Arc 19.17

1.9K 304 3
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၇)

လျန့်ချင်း၏ လူသတ်မှုသည် လွန်ခဲ့သောငါးနှစ်ခန့်က ပြစ်မှုကျူးလွန်ခဲ့သော ကွင်းဆက်လူသတ်သမား၏ လုပ်ရပ်ဖြစ်သည်။ ထိုသူသည် အလွန်ဉာဏ်ကောင်းပြီး အလွန်အမှားကင်းသူဖြစ်ကာ လွန်ခဲ့သောငါးနှစ်ခန့်က ရဲတပ်ဖွဲ့ကတောင် သူ့အား ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူသည် အချိန်ကြာမြင့်စွာအသုံးချပြီး လျန့်ချင်း၏ နေထိုင်မှုလမ်းကြောင်းကို ရှာဖွေဖော်ထုတ်ခဲ့သည်။ ထို့အပြင် ရှီရှန်းနှင့် လျန့်ချင်းတို့သည် ရန်ပွဲရှိခဲ့ကြောင်းကိုလည်း သူသိသွားခဲ့၏။
ထိုအဖြစ်အပျက်ကြောင့်ပင် ယခုမတော်တဆမှု ဖြစ်သွားခြင်းဖြစ်၏။

" ဒါဆို သူကကျွန်မရဲ့လက်ဗွေတွေကို ဘယ်လိုရသွားတာလဲ?? " 
ရှီရှန်းက မေးခွန်းတစ်ခု မေးလိုက်သည်။

ကျန်းကျွိက မျက်မှောင်ကြုတ်လျက် ဖြေကြားခြင်းမရှိသော်လည်း မုပိုင်က ဖြေကြားခဲ့သည်။  “ မင်းရဲ့ ဗီလာမှာမီးလန့်သွားသေးတယ်. . . သူအဲ့တုန်းက ဗီလာထဲ၀င်ဖို့ စစ်ဆေးရေးအရာရှိတွေနဲ့ပေါင်းပြီး မင်းရဲ့လက်ဗွေတွေကို ရခဲ့တာ ”

မီးသတိပေးချက်ကြောင့်တဲ့လား?
ရှီရှန်း ဤအရာကို မှတ်မိခြင်းမရှိပေ။
သို့သော်လည်း ဒါက ဟန်ရှောင်ဆီမှဝန်ခံချက်ဖြစ်သောကြောင့် သူမ မရှိချိန်မှာ ဖြစ်သွားခြင်းများလား??
သူမသည် အများအားဖြင့် ဗီလာတွင်သာနေလေ့ရှိပြီး ရံဖန်ရံခါ အပြင်ထွက်သည့်အချိန်တွင် ဟန်ရှောင်သည် အိမ်တွင်တစ်ယောက်တည်း ကျန်နေခဲ့ခြင်းဖြစ်၏။  ကိစ္စကြီးမဟုတ်လျှင် ဟန်ရှောင်ကလည်း သူမကို မတင်ပြပေ။
ဤလူတွေဟာလည်း ဒီကိစ္စကို အသေးစိတ် ရှင်းရှင်းလင်းလင်း မပြောရဲကြချေ။

ထို့ကြောင့် ကျန်းကျွိက အကြောင်းအရာကို မြန်မြန်ဆန်ဆန် ပြောင်းလဲခဲ့သည်။ " မစ္စလျှို ဒီရက်အနည်းငယ်အတွင်း ဒုက္ခများသွားရပြီ။ ကျွန်တော်တို့ လာမယ့်ရက်အနည်းငယ်အတွင်း သတင်းစာရှင်းလင်းပွဲ လုပ်မှာဖြစ်ပြီး အဲ့ဒီ့ရက်အနည်းငယ်လောက်အထိ မစ္စလျှိုကပဲ စိတ်ရှည်ပေးပါလို့ပြောချင်ပါတယ် "

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Nơi câu chuyện tồn tại. Hãy khám phá bây giờ