အခန်း - ၂၄

37.5K 3.2K 304
                                    

Unicode //

"ဘာလဲ....ငါထင်တဲ့အတိုင်း သူပဲလား"

"ဟုတ်ကဲ့ သခင်လေး"

"ဟက် မလောက်လေးမလောက်စားလေးက အတင့်ရဲလာလိုက်တာ....အဲ့ကောင်အခုဘယ်မှာလဲ"

"စလုံးကို မနေ့ကပြန်သွားပါပြီ သခင်လေး"

"လုပ်ချင်တာလုပ်ပြီးရင် အဲ့လိုပြေးလို့ရမယ်ထင်လား...အခုချက်ချင်း စုံစမ်းလိုက်...သူဘယ်မှာနေနေတယ်ဆိုတာ"

"ဟုတ်ကဲ့ပါ သခင်လေး"

ထို့နောက် အခန်းထဲတွင် မိန်းမတစ်ဦးနှင့်ယောက်ျားတစ်ဦးသာကျန်ခဲ့တော့သည်။

"တိုင်း ဘာတွေဒေါသထွက်နေတာလဲဟင်"

"မင်းကိစ္စမဟုတ်ဘူး လွှာ....ကိုယ်စကားတွေအများကြီးပြောရတာမကြိုက်ဘူး"

ဝတ်လွှာရုံဆိုသောသူမ ပါးစပ်ပိတ်လိုက်ရတော့သည်။ မဟုတ်လျှင် အားမနာစတမ်းနှင်ထုတ်ခံရတော့မည်လေ။

ထို့နောက် Laptopကိုသာအဖော်ပြုနေသောထိုအမျိုးသားထံမှ အသံထွက်လာသည်။

"ကိုယ် ဒီညမင်းကိုမလိုအပ်ဘူး လွှာ"

ထို့နောက် ဝတ်လွှာရုံတစ်ယောက် မည်းခနဲဖြစ်သွားသောမျက်နှာကို အမြန်ပြင်ဆင်ပြီး ထွက်သွားတော့သည်။

ထွက်သွားသူအား တိုင်းကတော့ ဂရုတစိုက်လိုက်၍ပင်ကြည့်မနေခဲ့။ ဒါက သူ့အတွက် စိတ်ထဲထည့်စရာမဟုတ်။

ထို့နောက် msgတက်လာသံကြောင့်ဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရသည့်ဓာတ်ပုံကြောင့် သူ့နှုတ်ခမ်းထောင့်စွန်းတို့တွင် မဲ့ပြုံးတစ်ချက်ထင်လာသည်။

အလှည့်ကျ မနွဲ့စတမ်းပေါ့ ရန်စစ်သည်...

___________________________________

"မူဆယ်ဘက်မှာ ပစ္စည်းတွေအကုန်မိသွားတယ် Boss....မိသွားတဲ့သူတွေကိုဘယ်လိုလုပ်လိုက်ရမလဲ"

"ရှင်းပစ်လိုက်.... ပစ္စည်းတွေပါမချန်နဲ့"

"ဟုတ်ကဲ့

ပြောလိုက်သူ၏မျက်နှာထက်တွင် အနည်းငယ်မှအမူအရာပြောင်းမသွား။

ဒါက သူ့အကျင့်ပင်။ဒီလောကတွင် ရှင်သန်နိုင်ဖို့အတွက် ရက်စက်မှုအပေါင်းသရဖူဆောင်းမှရမည်။

ကန့်လန့်ဆန်သောအချစ် Donde viven las historias. Descúbrelo ahora