Unicode
------------ရှီရှန်း ရဲ့ စကားတွေကို နားထောင်ပြီး ဘေးမှာ ရပ်နေတဲ့ လူ အချို့ကရယ်ကြသည်။
ကမ္ဘာ ပျက်ကပ်ကြီးက လူသားတွေမှာ ကိုယ်ကျင့်တရား ဆိုတာ မရှိဘူး ။
" မင်း ငါတို့ ပစ္စည်းတွေကို ခိုးရဲ့တယ်ပေါ့ ။ အခုချက်ချင်း ငါတို့ ဟာတွေ ပြန်ပေးစမ်း " လူကြီးဟာ ကြမ်းတမ်းစွာ အော်ပြောခဲ့တယ် ။
ရှီရှန်းက သူမ ရဲ့ ဓားကို ကိုင်ပြီး ဝေ့ယမ်း လိုက်တယ် ။ ယောက်ျားကြီး နဲ့ မိန့်မကြီး က ရှော့ရသွားတယ် ။ သူတို့ မသိစိတ်ကနေ ဘေးကို ရှောင်လိုက်မိကြတယ် ။
" သူမက ငါတို့ကို သတ်ချင်နေတယ် ။ ကယ်ကြပါဦး "
" ဒီမှာ တစ်ယောက်ယောက်က လူသတ်နေတယ် "
ထို အမျိုးသမီး ရဲ့ အော်သံက လူအုပ် ရဲ့ အာရုံကို ပိုမို ဆွဲဆောင်နိုင် သွားတယ် ။
" မြန်မြန် လုပ်ကြပါ ။ သူမ က ငါတို့ကို သတ်ချင်နေတယ် ။ ကယ်ကြပါ "
သူတို့နှစ်ဦး စလုံးသည် လူအုပ်နောက်၌ ပုန်းရှောင်နေတဲ့အတွက်ကြောင့် ရှီရှန်း ကသူတို့ကို မသတ်နိုင်ခဲ့ပေ ။
စခန်း က ဒီနေရာမှာဆူဆူညံညံအသံကြားတာနဲ့ ဘာဖြစ်နေတာလဲ ဆိုတာကို ကြည့်ဖို့ တပ်သားအချို့ကို စေလွှတ်လိုက်တယ်။
" ဘာတွေဖြစ်နေတာလဲ "
မိန်းမကြီး ရဲ့ မျက်နှာက တောက်ပသွားပြီး " သူမ က ငါတို့ရဲ့ ပစ္စည်းတွေကို ခိုးပြီး ငါတို့ကို သတ်ချင်နေတယ် ။ "
တပ်သားတွေက ချွန်ထက်နေတဲ့ ဓားကြီးကို ကိုင်ထားတဲ့ ရှီရှန်းကို ကြည့်လိုက်တယ် ။
ခေါင်းဆောင်က မေးတယ် ။
" ဒါက အမှန်ဘဲလား ။ ကောင်မလေး "
" မဟုတ်ဘူး ။ ဒီအရာတွေက ကျွန်တော်တို့ ပိုင်တဲ့ပစ္စည်းတွေပါ ။ သူမ ကမှ ကျွန်တော်တို့ ပစ္စည်းတွေကို ခိုးခဲ့တာ"ရီအန်း ကားပြတင်းပေါက်ကနေ သူ့အသံသေးသေးလေး နဲ့ ရှင်းပြတယ်။
မိန်းမကြီး က ကျယ်လောင်စွာ အော်ပြောခဲ့တယ် ။
" ပေါက်ကရတွေ ၊ ဒါတွေက ငါတို့ဟာမှန်း သိသာနေတဲ့ ဥစ္စာ "
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣