အခန်း - ၂၁

37.6K 3.3K 129
                                    

Unicode //

ဆေးရုံရောက်ရောက်ချင်း တွေ့သည့်သူနာပြုတစ်ယောက်ကို နေရာမေးလိုက်သည်။

"ဆရာမ....ကား Accident ဖြစ်ပြီးရောက်လာတဲ့လူနာ ဘယ်ဘက်မှာလဲ မသိဘူး"

ထို့နောက် ညွှန်ပြသည့်နေရာဘက်ကို အပြေးသွားပြီးနောက် ထပ်တွေ့ရသည့် ဆရာဝန်ကို ထပ်မေးလိုက်မိပြန်သည်။

"ဒေါက်တာ....ကား Accident ဖြစ်ပြီးရောက်လာတဲ့လူနာ ဘယ်အခန်းမှာလဲမသိဘူး..."

"အာ....လူနာရှင်လား....
ဒီအခန်းကနေ နှစ်ခန်းမြောက်မှာပါ...."

"ဟုတ်ကဲ့...ကျေးဇူးပါ...."

ကျေးဇူးတင်စကား မြန်မြန်ဆိုပြီးနောက် ညွှန်လိုက်ရာအခန်းဆီသို့ အပြေးသွားလိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းက ရင်ထဲဆို့တက်သွားစေသည်။

နဖူးရှိ ပတ်တီးဖွေးဖွေးက စိုးရိမ်စိတ်တို့ကို ဒီရေအလား မြင့်တက်လာစေသည်။လက်နှစ်ဖက်လုံးတွင်လည်း ပတ်တီးတို့ကဖွေးဖွေးလှုပ်နေသည်။

ထိုစဉ်....

"ဟော....လူနာရှင်ရောက်လာပြီပဲ....
လူနာက အရမ်းတော့ထိမသွားပါဘူး....
ကုသစရာရှိတာ အကုန်ကုသပြီးပြီမလို့
သိပ်စိတ်မပူပါနဲ့... လူနာ နိုးလာရင်အကြောင်းကြားပေးပါ"

"ဟုတ်ကဲ့"

ဆရာဝန်အား ကြည့်တောင်မကြည့်မိဘဲ ခွန်းတုံ့ပြန်လိုက်မိသည်။

.....ဒါကဘာမှမဖြစ်တာလား....ဒါကမစိုးရိမ်ရတာလား....အခုထိတောင် မနိုးလာသေးတာကို မစိုးရိမ်နဲ့ဆိုကတည်းက စကားပြန်ပြောချင်စိတ်မရှိတော့တာ....

မဆီမဆိုင် ဆရာဝန်ကိုစိတ်တိုနေမိသည်။
ထို့နောက် ကုတင်ထက်တွင်လှဲလျောင်းနေသူအားငေးကြည့်လိုက်မိသည်။

...ကိုယ်တကယ်မစိုးရိမ်ရဘူးလား အငယ်...
အိပ်နေရတာ မညောင်းဘူးလား...ထတော့လေ ကလေးရာ...

လက်မှ ပတ်တီးဖွေးဖွေးများကို ဖွဖွလေးသပ်လိုက်မိတော့ နာကျင်မှုက ရင်တွင်းထိကူးစက်သည်။

ကိုယ့်ကလေးလေး ဘယ်လောက်တောင်ကြောက်ခဲ့လိုက်မလဲ....အခုလည်း ဘယ်လောက်တောင်နာကျင်နေလိုက်မလဲ.... ဘယ်လောက်တောင်ထိခိုက်သွားလို့ ခုထိမနိုးသေးတာလဲ....

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now