Unicode
ရှီရှန်း သူမ၏မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် မျက်စိကျိန်းလောက်အောင် တောက်ပလှသော အလင်းတန်းများသည် သူမကိုဖျက်ဆီးဖို့လုပ်နေသည်ကိုတွေ့လိုက်ရပေသည်....
"သူမကမကြာခင်ပြိုင်ဘက်ကင်းဖြစ်သွားလိမ့်မယ်"
"အားလုံးပဲ, မင်းတို့ရဲ့နောက်ဆုံးskillကို ထုတ်သုံးကြ
တော့ !!!"ထို့နောက် သူတို့စကားလုံးအချို့ကို အော်လိုက်ကြသည်။ ထိုအချိန်တွင် ရှီရှန်းသည် သူတို့ရဲ့ ခေါင်းအပေါ်နားလောက်တွင် skill ဘားတန်းလေးအချို့ ကိုတွေ့လိုက်ရ၏။
ဗီဒီယိုဂိမ်းလား?
ဘုရားရေ!
ဒါကြီးကအရမ်းသဘာဝဆန်လိုက်တာ !ဟိုလိုဂရပ်ဖစ်စ်များလား?
ထားတော့, အခုဒီလူတွေ သူမကိုသတ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ စကားပြောနေလို့မဖြစ်သေးဘူး!
ရှီရှန်းဟာ သူမရဲ့ဓားကို အလိုလိုသိစိတ်အရ ဆွဲထုတ်မိပေမယ့်လည်း
အဲ့အစား ဘယ်လိုကြီးမှန်းမသိတဲ့ ရာဇလှံတံတစ်မျိုးပဲ ထွက်လာလေသည်။
ထိုလှံတံဟာ ငွေရောင်ရှိပြီးတော့ နဂါးနှစ်ကောင်ဟာအောက်ကနေ အပေါ်သို့ ရစ်ပတ်ထား၏။
ထိုနဂါးနှစ်ကောင်၏ ခေါင်းဟာ အပေါ်ဖက်တွင်ရှိပြီးတစ်ခုနှင့်တစ်ခုဆန့်ကျင်ဖက်ရှိနေကာ ပါးစပ်များကိုအကျယ်ကြီးဖွင့်ဟထားလျက်ရှိနေ၏။
ထိုအလယ်၌တွင်တော့ ဖောက်ထွင်းမြင်နိုင်သော
ပုလဲလုံးလေးတစ်လုံးကရှိနေချေသည်။ရှီရှန်း သူမထိုလှံကိုဆွဲထုတ်မိလိုက်တဲ့အချိန်၌တုန်းက ဆန့်ကျင်ဖက်မှ ထိုသူများ
စိတ်လှုပ်ရှားသွားတာကိုခံစားမိလိုက်ပေသည်။
ထိုသူတို့၏ Skillဘားတန်းပြီးမည့်အချိန်တွင်ပဲ ဧရာမအလင်းတန်းကြီးက သူမအပေါ်ဖြန့်ကျက်လာပေ၏။ရှီရှန်းဟာ အလိုလိုလှံတံကို ကိုင်မြှောက်မိလိုက်သည်။ထိုအချိန်တွင် အလင်းတန်းဟာ လှံတံနဲ့တိုက်မိသွားပြီး နေရာတိုင်းကို တစ်စစီကွဲထွက်သွားတာသူတို့ကို မိနစ်နည်းငယ်အတွင်းမှာပဲ၊ အနိုင်ယူလိုက်နိုင်ပေေလ၏။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣