အခန်း - ၄၄

33.9K 2.9K 100
                                    

Unicode //

အချိန်အားဖြင့် ၆နာရီ ၁၀မိနစ်မျှသာ ရှိသေးသည်မို့ မနက်စောစောဟု ဆို၍ရနိုင်သည်။ သက်တမ်းတစ်လျှောက် တစ်ခါမှဒီလိုအချိန်အိပ်ရာထပြီး အပြင်မထွက်ခဲ့ဖူး။

စင်ဝင်အောက်မှထွက်လိုက်သည်နှင့် နှင်းဆီရနံ့တို့ကသင်းခနဲ။

အအေးဓာတ်ကလည်း သာမာန်လူတစ်ယောက် ခံနိုင်လောက်သည့်အအေးပေမို့ မကြည်လင်ခဲ့သော စိတ်အစဉ်က မြူမှုန်လောက်ပင်မကျန်တော့။

"အေးနေပြီလား အငယ်"

တွဲထားသောလက်ကို အသာဖျစ်ကာမေးလာသူအား မော့ကြည့်လိုက်တော့...

"အငယ့်လက်တွေအေးလာလို့..."

ပြောလည်းပြော၊ လက်နှစ်ဖက်ကို သူ့သဘောနှင့်သူဆွဲယူပြီး သူ့လက်ဖဝါးနှစ်ဖက်ထဲထည့်ကာ အာငွေ့ပေးလာသူ။

"အငယ်ကကွာ အနွေးထည်လေးထပ်ဝတ်မလာဘူး...ထားပါ ကိုယ်လည်းသတိမေ့သွားတာဆိုတော့ ကိုယ့်အပြစ်လည်းပါတယ်...အခုအဆင်ပြေရဲ့လား...ဟင်?"

အာငွေ့ပေးလိုက်၊ပွစိပွစိရွတ်လိုက်လုပ်နေသူအား နှိုင်းမန်ငေးကြည့်နေမိသည်။

ကျွန်တော် ခင်ဗျားကို ဘယ်လိုနှလုံးသားနဲ့ ထားခဲ့ဖို့တွေးမိခဲ့တာလဲမသိဘူး....

"အငယ်...ဘာတွေတွေးနေတာလဲကွာ..."

မျက်မှောင်ကြုံ့ကာ အလိုမကျသလိုဖြစ်လာသူကြောင့် ရယ်ချင်လာသောစိတ်ကို မနည်းမျိုသိပ်ထားရသည်။အကြည့်စူးစူးများဖြင့် စူးစမ်းသလိုကြည့်လာသူ၏မေးဖျားဆီသို့ ထိတွေ့မလိုနှင့် လေဖွဖွမှုတ်လိုက်တော့ မချင့်မရဲကြည့်လာပုံက ကြက်သီးထစရာ။

စတုန်းကစပြီး မသိချင်ယောင်ဆောင်ကာ ရှက်နေသောကလေးငယ်ကို မည်သို့အပြစ်ပေးရမည်နည်း။

ဈာန်း အသည်းတယားယားဖြင့် နှာသီးဖျားရဲရဲလေးကို ခပ်ဖွဖွဖျစ်လိုက်တော့ ရှက်ရယ်ရယ်ကာ နောက်ကိုတစ်လှမ်းဆုတ်သွားသည်။ ထို့နောက်မှ ကလေးငယ်ကို သေချာကြည့်လိုက်မိပြီး ကိုယ့်ကိုယ်ကိုယ်ပင် ထိုးချင်စိတ်ပေါက်သွားတော့သည်။

...ဒီအမူအရာ၊ ဒီပုံစံလေးတွေက သူတစ်ယောက်ထဲကြည့်ပြီး မြတ်နိုးမဝဖြစ်ရမယ့် ပုံစံလေးတွေလေ...မဖြစ်...လုံးဝမဖြစ်...အပြင်ကဘယ်သူမှန်းမသိတဲ့သူတွေကို ဒီလိုပုံစံလေးကို မြင်ခွင့်ပေးလို့လုံးဝမဖြစ်...

ကန့်လန့်ဆန်သောအချစ် Opowieści tętniące życiem. Odkryj je teraz