Unicode //
နှိုင်းမန်တစ်ယောက် ထိုညနေကလည်း ညနေစာထွက်မစားခဲ့ပေ။အပြင်လည်းမထွက်ချင်သည်မို့ ဆွဲလက်စ Wedding dress designကိုသာအာရုံစိုက်ဆွဲလိုက်မိသည်။
ထိုစဉ်.....
📩📩📩
Message Ringtoneသံကြောင့် ကြည့်လိုက်မိတော့ ပေးပို့သူက တိုင်းဝဠာ။
စိတ်ရှုပ်စွာဖြင့် messageကိုဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံများ။
လင်းရောင်စဉ်၊သက်တံ့ကူး၊ဝါစိမ်းဖန့်တို့၏ဓာတ်ပုံများ။ထို့နောက်နောက်တစ်ပုံထပ်ပို့လာ၍ ကြည့်လိုက်မိတော့ ဒေါသကထောင်းခနဲထွက်သွားကာ Callကိုချက်ချင်းနှိပ်လိုက်သည်။
တစ်ဖက်ကဖုန်းကိုင်လိုက်သည်နှင့် ဖြေသည်ကိုပင်မစောင့်နိုင်ဘဲ...
"ခင်ဗျားဘာဖြစ်ချင်နေတာလဲ..."
"အိုး....Babeရဲ့....ဖြည်းဖြည်းပြောပါ...."
"သောက်ပိုတွေလာပြောမနေနဲ့ ဘာဖြစ်ချင်လဲပြောလိုက်"
"ကိုယ်ဖြစ်ချင်တာကို အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပြီလေ....Babeကိုယ့်ရင်ခွင်ထဲ အသာတကြည်ရောက်လာဖို့ပဲလိုတော့တာ..."
"ခင်ဗျားမရှက်ဘူးလား....ကျွန်တော်ကသူများရဲ့အိမ်ထောင်ဖြစ်နေပြီဆိုတာသိရဲ့သားနဲ့ ကျွန်တော့်ကိုဖောက်ပြန်တဲ့သူဖြစ်အောင်လုပ်နေတာလား"
"ဒါဆို ငယ်ချစ်ကိုအိမ်ပေါ်ခေါ်တင်ထားတဲ့ Babeရဲ့ခင်ပွန်းသည်ကြီးက သစ္စာရှင်ကြီးပေါ့...အဟက်...Babe ကိုယ့်ကိုဟာသတွေလာပြောမနေနဲ့...ကိုယ့်ကိုယ်ကိုယ်ချိုမတပ်ချင်စမ်းပါနဲ့"
"အဟက်....က်ိုယ့်စိတ်နဲ့နှိုင်းတော့ရိုင်းတာပေါ့
ကိုတိုင်းဝဠာရယ်....ခင်ဗျားအတွက် ဖောက်ပြန်ရတာ၊ပွေရှုပ်ရတာကခက်မှမခက်ပဲလေ""ဟား...Babeက အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကိုယ့်ကိုစိတ်မပြေသေးဘူးထင်တယ်...ကိုယ်ပြောပြီးပြီပဲ...မင်းသာ ကိုယ့်ရင်ခွင်ထဲလာခဲ့လိုက်...ကိုယ့်ဘေးမှာ Babeမမြင်ချင်တဲ့သူတစ်ယောက်မှမရှိစေရဘူး"
"Sorry ကိုတိုင်းဝဠာ....ခင်ဗျားကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးနေမှာစိုးလို့ တစ်ခုတော့ပြောလိုက်မယ်...ခင်ဗျားနဲ့ပတ်သတ်ပြီး ရင်ထဲမှာဘာမှမရှိခဲ့ဖူးဘူး...ကျွန်တော့်ကိုချစ်တယ်ပြောပြီး မိန်းမပေါင်းစုံနဲ့ပလူးပလဲဖြစ်နေတာကိုရွံခဲ့တာ... အဲ့ဒါကို သဝန်တိုတာနဲ့ရောနေမှာစိုးလို့ပြောပြတာနော်...အဟက်"
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...