အခန်း - ၁

183K 6.5K 687
                                    

Unicode//

"သားရေ....ယာယာလေးတောင် နိုင်ငံခြားကပြန်ရောက်နေပြီတဲ့...တစ်ရက်လောက် ညီမလေးကိုမျက်နှာသွားပြလိုက်ဦး"

ထုံးစံအတိုင်း မာမီ၏နံနက်ခင်းတေးသံသာတွေကိုစကြားရပြီဖြစ်သည်။ ဒီလိုအချိန်တိုင်း သူနှင့်ဒယ်ဒီ၏အလုပ်ကတော့ Coffeeလေးသောက်လိုက် ခေါင်းလေးညိမ့်လိုက်ပင်။

သို့သော် ဒယ်ဒီကတော့ သူ့လောက်မငြိမ်းချမ်း။

"ဦးမင်းခိုက်...ရှင့်အကြောင်းမပါသလို
ဆိတ်ဆိတ်နေဘိ သဗ္ဗောဓိလုပ်မနေနဲ့"

"ဟ...ဘာလို့ကိုယ့်ဘက်လှည့်လာတာတုန်း"

"ရှင့်အကြောင်းရှင်သိ..ကျွန်မက သားကိုပြောရင်ရှင်နဲ့မဆိုင်သလိုလိုဘာလိုလိုနဲ့...အဲ့ဒါရှင့်သားအရင်းနော်"

"ကိုယ်သိပါတယ် နှောင်းရယ်...နှောင်းမှာ ကိုယ်ကလွဲပြီးဘယ်သူမှမရှိဘူးဆိုတာ.."

"ဦးမင်းခိုက်!"

"အား!"

လျှပ်စီးက အသံထက်မြန်မမြန်တော့မသိ၊
ဒေါ်နှောင်းမွန်ဦး၏လက်ကတော့ အသံထက်ပို၍ မြန်သည်။

ဒယ်ဒီက မာမီ့ကိုအရမ်းချစ်သည်မို့ အမြဲအလိုလိုက်ထားတတ်သလို အရမ်းလည်းစတတ်သည်။ မာမီကလည်း စနေသမီးပီပီ အရမ်းစိတ်ဆတ်ကာ လက်မြန်ခြေမြန်မို့ သူ့အနေနှင့် ထိုအသံတို့ကို နေ့တိုင်း မရိုးနိုင်အောင်ကြားရတတ်သည်။

ထို့နောက် စားသောက်အပြီး လက်မှနာရီကိုကြည့်လိုက်သည်။ အလုပ်ချိန်နီးနေပြီမို့ နှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့်အသာသုတ်လိုက်ပြီးနောက် အအေးခံထားသောရေနွေးကိုသောက်လိုက်ကာ မတ်တပ်ထရပ်လိုက်အပြီး...

"မာမီ...ကျွန်တော်အလုပ်သွားတော့မယ်"

ပြောရင်း မာမီ့ပါးကိုငုံ့နမ်းလိုက်တော့ ထုံးစံအ
တိုင်း မာမီကကျွန်တော့်နဖူးကိုပြန်နမ်းပြီး
ပြုံးလာသည်။ ထို့နောက်...

"မာမီ့သားက ဒီလောက်လိမ္မာတာ...
မြေးလေးတွေသာဆို ဘယ်လောက်တောင်
လိမ်မာလိုကျမလဲ"

"သွားပြီနော် မာမီ....ဒယ်ဒီ.."

သူမာမီ့စကားကိုခွန်းတုံ့မပြန်တော့ဘဲ အမြန်လစ်ထွက်လာခဲ့လိုက်သည်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now