အခန်း - ၂၅

37.6K 3.2K 282
                                    

Unicode //

နိုးနိုးချင်း ရလိုက်သည့် ကိုယ်သင်းနံ့သင်းသင်းလေးကြောင့် ဈာန်း ပြုံးလိုက်မိသည်။ ရင်ခွင်ထဲရှိ က်ိုယ်သင်းနံ့ပိုင်ရှင်လေးကို အသည်းယားလာသည်မို့ ခပ်တင်းတင်းဖက်လိုက်မိပြီး နဖူးထက်သို့အနမ်းခြွေမိသည်။

မပစ်မှားရက်လောက်အောင် မြတ်နိုးနေရပြီမိုလ မိမိစိတ်ကိုထိန်းချုပ်ကာ ထိုနဖူးလေးထက် သို့ပဲ အနမ်းခြွေနေမိသည်မှာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့။

"ကျွန်တော့် နဖူးလည်းပေါက်သွားပါဦးမယ်"

မျက်လုံးမဖွင့်ဘဲ ပြောလာသူကြောင့်....

"အဟွန်း....အငယ့်ကို အဲ့လောက်ချစ်ဖို့ကောင်းဖို့ ဘယ်သူကခွင့်ပြုထားလို့လဲ....ကဲ...နိုးရင်ထတော့လေ...."

"အင်း....၅မိနစ်....၅မိနစ်ပဲ...."

အိပ်ချင်မူးတူးအသံလေးနှင့်ပြောကာ ရင်ခွင်ထဲမျက်နှာအပ်လာသော အကောင်ပေါက်လေး။ဒီလူသားလေးကိုပိုင်ဆိုင်လိုက်ရသည်ကိုက
သူ့အတွက်ကံကောင်းခြင်းမည်၏။

ချစ်စကားပြောခွင့်မပေးသူလေးအား ထိုစကားထက်ပိုလေးနက်သော စကားများဖြင့်သိမ်းသွင်းထားမည်။ဒီရင်ခွင်မှတစ်ပါး ကူးပြောင်းခွင့်မပေးနိုင်ပါ။

ချစ်ရလိုက်တာ ကလေးရယ်....

ထိုစဉ်....

Ringing....

ဖုန်းသံကြောင့်လူးလွန့်လာသူလေး၏ကျောပြင်အား အသာပုတ်ပေးကာ ပြန်အိပ်စေလိုက်ရင်း ဖုန်းကိုယူကြည့်လိုက်တော့ ကောင်းထက်ယံ။

"Hello...."

"ဈာန်း....မာန်လေးနဲ့ပြည့်သျှင် Accidentဖြစ်လို့..."

"ဘာ"

အသံကြိတ်ကြိတ်ပြောလိုက်သော်လည်း နားပါးသူလေးက စိုးရိမ်မျက်ဝန်းတို့ဖြင့် ရင်ခွင်ထက်မှမော့ကြည့်လာသည်။

"ဘာဖြစ်သွားသေးလဲ....အခု သူတို့ဘယ်မှာလဲ"

"ကြီးကြီးကျယ်ကျယ်တော့ဖြစ်မသွားပေမယ့် မာန်လေးက အရမ်းလန့်ပြီး သတိမရသေးဘူး"

"မင်းကဘယ်လိုသိတာလဲ...အခုသူတို့ဘယ်မှာလဲ...ငါခုလာခဲ့မယ်"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now