Arc 17.27

1.9K 333 9
                                    

Unicode

ရှီရှန်းကို မိစ္ဆာလေးတွေက လိုက်ဖမ်းကြတော့တယ်။

‘Fuck… နင်တို့တွေ နင်တို့ပုံစံအမှန်ကို ဖျောက်ထားကြစမ်းပါဟဲ့..’

ဒါပေမဲ့ သူတို့အကုန်လုံးက မိစ္ဆာသွင်ပြင်ကို မဖျောက်ထားခဲ့ကြဘူး။ သူမကိုလိုက်ဖမ်းရင်းနဲ့ မိစ္ဆာလေးတွေကိုလည်း ကျင့်ကြံသူတွေကလိုက်ဖမ်းကြပြန်ရော။ တခါတလေ ရှီရှန်းခမျာ အနောက်ကိုပြန်လှည့်ပြီး အဲ့အရူးတစ်အုပ်ကို ကယ်တင်ပေးရသေးတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း သူတို့ကိုမတွေ့သလိုပဲ။

‘သူတို့တွေ လက်လျော့သွားကြတာလား..?’
ရှီရှန်း ခေါင်းခါရမ်းလိုက်တယ်။

‘သူတို့တွေ ငါ့ကိုလိုက်ဖမ်းရင်း မောပန်းသွားကြတာဖြစ်မယ်.. ဘယ်လိုလုပ် စာတစ်ကြောင်းတောင်မချန်ပဲ လက်လျော့သွားနိုင်ကြတာလဲ..?’

ရှီရှန်းလည်း စဉ်းစားရင်းနဲ့ စားသောက်ဆိုင်တစ်ခုထဲကို ဝင်သွားလိုက်တယ်။

‘ငါ့အစာအိမ်ကို အရင်ဖြည့်တာပေါ့…’

သူမ,စားသောက်နေစဉ် ပြည့်တန်ဆာတွေအကြောင်းပြောနေကြတဲ့ လူကြီးတွေရဲ့စကားလမ်းကြောင်းက ရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။

“ယွဲ့ရန်ဂိုဏ်းက အခုလေးတင် မိစ္ဆာတွေအများကြီးကို ဖမ်းမိခဲ့တယ်တဲ့… မိစ္ဆာလောက,ကနေ မိစ္ဆာတွေအများကြီး ထွက်လာခဲ့တယ်.. သူတို့ တိုက်ခိုက်ချင်နေကြတာလား..?”

“မိစ္ဆာလောက,က တစုတစည်းတည်းဖြစ်တာ သိပ်မကြာသေးဘူးလေ.. ငါ့တို့ကိုလာတိုက်ခိုက်ဖို့ဆိုတာ ဖြစ်နိုင်လို့လား…? ငါကြားတာတော့ တစ်စုံတစ်ယောက်ကို လိုက်ရှာနေကြတာတဲ့..”

“တစ်ယောက်ယောက်ကို ရှာနေတာလား..? ဘယ်သူ့ကိုလဲ..?”

“ဘယ်သူသိမှာလဲ.. ယွဲ့ရန်ဂိုဏ်းက မနေ့ကမှ မိစ္ဆာအဖွဲ့လိုက်ကြီးဖမ်းမိထားတာလေ.. နောက်ရက်ပိုင်းလောက်ဆို သတင်းတွေ သိရမှာပေါ့..”

ရှီရှန်းရဲ့နှုတ်ခမ်းတွေက အတော်ကြာအောင်မဲ့ရွဲ့သွားခဲ့ရတယ်။
‘မိစ္ဆာအဖွဲ့လိုက်ကြီး..? ဒီမိစ္ဆာလေးတွေကတော့ တကယ့်ကို တုံးအကြတာပဲ..’

…………….

ယွဲ့ရန်ဂိုဏ်း…
သူမနဲ့ဒီဂိုဏ်းကြားမှာ ရန်ငြိုးတွေရှိနေသေးတယ်။ ဒီကမ္ဘာကိုစရောက်ကတည်းက သူတို့တွေလိုက်ဖမ်းနေကြတာ။ သူမက ယွဲ့ရန်ဂိုဏ်းရဲ့ နံပါတ်တစ်အလိုရှိတဲ့သူပဲ…

‘စိတ်မကောင်းစရာပဲ..’

အဖမ်းခံရတဲ့မိစ္ဆာလေးတွေကို ယွဲ့ရန်ဂိုဏ်းဌာနချုပ်ဆီ ပို့ပစ်လိုက်တယ်။ သူတို့တွေက မိစ္ဆာတွေထွက်ပြေးမှာစိုးလို့ နေရာပြောင်းအစီအရင်သုံးပြီးတောင် ပို့ပစ်ခဲ့တာ။

ရှီရှန်းလည်း ဓားပျံစီးပြီး ဂိုဏ်းအပေါ်ကနေ ကျော်ဝင်သွားလိုက်တယ်။ တောင်ကိုစောင့်ကြပ်နေကြတဲ့ဂိုဏ်းတပည့်တွေလည်း အရိပ်လေးတစ်ခုပဲမြင်လိုက်ရတယ်။ ဘာမှန်းတောင်မသိလိုက်ကြဘူး။

ယွဲ့ရန်ဂိုဏ်းရဲ့ခြံဝင်းထဲမှာတော့ မိစ္ဆာလေးတွေကို သံလှောင်အိမ်ထဲထည့်ပြီး ချုပ်နှောင်ထားကြတယ်။

မိစ္ဆာလေးတွေလည်း စိတ်ပျက်လက်ပျက်ဖြင့်..
“ငါတို့မင်းသမီးလေး.. ငါတို့ကို ဘာလို့လာမကယ်သေးတာလဲ..?”
A မိစ္ဆာလေးက မေးလိုက်တယ်။

“မင်းသမီးလေးက ငါတို့အဖမ်းခံရတာကို မသိသေးလို့ဖြစ်မယ်…”
B မိစ္ဆာလေးကလည်း ပြန်ပြောလိုက်တယ်။

“အဲ့တာဆို ငါတို့သေဖို့ကို ထိုင်စောင့်နေရတော့မှာလား..?”
C မိစ္ဆာလေးက ပြောလာခဲ့တယ်။

“ငါမသေချင်သေးဘူး…”
A မိစ္ဆာလေးက ညည်းတွားလိုက်တယ်။

‘ဘယ်သူက သေချင်မှာလဲ..?’
သူတို့ မသေချင်ကြသေးဘူး။ ဒါပေမဲ့ အဖမ်းခံလိုက်ရပြီဆိုတော့ သေဖို့ပဲစောင့်နေရတော့မှာပေါ့။

ခပ်လှမ်းလှမ်းက လမ်းလျှောက်လာကြတဲ့လူတွေကိုကြည့်ရင်း မိစ္ဆာလေးတွေခမျာ တစ်ယောက်ကိုတစ်ယောက်ဖက်ရင်း တုန်ယင်နေကြတော့တယ်။ အမှန်တော့ ဂိုဏ်းတပည့်လေးတွေက သူတို့ထက်တောင် ပိုကြောက်နေကြသေးတယ်။ အကြီးဆုံးလို့ထင်ရတဲ့တစ်ယောက်က မုတ်ဆိတ်ကိုသပ်လိုက်ပြီး…

“မိစ္ဆာတွေအများကြီးကို ဘယ်လိုကိုင်တွယ်ကြမလဲ..?”

သူ့နံဘေးက ဝတုတ်တုတ်ဂိုဏ်းသားလေးက ပြန်ဖြေလိုက်တယ်။
“မီးရှို့ပစ်ကြမယ်..”

မုတ်ဆိတ်နဲ့လူက သဘောတူပြီးခေါင်းညိတ်လိုက်တယ်။
‘မိစ္ဆာတွေက အရမ်းများလွန်းတယ်… အသင့်တော်ဆုံးနည်းလမ်းက မီးရှို့ပစ်လိုက်တာပဲ..’

ဂိုဏ်းတပည့်တွေက သံလှောင်အိမ်တစ်ဝိုက်မှာ ထင်းတွေစုပုံထားလိုက်ပြီး လောင်စာဆီတွေဖြန်းလိုက်ကြတယ်။

“သူတို့ ငါတို့ကိုမီးရှို့ပစ်တော့မယ်..”

“အာ… မင်းသမီးလေးက ဘာလို့မရောက်လာသေးတာလဲ..?”

“ဘာလို့ငိုနေတာလဲ..? ငါတို့သေသွားရင်တောင် မင်းသမီးလေးက သေချာပေါက်လက်စားချေပေးလိမ့်မယ်…”

“မင်းသမီးလေးက သိတောင်သိမှာမဟုတ်ဘူး…”

ထိုစကားကိုကြားလိုက်သည်နှင့် မိစ္ဆာလေးတွေအကုန်လုံး တိတ်ဆိတ်သွားကြတော့သည်…

“စကြရအောင်..”

မုတ်ဆိတ်နဲ့လူက အသာအယာခေါင်းညိမ့်ပြလိုက်တော့ မီးတုတ်ကိုင်ထားတဲ့တစ်ယောက်က ထင်းပုံပေါ်ကိုပစ်တင်လိုက်တော့တယ်။ မီးတောက်တွေက လှောင်အိမ်ထဲကမိစ္ဆာလေးတွေကို ဝါးမြိုတော့မတတ်။

“အား…”
တစ်စုံတစ်ယောက်က နာကျင်စွာအော်ညည်းလိုက်တယ်။ ဒါပေမဲ့ အသံက မီးတောက်ထဲကထွက်လာတာတော့ မဟုတ်ဘူး။ သူတို့အနောက်ဘက်ကပဲ။

လူတိုင်းမလှည့်ကြည့်လိုက်နိုင်ခင် ကောင်းကင်ထက်မှ အရိပ်တစ်ခုကျလာခဲ့တယ်။ ထိုအရာက မီးပုံကိုရိုက်ခတ်လိုက်တာကြောင့် ပြင်းထန်တဲ့မီးတောက်တွေလည်း နေရာအနှံ့ကိုပြန့်ကျဲသွားတော့တယ်။

မီးတောက်လည်း တမဟုတ်ချင်း ပျောက်ကွယ်သွားတော့တယ်။

ထိုနေရာတစ်ခုလုံး တခနငြိမ်သက်သွားခဲ့ပြီးနောက် တစ်စုံတစ်ယောက်က ပြန်လည်အသက်သွင်းလိုက်တယ်။

“ဟိုမှာ လူတစ်ယောက်…”
ဂိုဏ်းတပည့်လေးတစ်ယောက်က လေထဲကိုညွှန်ပြရင်း အော်ဟစ်လိုက်တယ်။

“ဒီနေရာကို ဘယ်လိုလုပ်ဝင်လာခဲ့တာလဲ..? ဘာလို့ ဘယ်သူမှသတိမထားမိခဲ့တာလဲ..?”

“အဲ့..အဲ့တာ..ယွီရီ…ယွီရီ..”

ယွဲ့ရန်ဂိုဏ်းသားတိုင်း ယွီရီကိုသိကြတယ်။
‘သူမ ပျောက်ကွယ်သွားခဲ့တာကြာပြီလေ.. ဘာလို့ ဒီမှာပြန်ပေါ်လာခဲ့တာလဲ..?
အို့.. သူမကမိစ္ဆာတစ်ကောင်ပဲ.. မိစ္ဆာတွေကိုကယ်တင်ဖို့ ရောက်လာတာဖြစ်ရမယ်..’

“မကြောက်ကြနဲ့..”
မုတ်ဆိတ်နဲ့လူက တခြားသူတွေကို စိတ်အေးအေးထားဖို့ပြောလိုက်တယ်။

ရှီရှန်းက လေထဲကနေခုန်ဆင်းလိုက်တယ်။ သူမရဲ့ဓားက ကြမ်းပြင်ကိုစိုက်ဝင်သွားပြီး အက်ကြောင်းတစ်ခုဖြစ်ပေါ်လာစေခဲ့တယ်။ အက်ကြောင်းက ပင့်ကူအိမ်သဖွယ်ပျံ့နှံ့သွားခဲ့ပြီး လူအုပ်ဆီကိုဦးတည်သွားခဲ့တယ်။

လူတိုင်း အက်ကွဲကြောင်းကို ငေးကြည့်နေမိကြတယ်။ ဒါပေမဲ့ အက်ကွဲကြောင်းက မုတ်ဆိတ်နဲ့လူရှေ့မှာရပ်တန့်သွားခဲ့ပြီး ထူးထူးဆန်းဆန်း ဘာမှဆက်မဖြစ်တော့ဘူး။

လူတိုင်း အသံတိတ်သွားကြတယ်။ သူတို့ စိတ်သက်သာရာရရုံပဲရှိသေးတယ်.. အက်ကြောင်းက သူတို့တွေကိုကျော်ပြီး သံလှောင်အိမ်ဘက်ကို ဆက်သွားပါလေရော။

“ခလွမ်..”
သံလှောင်အိမ်တွေက ပျက်ဆီးသွားခဲ့ပြီး မိစ္ဆာလေးတွေလည်း ပြေးထွက်လာကြတော့တယ်။

“ကျေးဇူးတော် ကြီးမြတ်ပါတယ်..”

“မင်းသမီးလေးက ကျွန်တော်တို့ကိုကယ်တယ်ခဲ့တယ်.. သက်တော်ရာကျော်ရှည်ပါစေ…”

မိစ္ဆာလေးတွေက ရှီရှန်းကိုဝန်းရံလိုက်ပြီး ချီးမွမ်းမြှောက်ပင့်နေကြတော့တယ်။ ယွဲ့ရန်ဂိုဏ်းသားတွေကတော့ ကြောင်ကြည့်နေကြဆဲ။

“မင်းသမီးလေး..? ယွီရီက မိစ္ဆာလောကရဲ့မင်းသမီးလား..? ယွီ…”

ဝတုတ်တုတ်ဂိုဏ်းသားက ထအော်လိုက်တယ်။
“မိစ္ဆာတွေ ယွဲ့ရန်ဂိုဏ်းကို ဘယ်လိုများကျူးကျော်ရဲကြတာလဲ..? ငါတို့ကို လူအင်အားမရှိဘူးလို့များထင်နေတာလား..?”

မိစ္ဆာလေးတွေလည်းတိတ်ဆိတ်သွားကြပြီး ရှီရှန်းအနောက်မှာ မသိမသာဝင်ပုန်းလိုက်ကြတယ်။

“ယွဲ့ရန်ဂိုဏ်းမှာ လူရှိလို့လား..? ငါဘာလို့ မတွေ့ရတာလဲ..?”
ရှီရှန်းက လှောင်ပြောင်လိုက်တယ်။

“ငါတို့ ဒီမှာအများကြီးပဲလေ.. မတွေ့ရဘူးလား..?”
ဝတုတ်ရဲ့မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်…

ရှီးရှန်ရဲ့မျက်လုံးများက ကွေးညွတ်သွားခဲ့ပြီး..
“ငါကန်းနေတာများလား.. ငါသူတို့ကိုမမြင်ရဘူး.. ငါတွေ့တာတော့ အရူးတစ်သိုက်ပဲ...”

‘ဒီမိန်းမ ဆဲနေတာလား..?’

“ယွီရီ.. မင်းက ယွဲ့ရန်ဂိုဏ်းကိုကျူးကျော်လာခဲ့တယ်.. အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်သွားနိုင်မယ်လို့ထင်နေတာလား..?”

ရှီရှန်းလည်း မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး နူးညံ့တဲ့မျက်နှာထက်မှာ မကောင်းဆိုးဝါးလိုအပြုံးမျိုး ဆင်မြန်းလိုက်တယ်။

“လေပေါ်ပျံသွားလို့ရတယ်လေ..”

မုတ်ဆိတ်လူရဲ့မျက်နှာက မည်းမှောင်သွားခဲ့တယ်။ ဒီမိန်းမက အရမ်းဘဝင်မြင့်တာပဲ။

“တိုက်မယ်ဆိုလည်း တိုက်ကြရအောင် .. ပေါက်ကရတွေ မပြောနဲ့တော့..”
ရှီရှန်းလည်း အကျင့်အတိုင်း ဓားဆွဲထုတ်လိုက်တယ်။

“အရှင့်မင်းသမီးလေးက အရမ်းစွမ်းအားကြီးတာပဲ.. သူတို့ကိုသတ်ပစ်လိုက်..”

‘ဒီလူသားအုပ်စုက တကယ့်ကို အကျိုးအကြောင်းမညီညွှတ်ဘူး.. ကျွန်တော်တို့လည်းဘာမှမလုပ်ပဲနဲ့ ကျွန်တော်တို့ကိုဖမ်းပြီး သတ်ဖို့တောင်လုပ်ကြသေးတယ်…’

“အရှင့်မင်းသမီးလေးက အရမ်းလှတာပဲ..”

သူတို့တွေက ရှီရှန်းကို အားပါးတရမြှောက်ပင့်အားပေးနေကြတော့တယ်။ ရှီရှန်းခမျာ ဘာပြန်ပြောရမှန်းမသိတော့ဘူး။ မျက်လုံးပင့်လိုက်ပြီး…

‘ဒီအရူးတစ်သိုက်က ထွက်မပြေးသေးဘူးလားဟ…’

“သူတို့ကိုဖမ်းကြစမ်း.. ထွက်မပြေးစေနဲ့..”
ဂိုဏ်းသားဝတုတ်က လက်ဝှေ့ရမ်းပြလိုက်တယ်။

ရှီရှန်းက သူတို့တွေနဲ့တိုက်ခိုက်နေတဲ့အချိန် မိစ္ဆာလေးတွေက ရုပ်ရှင်ကြည့်သလို ရပ်ကြည့်နေကြလေရဲ့။ ရှီရှန်းလည်း အကုန်လုံးလဲကျသွားအောင်တိုက်ခိုက်ပြီး ထွက်ပြေးသွားတော့တယ်။

“Fuck… ဘာလို့ အဲ့အရူးတွေက ထွက်မပြေးကြတာလဲ..?”

“အရှင့်မင်းသမီးလေး.. ဘာလို့မတိုက်ခိုက်တော့တာလဲ..?”
မိစ္ဆာလေးတစ်ကောင်က တွေဝေသွားတယ်..

‘လူအုပ်လိုက်ကြီးထပ်လာနေတာ မတွေ့ကြဘူးလားဟ.. ငါမရူးသေးဘူး..’

“ပြေးကြ..”
ရှီရှန်းက မိစ္ဆာလေးတစ်ကောင်ရဲ့ခြေထောက်ကို ဓားနဲ့ရိုက်ပစ်လိုက်တယ်။

“အား..”
မိစ္ဆာ‌လေးလည်း တောင်ပေါ်ကနေ ချက်ချင်းဆင်းပြေးပါလေရော။ ထိုအခါမှ တခြားမိစ္ဆာလေးတွေလည်း သူ့နောက်ကနေ လိုက်ပြေးကြတော့တယ်။

မိစ္ဆာလေးတွေက သူတို့မင်းသမီးလေး ကြောက်နေတယ်လို့ထင်သွားကြတယ်။ ဒါပေမဲ့ သူတို့ဆင်းပြေးပြီးတာနဲ့ တောင်ပေါ်ကနေ ပေါက်ကွဲသံတွေ တရစပ်ထွက်လာတော့တယ်။

‘အဲ့တော့ မင်းသမီးလေးက သူတို့ကိုကြောက်လို့မဟုတ်ဘူးပေါ့.. အမှန်တရားကို ငါသိလိုက်ပြီ.. ငါတို့မင်းသမီးလေးက ဒီအရူးအုပ်စုကို ကြောက်စရာလား..? မင်းသမီးလေးကို ဘယ်သူလွှမ်းမိုးနိုင်မှာလဲ..?’

……………………….



Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now