Unicode//
ချလောက်!
အသံနှင့်အတူ အခန်းတံခါးက ဖြည်းဖြည်းချင်းပွင့်လာသည်။ ကောင်လေးတစ်ယောက်ကတော့ မျက်လွှာချထားသည်မို့ အခန်းတွင်းကိုမမြင်သေးသော်လည်း မြင်လိုက်ရသော မိုက်ခ်ကတော့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
Sayyတစ်ယောက် ရှေ့မှ ကိုတည်မြဲစေဝင်သွားသည်မို့ လိုက်ဝင်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ လက်ကိုနောက်မှ အဆွဲခံလိုက်ရသည်မို့ တုန့်ခနဲဖြစ်သွားရသည်။
သူ့အနေနှင့် ရှေ့ကိုမကြည့်ရဲသော်လည်း နောက်ကိုတော့လှည့်ကြည့်ရဲသည်မို့ မိုက်ခ်၏မျက်နှာကို လှည့်ကြည့်လိုက်ကာ မေးဆတ်မေးလိုက်မိသည်။ မိုက်ခ်ကလည်း အခန်းဘက်ကို ပြန်မေးဆတ်ပြသည်မို့ မကြည့်ရဲကြည့်ရဲနှင့် ကြည့်လိုက်မိတော့ လူက အသက်ရှူပင်ရပ်တန့်သွားသလို။
"အဲ့ဒါ မင်းပုံတွေမလား"
အနားကပ်ကာ ကပ်ကြိတ်ကြိတ်မေးလိုက်သော မိုက်ခ်၏အသံကို ကြားလိုက်ပေမဲ့ ပြန်ဖြေဖို့ခေါင်းပင်ညိတ်မပြမိ။ အခန်းအနှံ့ကပ်ထားသော ပုံတွေကြောင့် ကြက်သေသေနေမိသည်။
ထို့နောက်မှ...
....သတိထားစမ်း....မင်းက Sayyဖြစ်နေပြီ....
နှိုင်းစေတမန် မဟုတ်တော့ဘူး....ဒီပုံထဲကလူက နှိုင်းစေတမန်....မင်းမဟုတ်ဘူး.....သတိထားစမ်း Sayy.....သတိထားစမ်း....ထိုစဥ်...
"Sayyနဲ့ ကိုမိုက်ခ်....ဝင်လာခဲ့လေ...."
"ဟင်! ဪ ဟုတ်ကဲ့"
ကိုတည်မြဲစေ၏အသံကြောင့် သတိဝင်လာသော မိုက်ခ်တစ်ယောက် မိမိရှေ့မှ လိပ်ပြာလွင့်နေသူအား အခန်းထဲသို့ မသ်ိမသာတွန်းထည့်ရသည်။
ခေါ်လာရမည့် အရေးကြီးပုဂ္ဂိုလ်လေးကို အခန်းထဲအရောက်ခေါ်လာခဲ့သော်လည်း ခေါ်ခိုင်းထားသည့်သူက ပျောက်နေသည်မို့ မြဲစေ အခန်းတစ်ဝိုက်လှည့်ပတ်ကြည့်ကာ ထက်ယံကို မျက်ခုံးပင့်ပြီးမေးလိုက်မိသည်။ ထို့နောက် ထက်ယံအကြည့်ရောက်သွားသောနေရာကိုလိုက်ကြည့်လိုက်တော့ သန့်စင်ခန်း။
ထိုစဉ်....
ချလောက်!
သန့်စင်ခန်းတံခါးဖွင့်သံနှင့်အတူ လူတစ်ယောက်ထွက်လာကာ....
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...