အခန်း - ၄၀

35.8K 2.9K 86
                                    

Unicode //

"ငါတို့ တစ်ရက်ကျ Hot potသွားစားရအောင်
လေ...ဒီကောင်စုတ်နဲ့ပြန်ဆုံတဲ့ အထိန်းအမှတ်ပေါ့....နှိုင်းစုတ် နင်ဒကာခံရမှာ"

စကားအဆုံး 'ဘာလို့ ငါလဲ'ဆိုသည့် မျက်နှာပေးနှင့် ကြည့်လာသည်မို့...

"အူကြောင်ကြောင်လာမလုပ်နဲ့....နင့်ကြောင့် ငိုထားရတဲ့မျက်ရည်တွေက Hot potတစ်အိုးစာ
လောက်နဲ့ကျေမသွားဘူး....ခွေးကောင်...နောက်တစ်ခါ ပစ်သွားကြည့်....နင်တို့လင်လင်၂ယောက်လုံးစည်းစိမ်ပြုတ်သွားစေရမယ်...ဟွန့်..."

'မသာမ ငတ်ကြီးကျလွန်းတယ်'ဆိုသည့် မျက်နှာပေးနှင့် စောင်ကြည့်လိုက်တော့ ကူး ကလည်း 'ဘာဖြစ်လဲ'ဟူသည့်ပုံစံနှင့် မျက်နှာကိုမော့ကာ ချီထားသည်။

ထို့နောက်...

"ဟဲ့ ကူး...ငါတို့ Cusနဲ့ချိန်းထားတဲ့အချိန်တောင်နီးနေပြီ"

စိမ်းသတိပေးလိုက်တော့မှ ကူးတစ်ယောက်
နာရီကြည့်ပြီး ပျာယာခတ်သွားတော့သည်။

"အာ ဟုတ်သား ဟုတ်သား...ငါမေ့နေတာ...သွားမယ် စိမ်း...ဟိုနှစ်ကောင် ငါ့အတင်းတုပ်မနေနဲ့နော်"

ကပျာကယာနှင့် ထွက်သွားကြသော မယ်စပ်စလူးနှစ်ယောက်ကိုကြည့်ကာ နှိုင်းမန်နှင့်အလင်းတို့ ခေါင်းခါလိုက်မိသည်။

ထို့နောက်....

"နှိုင်းလေး...ငါ...."

အက်ရှရှဖြစ်နေသောအသံကြောင့် အလင်းက်ို
ကြည့်လိုက်တော့ သကောင့်သားလေးက
အပြစ်လုပ်ထားသူလိုခေါင်းငုံ့နေသည်။ တစ်ဖန်
အကောင်းကြီးကနေ တုန်ယင်လာသော
ပုခုံးအစုံကြောင့် မျက်နှာကိုငုံ့ကြည့်လိုက်တော့....

"ငါ...ငါ...ငါတောင်းပန်ပါတယ်....ငါ့ကြောင့်..
ငါ့ကြောင့်သာမဟုတ်ရင်....ငါသာမထားခဲ့ရင်....ငါသာအပြင်ကိုခေါ်မထုတ်ခဲ့ရင်....ဒီလ်ိုတွေဖြစ်လာမှာမဟုတ်ဘူး....ငါ့ကြောင့်...
ငါ့ကြောင့် မင်းဒီလိုဖြစ်ရတာ...."

အမြဲတမ်း ပြောင်တိပြောင်စပ်နေကာ
ဘယ်လောက်စိတ်ညစ်ညစ်၊ ဆရာမတွေ
ဘယ်လောက်ရိုက်ရိုက် မျက်ရည်မကျတတ်သော လင်းရောင်စဉ်က အခုငိုနေတယ်တဲ့လား။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now