အခန်း - ၇

43.7K 3.1K 307
                                    

Unicode //

"ခင်ဗျားက ဘယ်ဆိုင်သွားမလို့လဲ..."

"အငယ်ကဘယ်ဆိုင်သွားချင်လို့လဲ..."

"PARADISE ကိုပဲမောင်းဗျာ"

စိတ်မရှည်သလိုပြန်ပြောလာသည့်ကောင်လေးကြောင့် ဈာန်းဘာမှဆက်မပြောဖြစ်တော့ဘဲ ကားကိုသာ ထိုဆိုင်ဘက်ဦးတည်လိုက်သည်။ စိတ်ထဲမှလည်း ဒီကောင်လေး ထိုဆိုင်အားတော်တော်ကြိုက်ပုံရသည်ဟု တွေးလိုက်မိသည်။

စဖွင့်ကတည်းက အမျိုးသမီးဝတ်၊အမျိုးသားဝတ်တွေဒီဇိုင်းအစုံရပြီး ဖန်စီတွေ၊ပွဲတက်ဝတ်စုံတွေကအစ Customerတွေစိတ်တိုင်းကျရ၍ နာမည်ကြီးဆိုင်တစ်ဆိုင် ဖြစ်သော်ငြား မိန်းကလေးတွေချည်းရှိသောဆိုင်မို့ သူခြေဦးတောင်မလှည့်ခဲ့ပါ။

ဒီငနဲလေးကတော့ သူ့အိမ်သူ့ယာလိုပင်။  ဘယ်ချိန်ထမေးမေး ထိုဆိုင်သို့သာသွားမည့်ပုံ။

အတွေးများဖြင့် ထိုကောင်လေးကို ငဲ့ကြည့်လိုက်တော့ အနှီခေါင်းဖြူကောင်လေးက နောက်မှီကိုမှီပြီး လက်ပိုက်ကာ ကားထဲတွင်ဖွင့်ထားသောသီချင်းကို လေသံထွက်ရုံလေးလိုက်ညည်းနေသည်။မျက်လုံးများကိုပင်ပိတ်ထားလိုက်သေးသည်။

ဪ မသိရင်ကိုယ်ကသူ့ဒရိုင်ဘာလိုလို....

ထို့နောက်တွင်တော့...

ဆိုင်ရှေ့တွင်ကားရပ်လိုက်သည်နှင့် ဘာမပြောညာမပြော ကားပေါ်ကခပ်တည်တည်ဆင်းကာ ဆိုင်ထဲသို့ဝင်သွားသောကောင်လေးကြောင့် သူလည်း နောက်ကလိုက်ဝင်လိုက်သည်။

ထို့နောက်...

"ဟာ....နှိုင်းလေး....ဘယ်လိုရောက်လာတာလဲ...
ငါတို့ကလေးလေးမလာတာတောင်ကြာပြီ...."

"ဟုတ်ပ....ဒီမှာ နှိုင်းလေးကြိုက်တဲ့အဆင်တွေရောက်နေတယ် လာကြည့်..."

သူ့ကိုတောင်ဂရုမစိုက်ဘဲ ထိုကလေးကိုသာကလေးတစ်ယောက်လိုပြောဆိုပြီး ဆွဲခေါ်သွားသောမိန်းကလေးနှစ်ယောက်ကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

...ဒီဆိုင်ကဘယ်လိုလဲ....ဒီကလေးကလည်း ဘယ်လောက်တောင်ဖက်လှဲတကင်းနေထားလဲမသိ...

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now