[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[35]
လူတစ်စုထွက်သွားတော့ ရှီရှန်းကကုချီကိုကုအိမ်တော်ဆီခေါ်သွားတယ်။
ရှီရှန်းကကုမိသားစုကိုလမ်းမှာဖုန်းခေါ်လိုက်တယ်။သူတို့ရောက်တော့ကုမိသားစုက သူတို့သခင်လေးကိုကြိုဆိုတဲ့အပြုအမူက ခမ်းနားထည်ဝါတဲ့သဘောကိုဆောင်နေတော့တယ်။
ရှီရှန်းကသူတို့နှုတ်ဆက်တဲ့ပုံစံကြောင့် အံ့အားသင့်သွားတယ်။သူတို့အိမ်မှားရောက်လာတယ်လို့ ထင်လုနီးနီးပဲ။
ကုချီကသူမလက်ကိုကိုင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့အိမ်ထဲဝင်သွားတယ်။
"သခင်လေး သခင်မလေး" အိမ်တော်ထိန်းကခါးကိုမသိမသာလေး ကိုင်းလိုက်တယ်။ အရမ်းကြီးတော့မဟုတ်ဘူး ခါးကိုင်းတယ်ဆိုရုံလေးပဲ။
'ဘာကြီး?သခင်မလေး?'
ဧည့်ခန်းထဲမှာတော့ လူတွေအများကြီးမရှိပါဘူး။အကုန်လုံးကသူမအရင်တစ်ခေါက်က တွေ့ခဲ့တဲ့လူတွေပါပဲ။
"ကိုကြီး..." 'ဘာဖြစ်လို့လန်ချင်းကဒီကိုရောက်နေရတာလဲ?'
"အချစ်လေး'လန်ချင်းကသူမကိုဖက်ဖို့အတွက် မတ်တပ်ရပ်လိုက်ပြီး သူမပါးကိုနမ်းလိုက်တယ်။
လန်ချင်းသူမကိုလွှတ်လိုက်တာနဲ့တပြိုင်နက် ကုချီကရှီရှန်းကိုသူ့လက်မောင်းထဲဆွဲသွင်းလိုက်ပြီး သူ့လက်နဲ့သူမရဲ့ပါးကိုသုတ်လိုက်တယ်။
'ငါ့ညီမလေးကို နမ်းခွင့်တောင်မရတော့ဘူးလား?'
'ယောက်ဖ မင်းအခုသောက်ရမ်းကိုရူးနေပြီပဲ!'
လန်ချင်းအူတိုလာပြီး ရှီရှန်းကိုသူ့ဘက်ဆွဲလိုက်တယ်။ ကုချီကရှီရှန်းနာသွားမှာစိုးရိမ်ပြီး သူ့လက်ကိုလွှတ်ပေးလိုက်တယ်။
"ကိုကြီး...ဘာလုပ်နေတာလဲ?မဟုတ်သေးဘူး ဒီမှာဘာလို့ရှိနေတာလဲ?"
"အိုး ငါကကုဟောင်နဲ့ပူးတွဲဆောင်ရွက်မဲ့ ကိစ္စနဲ့ပက်သက်ပြီးပြောစရာရှိလို့လေ၊ ညီမလေးသူ့ကိုဖုန်းခေါ်ပြီးတော့ ကိုကြီးကိုဒီလာဖို့သူခေါ်ထားတာလေ"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣