အခန်း - ၅၃

27.6K 2.6K 229
                                    

Unicode //

2 months later,

Ringing....

Tsk!! ဒီအချိန်ကြီးအလိုက်ကမ်းဆိုးမသိကွာ...

နှိုင်းမန် စိတ်ပေါက်ပေါက်ဖြင့် ဖုန်းမကိုင်ဘဲ နားကိုခေါင်းအုံးဖြင့်ဖိပိတ်ကာ ပေအိပ်နေလိုက်သည်။ ဒီလိုမျိုးတွေကြုံရရင် လွန်ခဲ့တဲ့နှစ်တွေက အသံတွေသိပ်မကြားရသည့်အချိန်ကို မတမ်းတကောင်းသော်ငြား တမ်းတမိသည်။

အဲ့ချိန်တုန်းကဆို အိပ်ချင်သလောက်အိပ်၊ ခုလိုအနှောင့်တွေမရှိဘူး...

အခုကလည်း ပကတိပြန်ကောင်းသည် မဟုတ်သော်လည်း ပုံမှန်စကားပြောသံတွေကို ကြားရပြီမို့ နားကြပ်မတပ်ဖြစ်တော့ပါ။

ကိုကို့ကို မတွေ့ရတော့တဲ့အချိန်တွေမှာ ကျွန်တော်အများကြီးပြောင်းလဲသွားတယ် သိလား...

နှိုင်းမန်တစ်ယောက် အတွေးများဖြင့် မှေးခနဲဖြစ်သွားသည်။ အိပ်မက်ထဲတွင် ကိုကိုနှင့်တွေ့ရပါသည်။ ဘယ်ချိန်တွေ့တွေ့ ကိုကိုသည် ကျွန်တော့်ကိုအမြဲလက်ကမ်းကြိုဆိုနေဆဲသာပင်။

အိပ်မက်မက်နေတယ်ဆိုတာ ကျွန်တော်သိသော်လည်း ဤသို့အိပ်မက်မက်တိုင်း စိတ်ချမ်းသာပါသည်။ ထို့နောက် ကိုကို့ဆီသို့ တစ်လှမ်းစီလှမ်းသွားပြီး ကိုကို့ရင်ခွင်ထဲ တိုးဝင်ဖို့အလုပ်....

Ringing...

ချီးပဲ!!!

နှိုင်းမန်တစ်ယောက် စိတ်တိုတိုဖြင့်ဖုန်းကို ကောက်ကိုင်လိုက်ပြီး....

"ဘာလဲဗျာ!!"

"ဘာကို ဘာလဲဗျာလဲ... စိတ်တိုနေတဲ့အသံနဲ့ မပြောနဲ့"

"ချီးပဲဗျာ.... ခင်ဗျား အစ်ကို့ကိုရစ်ရတာမဝသေးရင် မှန်ကြည့်ပြီး ကိုယ့်ဘာသာထိုင်ရစ်နေလိုက်...
ကျွန်တော် အိပ်ရေးမဝဘူး...ဒါပဲ"

ပြောပြီး ဖုန်းချလိုက်သော်ငြား ချက်ချင်းပြန်ခေါ်လာသောကြောင့် တစ်ဖက်မှအနှောင့်အယှက်ကို စိတ်မှန်းဖြင့် လက်ခလယ်ထောင်ပြလိုက်သလို အပြင်တွင်လည်း လက်ခလယ်တစ်ချောင်းကို အဝင်ပြနေသော ဖုန်းစခရင်ရှေ့သို့ အားရအောင်ထောင်ပြလိုက်ပြီးမှ ဖုန်းကိုင်လိုက်ကာ....

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now