Unicode //
ခွပ်!
"ခင်ဗျား!"
"ရိုဟန်! ရပ်စမ်း"
"Boss!"
"တော်စမ်း! ငါရတယ်"
"အဟက်....မင်းတို့ ဆရာတပည့်ချစ်ခြင်းကို ကြည့်ဖို့လာတယ်များထင်နေလား"
"ခင်ဗျားမကြည့်ချင်ရင် ပြန်လိုက်"
"ရိုဟန်....ငါ့ကိုရေဘူးအေးတာလေးသွားယူပေး"
"Boss"
"ကျွစ် ငါအဆင်ပြေတယ်....သွား...."
"ဟုတ်ကဲ့"
ထို့နောက် ရိုဟန်သည် တိုင်းဝဠာကိုမကြည်ကြည့်တစ်ချက်ကြည့်ကာ ထွက်သွားလေသည်။
"ဘာကိစ္စရှိလို့လဲ....ကျွန်တော် ခင်ဗျားကောင်ကိုမထိထားဘူး"
"ဟက် အဲ့လောက်မမေးရဲစမ်းနဲ့ ရန်စစ်သည်.... မင်းဘာလို့ သူ့ဘေးကလူတွေကိုရန်ရှာနေတာလဲဆိုတာကိုပဲပြောစမ်းပါ"
"အဲ့ဒါ ခင်ဗျားအပိုင်းမဟုတ်လို့ ကျွန်တော်အစီရင်ခံမနေနိုင်ဘူး"
"ရန်စစ်သည်....မင်းနှိုင်းလေးနဲ့ ကင်းကင်းနေစမ်း"
"ဟား! နေချင်ပေမဲ့ နေလို့မှမရတာ....
ဒါပေမဲ့ အဲ့ဒါခင်ဗျားနဲ့မဆ်ိုင်တဲ့အပိုင်း....ခုပြန်လိုက်တော့....ဒါကျွန်တော့်ပိုင်နက်....""အေး....နောက်တစ်ကြိမ် သူ့ကိုပဲဖြစ်ဖြစ် သူဘေးနားကသူတွေကိုပဲဖြစ်ဖြစ် ထပ်ထိကြည့်....
မင်းအသက်အပိုပါရင် စမ်းကြည့်လိုက်"ပြောပြီးနောက် လှည့်ထွက်သွားသူ၏ ကျောပြင်ကိုကြည့်ရင်း မချိပြုံးပြုံးလိုက်မိသည်။
ထိုစဥ်...
"Boss"
"....."
"Bossဘာလို့ ငြိမ်ခံနေတာလဲ"
ထို့နောက် အမေးနှင့်အတူကမ်းပေးလာသည့် ရေဘူးကိုလှမ်းယူလိုက်ရင်း...
"ဟက်....ငါပြန်ထိုးလိုက်ရင် ငါပဲနာကျင်ရမှာပေါ့"
"Boss!"
ရိုဟန်သည်းမခံနိုင်စွာ အော်လိုက်မိသည်။
"ကျစ် စိတ်ဆိုးမနေနဲ့ ...သွားမယ်"
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...