Unicode //
အရှုပ်အထွေးတွေဖြစ်ပြီး ၄ရက်လောက်အကြာတွင် မဟာ Group၏အခြေအနေသည် အရင်အတိုင်း ပုံမှန်ပြန်ဖြစ်သွားသည်။ မြန်မာပြည်မှ လုပ်ငန်းတွေလည်း ပုံမှန်ပြန်လည်ပတ်ကြပြီး မဟာ Groupနှင့်သက်ဆိုင်သည့် သတင်းများ၊ကောလဟလများအားလုံး ပြန်ငြိမ်သွားသည်။
ရာစုသိမ်းပိုက်ကိုယ်တိုင် မဟာ Group၏ MDတစ်ယောက်အဖြစ် Mediaရှေ့တွင်ထွက်လာပြီး ဖြစ်ခဲ့သမျှအားလုံးသည် မဟာ Groupနှင့်မဆိုင်ကြောင်း၊ ထိုသစ်ခိုးထုတ်မှုလုပ်ငန်းကို ဦးဆောင်သူမှာ မည်သူမှန်းပင်မသိကြောင်း၊ သက်သက်နာမည်ဖျက်လိုသော ရည်ရွယ်ချက်ဖြင့် လုပ်ကြံကြခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ထို့ပြင် "မဟာ Group၏ MDချောချောလေး"ဆိုပြီး နာမည်တောင်ကြီးနေသေးသည်။
ရာစု တက်လာသောသတင်းများကိုကြည့်ကာ သဘောတကျ ပြုံးလိုက်မိသည်။
...ဟက်...မဟာ Groupကိုများ ဒီလိုလာကြောလို့ရမတဲ့လား...
ထိုစဥ်...
ဒေါက်...ဒေါက်...
"ဝင်ခဲ့"
"'T Groupနဲ့ Victory Groupကလူတွေ Meeting Roomထဲမှာရောက်နေကြပါပြီ...MD.."
(T/N-Victory Groupက Chapter-67မှာ ရာစုအဖေလွှတ်လိုက်တဲ့ Groupပါ။)
"ကိုကို...အဲ...GMရော..."
"GMလည်းရောက်နေပါပြီ...လူစုံနေလို့ MDကိုလာခေါ်တာပါ"
ကိုကိုရောက်နေပြီဟု ဆိုလာသည်မို့ ရာစုပြုံးလိုက်မိသည်။
သူကိုကို့ကိုမတွေ့ရတာ အရမ်းကြာနေပြီဖြစ်သည်။ဒီကြားထဲ ကိုကို့ဆီဆက်သွယ်၍ပင်မရ။ လူရှာတဲ့အဖွဲ့ကလည်း အရင်ကလောက်အသုံးမကျတော့။ ဒီကြားထဲ အလုပ်နှင့်ပတ်သက်ပြီး ဆက်သွယ်ကြည့်တာတောင် အတွင်းရေးမှူးဆီကတဆင့်ပဲ ဆက်သွယ်၍ရသည်။သူ့ဖုန်းကလည်း ဘယ်နားပျောက်သွားမှန်းမသိ။ ကိစ္စတော့မရှိပါ။ ပျောက်တော့လည်းအသစ်တစ်လုံးဝယ်ရုံပင်။
ကိုကိုသည်လည်း အရင်ကထက်အပုန်းကောင်းလာပါသည်။
အေးပေါ့လေ...အရင်လိုမသွားတတ်မလာတတ် အလုပ်အကိုင်မရှိတဲ့ လူမမာမှမဟုတ်တော့တာ...
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...