အခန်း - ၄၅

34.5K 2.8K 129
                                    

Unicode //

ခွက်ထဲမှဝိုင်ကို တစ်ငုံမျှငုံလိုက်ပြီး မျိုချဖို့ပင်မေ့နေသည်အထိ စိတ်နှင့်ကိုယ်ကမကပ်နိုင်လောက်အောင်ဖြစ်နေသည်။

'Jack'ဆိုသည့်ခေါ်သံလေးကို မကြားရတာဘယ်လောက်ကြာနေပြီလဲလေ...

ထိုခေါ်သံလေးကိုသူလွမ်းပါသည်။
အသံပိုင်ရှင်လေးကိုတော့ ပိုလွမ်းသည်။

စိတ်ကိုအလိုလိုက်ကာ နှလုံးသားစေညွှန်းရာကိုသွားကြည့်ပြန်တော့လည်း လွမ်းရသူက အရိပ်အယောင်ပင်မပြ။ 'ငယ်လေး အပြင်ထွက်သွားတယ်'ဆိုသည့်စကားက ရင်ကို မီးနှင့်မြှိုက်လိုက် သလိုပင်။

....ကိုယ်မရှိတဲ့ဘဝမှာ မင်းနေပျော်နေပြီပေါ့....
အဟက်...ကိုယ်မင်းကိုချုပ်ထားခဲ့သလိုများ ဖြစ်ခဲ့လို့လား...ဘယ်တော့မှတစ်ယောက်တည်းအပြင်မသွားတတ်တဲ့ကလေးက ၃၊၄ရက်လောက် ဝေးကွာသွားရုံနဲ့ ဒီလိုတွေလုပ်တတ်နေပြီပေါ့....

ဆူညံနေသည့်ပတ်ဝန်းကျင်ကိုပင် မေ့လျော့နေသည် အထိ အတွေးကမ္ဘာထဲရောက်နေသူ...။

ထိုစဉ်...

"အ! ဆောရီး...."

"....."

"ဆောရီးနော်...တို့သူငယ်ချင်းနဲ့ဆော့ရင်း မတော်တဆဖြစ်သွားတာ...အယ် အင်္ကျီစွန်းသွားလားမသိဘူး..."

အိညှက်ညှက်အသံနှင့် ရင်ဘတ်နေရာအားထိမလို တို့မလိုလုပ်နေသော ဣတ္ထိယမျိုးနွယ်ဝင်။

စကားပြောလိုစိတ် အလျဉ်းမရှိသည်မို့ တစ်ချက်စိုက်ကြည့်လိုက်သော်ငြား အနှီအမျိုးသမီးက ကိုယ့်သေတွင်းကိုယ်တူးရတာကြိုက်လေတော့...

"ယူက တို့ကိုစိတ်ဆိုးသွားတာလား...တို့ ယူ့အင်္ကျီကိုပြန်လျော်မယ်လေ...ယူ့ဖုန်းပေး...ဖုန်းနံပါတ်မှတ်ပေးမလို့...ယူမယုံမှာစိုးလို့နော်..."

ပြောပြောဆိုဆိုနှင့် ဝိုင်ခွက်နားက ဖုန်းကိုလက်လှမ်းလာသောကြောင့် စိတ်ကိုထိန်းချုပ်မရတော့။

"မင်း!!! တောက်!!!"

"အား!!!!!!"

ခွမ်း!!!!

စိတ်က အစကတည်းကမကြည်သည်မို့ မိန်းကလေးသော ဘာသောငဲ့မနေနိုင်တော့။ ဖုန်းကိုလှမ်းယူသလိုလိုနှင့် ရင်ခွင်ထဲအတင်းဝင်နေသည့် အနှီအမျိုးသမီးအား သနားစရာဘာအကြောင်းမှပင်မရှိသည်မို့ တွန်းထုတ်လိုက်သော်လည်း စိတ်ကဘယ်လိုမှမပြေနိုင်သည်မို့ လက်ထဲမှဝိုင်ခွက်ကိုပါ ပေါက်ခွဲလိုက်မိသည်။

ကန့်လန့်ဆန်သောအချစ် Donde viven las historias. Descúbrelo ahora