[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[5]
နောက်နေ့ကျတော့ လန်ချင်းကသူ့ကုမ္ပဏီကို ပြန်သွားရတယ်။အဆုံးမှာတော့ သူကအလုပ်များတဲ့လူပါပဲ။
ဒါပေမယ့်သူမသွားခင် လက်ထောက်လေးယောက်ကို ရှီရှန်းအပေါ်ကောင်းကောင်းဆက်ဆံဖို့ အမိန့်ပေးသွားတယ်။မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့လက်ထောက်နှစ်ယောက်ဖြစ်တဲ့ ရှောင်ဖုနဲ့ရှောင်ပေါင်အပြင် ကျန်တဲ့နှစ်ယောက်လည်း ရှီရှန်းကိုအချိန်တိုအတွင်း ရင်းနှီးသွားတယ်။
လန်ချင်းရဲ့အမိန့်အောက်မှာ လန်ရှန်းကိုစောင့်ကြည့်ရင်း သူမဘာပဲလိုလိုသူတို့ရဲ့တာဝန်ကို မြန်မြန်ဆန်ဆန်ပဲ ပြီးမြောက်အောင်ဆောင်ရွက်ပေးကြလိမ့်မယ်။
"ဒါကဒီနေ့ရဲ့အချိန်ဇယားတွေပါ အစ်မလန်"ရှောင်ပေါင်ကပြောလိုက်တယ်။သူကနှစ်လိုဖွယ်ကောင်းတဲ့ကောင်လေးဖြစ်ပြီး သူ့ရဲ့အလုပ်ကိုင်တွယ်ပုံနဲ့လုပ်နိုင်စွမ်းတွေကြောင့် သူ့ကိုတော်တော်များများကသဘောကျကြတယ်။
"ငါဖွင့်ပွဲအခမ်းအနားကိုသွားမှာမဟုတ်ဘူး။"ရှီရှန်းကသူမရဲ့ခေါင်းတောင် မထောင်ကြည့်ဘဲပြောလိုက်တယ်။
"အာ"ရှောင်ပေါင်တုန်လှုပ်သွားတယ်။သူမဘယ်လိုတောင်လုပ်ရဲတာလဲ
ရှီရှန်းသူမဖုန်းကို ဖောက်ခွဲလုမတတ် ဆုပ်ကိုင်ထားလိုက်တယ်။ "သူတို့က ငါ့ရဲ့အဓိကဇာတ်ကောင်နေရာကိုလုယူရဲသေးတာပဲ။ငါကရောဘာလို့နည်းနည်းလေး မဖီဆန်ပဲမနေရမှာလဲ?"
ရှောင်ပေါင်ကခဏလောက်စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်တယ်။"ကျွန်တော် အကိုလျန်နဲ့အမမိန်ကိုသွားပြောလိုက်မယ်။"
သူတို့နှစ်ယောက်က လန်ချင်းပို့ခဲ့ပေးတဲ့ အခြားလက်ထောက်နှစ်ယောက်ဖြစ်တယ်။ရှီရှန်းကသူတို့နာမည်တွေကိုမသိဘူး။ရှောင်ပေါင်သူတို့အတွက် ကြုံရာကျပန်းနာမည်နှစ်ခုပေးလိုက်တာပဲဖြစ်တယ်။
အို ဟုတ်သားပဲ ငါအစ်မချန်ကိုလည်းပြောပြရမယ်.....
ရှောင်ဖုနဲ့ယှဉ်ရင်သူက ရာထူးအနိမ့်ဆုံးဖြစ်ပေမယ့်လဲ သူသိတဲ့သူနဲ့အတူလုပ်ရတာကို တော်တော်ကျေနပ်မိတယ်။
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣