[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[29]
"ဒါကကျွန်တော့အဖေ"ဖေဖေကုကိုကြည့်ရတာ စည်းကမ်းတင်းကြပ်ပုံပေါ်ပေမဲ့ သူ့မျက်လုံးတွေကကုချီကိုကြည့်နေစဉ်မှာတော့ နူးညံ့ညင်သာလို့နေတယ်။
"မင်္ဂလာပါ ဦးလေးကု"
ဖေဖေကုကပြုံးလိုက်ပြီး ရှီရှန်းကိုစာအိတ်နီတစ်အိတ်ပေးလိုက်တယ်။
ဖေဖေကုရဲ့အကျင့်စရိုက်ကိုသိတဲ့ ကုဟောင်ကရှီရှန်းကို နောက်တစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။
"...ဒါကကျကျွန်တော့ရဲ့ဒုတိယမရီး"
"မင်္ဂလာပါ ဒုတိယမရီး"ရှီရှန်းပေးတဲ့သေတ္တာလေးတွေအားလုံးက အနံ့သင်းတဲ့အဆင့်မြင့်စန္ဒကူးသားတွေနဲ့ လုပ်ထားတာပဲဖြစ်တယ်။ကြည့်ရသလောက်တော့ အဲ့ဒါတွေနှစ်နဲ့ချီသက်တမ်းရှိလောက်တယ်။
သူမဂရုတစိုက်နဲ့ လက်ဆောင်တွေပြင်ခဲ့တယ်ဆိုတာ သိသာတယ်။
ကုဟောင်အံ့ဩသွားရတယ်။'သူမဒီလောက်လက်ဆောင်အများကြီးကို အချိန်အတိုလေးအတွင်း ဘယ်လိုပြင်လာနိုင်ခဲ့တာလဲ?'
"ညီမလေးလာမှာကိုအမလည်းမသိတော့ လက်ဆောင်ကိုမြန်မြန်ပြင်လိုက်ရတယ်လေ။ညီမလေးစိတ်ထဲမထားဖို့မျှော်လင့်တယ်နော်။နောက်တစ်ခေါက်ကျရင်ပိုကောင်းတဲ့ လက်ဆောင်ပေးမယ်လို့အမကတိပေးတယ်"ဒုတိယမရီးကအနည်းငယ်ရှက်သွေးဖြာနေတယ်။
ကုဟောင်ကအားလုံးကိုရှီရှန်းနဲ့မိတ်ဆက်ပေးပြီးနောက်မှာတော့ သူမရဲ့လက်မှာလက်ဆောင်တွေ စာအိတ်နီတွေနဲ့ပြည့်နေပြီ။
အဖိုးတန်ဆုံးလက်ဆောင်က သခင်ကြီးကုပေးတဲ့ခရမ်းရောင်ဘရိုကိတ်လက်ကောက်လေးပဲ။လက်ကောက်ကိုအရင်ကသခင်ကြီးကုရဲ့ဇနီးက ပိုင်ဆိုင်ခဲ့ပြီး ကုမိသားစုရဲ့သခင်မဖြစ်ကြောင်း ဖော်ပြတဲ့သင်္ကေတတစ်ခုလည်းဖြစ်တယ်။
ကုချီလည်းစာအိတ်နီတွေရရှိခဲ့တယ်။ရှီရှန်းရဲ့တိုက်တွန်းမှုအောက်မှာ ကုချီကသခင်ကြီးကုနဲ့ဖေဖေကုကို နှစ်သစ်ကူးလက်ဆောင်တွေပေးခဲ့တယ်။
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣