Arc 16.22

2.7K 403 7
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[22]

ရှီရှန်းသရုပ်ဆောင်ဖို့ရွေးချယ်လိုက်တဲ့ရုပ်ရှင်က 'Dimensional Gods'ပဲဖြစ်တယ်။အဲ့ဒါကရိုမန့်စ်နည်းနည်းပါတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းပဲဖြစ်တယ်။ 

အမျိုးသားဇာတ်လိုက်က ဝရမ်းပြေးတစ်ယောက်ကိုအမဲလိုက်နေတဲ့ စကြဝဠာတစ်ခုရဲ့ရဲသားတစ်ယောက်ပဲဖြစ်တယ်။ဝရမ်းပြေးနဲ့တိုက်ခိုက်ရင်း သူတို့နှစ်ယောက်လုံး မတိုးတက်သေးတဲ့ကမ္ဘာထဲကို ကျသွားတော့တယ်။

အမျိုးသားဇာတ်လိုက်က ဒဏ်ရာရသွားပြီးသူ့စွမ်းအားကိုဆုံးရှုံးလိုက်ရတယ်။ထိုစဉ်အမျိုးသမီးဇာတ်လိုက်က သူ့ကိုကယ်တင်လိုက်တယ်။ အဲ့အချိန်ကစပြီး သူတို့ကတစ်ယောက်ဘဝထဲကို တစ်ယောက်ဝင်ရောက်လာတော့တယ်။

အရံအမျိုးသမီးဇာတ်ကောင်က အထက်တန်းလွှာမိသားစုကမွေးဖွားလာပြီး အမျိုးသမီးဇာတ်လိုက်ရဲ့သူငယ်ချင်းပဲဖြစ်တယ်။သူမကရိုးသားဖြောင့်မတ်ကာ အမျိုးသမီးဖာတ်လိုက်ကို အမြဲတမ်းလက်ကမ်းကူပေးတတ်တယ်။ 

ရှီရှန်းရိုက်ကွင်းကိုရောက်တာနဲ့ ရိုက်ကူးရေးကလည်းပိုပြီးချောမွေ့လာတယ်။သူမရောက်တဲ့အချိန် အရံအမျိုးသမီးဇာတ်ကောင်ကို တခြားသူတစ်ယောက်ကယူထားပြီဆိုပေမယ့်လည်း ကုချီကနည်းလမ်းတချို့သုံးလိုက်တော့ ရှီရှန်းကိုထိုမိန်းကလေးနေရာမှာ အစားထိုးလိုက်တယ်။ 

ဇာတ်လမ်းရဲ့အရံသူရဲကောင်းတစ်ယောက်ဖြစ်တာနဲ့အညီ ဇာတ်ကောင်ကရေလည်လန်းတယ်။ရှီရှန်းကဇာတ်ကောင်ကို အတော်လေးသဘောကျလို့နေတယ်။ 

ရှီရှန်းကracing scenesတွေမှာ အမှားလုပ်မိတာမျိုးရှိပေမယ့်လည်း သူမကိုယ်သူမကောင်းကောင်းထိန်းပြီး ရိုက်ကူးရေးကိုပြီးဆုံးစေခဲ့တယ်။

ရုပ်ရှင်ကရိုက်ကူးဖို့ အချိန်အကြာကြီးမကုန်လိုက်ပါဘူး။နှစ်လတည်းပဲ။ရှီရှန်းရိုက်ကွင်းကထွက်သွားတဲ့အချိန်မှာ ကောလဟာလတွေလည်းဖြေရှင်းပြီးနေပြီ။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now