Unicode//
Clubရောက်သွားတော့ Sofaပေါ်တွင် မှောက်နေသည့်အဖျက်ကောင်က သူ့အိမ်သူ့ရာအတိုင်း။
ဈာန်းရော နှိုင်းမန်ပါ ထိုလူသားက်ိုကြည့်ပြီး ခေါင်းခါလိုက်မိကြသည်။ ဈာန်းလည်း အချိန်ဆွဲမနေတော့ဘဲ Sofaနားအမြန်လျှောက်သွားလိုက်
ပြီး...."ဟေ့ကောင်...ထ...."
ပုခုံးကကိုင်ပြီးလှုပ်နှိုးလိုက်တော့ သကောင့်သားက "အင်း...အဲ"လုပ်ပြီး လက်ကိုပုတ်တောင်ချလိုက်သေးသည်။
"ဟေ့....ပြည့်သျှင်....ထစမ်းပါ....အိမ်ရောက်မှဆက်အိပ်..."
ပါးကိုခပ်ဆတ်ဆတ်ပုတ်ရင်း နှိုးလိုက်တော့....
"ဟား...ဘယ်သူလဲကွာ...ကျွတ်..."
သူက တစ်ပြန်ကြီး အပြစ်တင်သလိုပြောကာ တစ်ဖက်ကိုလှည့်သွားပြန်သည်။
နှိုးနေတဲ့သူတော့မသိ၊ ထိုအဖြစ်ကို စောင့်ကြည့်နေတဲ့ တစ်ယောက်သောသူကတော့ ဘယ်လိုမှစိတ်မရှည်တော့။
ထို့နောက်...
"ဟင်....အငယ်....ဘာလုပ်ဖို့....ဟာ!"
"အား!!!! ဘာတွေလဲ....ဘယ်ကရေတွေလဲ....
ဘယ်သူလဲကွ"စားပွဲပေါ်က ရေခဲရေခွက်ကိုယူကာ ပြည့်သျှင်၏မျက်နှာပေါ် လောင်းချလိုက်ခြင်း။
ပြည့်သျှင်တစ်ယောက် အိပ်မက်ဆိုးမက်ပြီး ထယောင်သူလို ကယောင်ကတမ်းတွေအော်ဟစ်နေသော်လည်း မျက်လုံးကတော့ ယစ်ရွှေရည်၏ အရှိန်ကြောင့် ခုထိကောင်းကောင်းပွင့်မလာသေး။
"ဘယ်သူငါ့ကို ဒီလိုလုပ်ရဲတာလဲ...သေချင်လို့လား...ဟား... ဒီအရည်တွေကလည်း
မကုန်နိုင်တော့ဘူး "မျက်လုံးကပွင့်မလာသေးသော်လည်း ဟောက်စားလုပ်နေသော ပြည့်သျှင်အားကြည့်ပြီး ဈာန်းတစ်ယောက် မိမိ၏ ချစ်ခင်ပွန်းလေးအား စိတ်ထဲကကြိတ်ချီးမွမ်းလိုက်မိသည်။
"နိုးလာရင်လည်း ထတော့ ဟေ့ကောင်...ငါတို့ရောက်တာ ကြာနေပြီ..."
ပြောလိုက်တော့ အမူးသမားက ခဏငြိမ်ကျသွားပြီး...
"ဟမ်...ငါကြားလိုက်တာ ဟိုကောင့်အသံလား... အဟက်...မဖြစ်နိုင်တာ...ဒီချိန်လောက်ဆို ဒီကောင် သူ့လင်နဲ့သာယာနေလောက်ရော
ပေါ့...ငါ့မှာသာ..."
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...