာလား..?
‘ချီစွမ်းအားတွေကို အရင်စုပ်ယူဖို့လုပ်ရမယ်.. အဲ့လိုမှမဟုတ်ရင် တစ်ယောက်ယောက်ဒီကိုရောက်လာပြီး သတ်တာကို ခံရလိမ့်မယ်…
ဒါပေမယ့် သားရဲကောင်တွေက ချီစွမ်းအားကို ဘယ်လိုစုပ်ယူတာပါလိမ့်..???
မဖြစ်သေးဘူး….ဇာတ်ကြောင်းအရင်ကြည့်မှဖြစ်မယ်
ဟုတ်သားပဲ…ဒါမှ နည်းလမ်းတကျဖြစ်သွားတာ…
သားရဲအဖြစ်ပြောင်းသွားတာနဲ့ လန့်ဖြန့်ပြီး ပုံမှန်နည်းလမ်းကို မေ့သွားတယ်လို့’
“တစ်ယောက်ယောက်လာရင် သတ်ပစ်လိုက်” ရှီရှန်းက ဓားကို အမိန့်ပေးထားလိုက်တယ်..
“ဘယ်လို သက်ရှိသတ္တဝါပဲ ဖြစ်ဖြစ်…လာတာနဲ သတ်ပစ်” ထပ်ပေါင်းပြောလိုက်ပြန်တယ်..
ဓါးလေးခမျာ ဆွံ့အ သွားခဲ့လေတယ်။
……………………………………………….
Translated by Melinoe_Megami
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣