[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[24]
ရှီရှန်းအိမ်ရောက်တာနဲ့ချန်ယွမ်ကသူမကို အသည်းအသန်တရစပ်ကိုဖုန်းခေါ်တော့တယ်။ရှီရှန်းကုချီကိုတောင်မဆက်သွယ်လိုက်ရဘူး။
"ရှန်းရှန်း၊မင်းကတော့လေ နေ့တိုင်းသတင်းထိပ်စီးပေါ်ရောက်နေတော့တာပဲ၊ဒီကိစ္စနဲ့ပက်သက်ပြီး အစ်မဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားမိရဲ့လား?"ချန်ယွမ်ဒေါသတကြီးနဲ့ မအော်ဖို့ဆိုတာ ခဲယဉ်းတယ်။သူမရဲ့အသံကတော်တော်လေးကို အားမရှိလို့နေတယ်။
ရှီရှန်းစိတ်ရှုပ်သွားရတယ်။'အခုရောဘာဖြစ်ပြန်ပြီလဲ'
'နေ့တိုင်းသတင်းထိပ်စီးထဲပါသွားတော့ မကောင်းလို့လား?'
'တခြားသရုပ်ဆောင်တွေကျ သတင်းထဲသာပါမယ်ဆို အပြင်ထွက်နေတော့မှာပဲ'
'ဒါပေမဲ့ ငါဒီတလောဘာမှမလုပ်ထားဘူးလေ,အဲ့ဒါကိုဘာလို့သတင်းထဲပါသွားအောင်လုပ်ရမှာလဲ?'
"Weiboကိုမစစ်ကြည့်ရသေးဘူးလား?"ရှီရှန်းဆီကဘာတုန့်ပြန်မှုမှမလာတဲ့နောက် ချန်ယွမ်သူမကိုမေးလိုက်တယ်။
ရှီရှန်းက ကွန်ပျူတာကိုဖွင့်လိုက်ပြီး Weibo ထဲကိုဝင်လိုက်တယ်
ရှီရှန်းမြန်မြန်ဆန်ဆန်ကြည့်လိုက်တယ်။
'ထပ်ပြီးကောလဟာလတွေပဲ'
'အဲဒါကကျလန်ချင်းနဲ့သက်ဆိုင်နေတယ်'
လန်ချင်းနဲ့သူမတို့စကားပြောနေတဲ့အချိန်မှာ ဓာတ်ပုံအရိုက်ခံလိုက်ရတယ်။ဒါပေမဲ့ ဓာတ်ပုံရှုထောင့်ကသံသယဖြစ်စရာကောင်းနေတယ်။အဲ့ဒီရှုထောင့်ကနေကြည့်မယ်ဆိုရင် သူမတို့နှစ်ယောက်လုံးက နမ်းနေတဲ့ပုံပေါက်တယ်။
"အစ်မချန်..."
"စစ်ပြီးပြီလား?"ဖုန်းတစ်ဖက်ကချန်ယွမ်ရဲ့ဘက်မှာ ဆူညံနေတယ်။"အစ်မကိုပြောပြ ဘာကိစ္စဖြစ်လို့လဲ?"
သတင်းဆိုတာကြီးကို သူမရိုးတောင်နေပြီ။
"အဲ့ဒါညီမအစ်ကိုလေ၊ညီမတို့တစ်ချို့ကိစ္စတွေ ဆွေးနွေးနေတဲ့ဓာတ်ပုံရှုထောင့်လေ"
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣