အခန်း - ၃၂

33.4K 3K 319
                                    

Unicode //

"ဘာလဲ....ဒီအဆောက်အအုံတစ်ခုလုံးရဲ့ပိုင်ရှင်က မင်းဆိုတာကို ဖုံးကွယ်ထားတာ ဒါကြောင့်လား"

"အေး"

"ဒါဆို နှိုင်းလေးနဲ့ပတ်သတ်ပြီး မင်းကကြိုသိနေခဲ့တာလား"

"သိတယ်....ဒါပေမဲ့ မသိဘူး"

ဈာန်း၏အဖြေကြောင့် ကောင်းထက်ယံရော
ရဲရင့်နိုင်ပါ နားရှုပ်သွားကြသည်။

"ဘာတုန်း...သိတယ် မသိဘူးကဘာလဲ"

"သူဘယ်လိုပဲကမ္ဘာပတ်နေနေ ငါ့ဆီပြန်ရောက်မယ်ဆိုတာ ငါသ်ိတယ်.... ဒါပေမဲ့ ဒီအတောအတွင်း သူဘယ်မှာလဲ၊ဘာဖြစ်နေခဲ့လဲတော့ငါမသိဘူး"

"ဟမ်....ဒါဆို ဘာမှမသေချာပဲနဲ့ ဒါကြီးတွေကိုထလုပ်လိုက်တာပေါ့"

နှစ်ယောက်သား မျက်လုံးပြူးသွားကြသည်။

ဒီကောင် ဘာလဲ....အကြားအမြင်ရနေတာလား....

"နေပါဦး....နေပါဦး....အဲ့ကောင်လေးက
နှိုင်းလေးဆိုတာ မင်းသေချာလို့လား"

"တစ်ကိုယ်လုံးမြင်နေရတာတောင် မမှတ်မိရင်
ငါ အငယ့်ကိုချစ်တယ်လို့တောင်မပြောတော့ဘူး"

ထိုစဉ်....

ဒေါက်....ဒေါက်....

"ဝင်ခဲ့"

အသံအဆုံးတွင် တံခါးကချောက်ခနဲပွင့်သွားပြီးနောက် ရဲရင့်နိုင်၏ အတွင်းရေးမှူးမလေး ဝင်လာသည်။ အမှန်တကယ်တော့ ဤ SZ Buildingကြီးကို အုပ်ချုပ်နေရသည်က ရဲရင့်နိုင်နှင့်ကောင်းထက်ယံပင်။ သူတို့ကို ဈာန်းက အတင်း Shareဝင်ခိုင်းပြီး Shareအများဆုံးသူကဘာမှမလုပ်ဘဲ သူတို့ကိုသာလက်လွှဲထားခြင်း။

ကောင်းထက်ယံခမျာလည်း အလုပ်ပေါင်း
သောင်းခြောက်ထောင်ကြား ခေါင်းပင်မဖော်နိုင်သည်မို့ ရဲရင့်နိုင်ကိုသာ အများဆုံးလွှဲထားလိုက်တော့သည်။

"ဘယ်လိုလဲ လူချင်းတွေ့ခဲ့ရလား"

"မတွေ့ခဲ့ရဘူး Boss....သူ့ လက်ထောက်နဲ့ပဲတွေ့ခဲ့ရတာ....သူခရီးပန်းလို့နားနေတယ်တဲ့....သူစိတ်ဝင်စားတယ်ဆိုရင် ပြန်ဆက်သွယ်ပါ့မယ်တဲ့"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now