အခန်း - ၂၂

58.4K 3.9K 127
                                        

Unicode //

"အပြင် ခဏလောက်ထွက်ပေးပါလား"

ပြောလိုက်တော့ ကြေကွဲရိပ်သန်းနေသော မျက်ဝန်းတွေနှင့် ကြည့်လာသူကြောင့် နှိုင်းမန် မျက်နှာပြန်လွှဲလိုက်မိသည်။

ဒါပေမဲ့ ဒီလိုမလုပ်လို့မှမဖြစ်ပဲလေ....

အခန်းထဲမှာရှိနေသည့် တတိယလူက အားနာစိတ်အလျဉ်းမရှိတဲ့ သူမျိုး။ကိုယ့်ကိုနာကျင်အောင်မလုပ်ပေမဲ့ ကိုယ်ဂရုစိုက်တဲ့သူတိုင်းကို ဒုက္ခပေးတတ်တဲ့သူ။

ကိုယ့်ကြောင့် သူထိခိုက်မှာကို သူကဘယ်လိုကြည့်နေနိုင်မှာလဲ...ဆောရီး ကိုကို...ကျွန်တော့်မှာ မပြတ်သေးတဲ့ကိစ္စတွေရှိသေးလို့
သည်းခံပြီး စောင့်ပေးပါ...

"ဒီနေ့ကြည့်လို့ ပြီးဦးမှာလား Babe"

"ကိုယ့်ယောက်ျားကိုယ်ဘယ်လောက်ကြည့်ကြည့် ခင်ဗျားနဲ့ဘာဆိုင်လဲ"

"အဟက်....အဲ့စကားထပ်ပြောရဲရင် ထပ်ပြောကြည့် Babe"

"ခင်ဗျားကို ကြောက်လို့တော့မထင်နဲ့ ချိန်....
ခင်ဗျားက ခွေးရူးလိုသတ္တဝါမလို့ ရှောင်တာ"

"ဟားဟား....ကိုယ်မင်းကိုအရမ်းအလိုလိုက်ထားမိပြီထင်တယ်"

ပြောပြီး ပါးကိုပွတ်သတ်သလိုလုပ်လာသောကြောင့် မျက်နှာကို ဆတ်ခနဲလွှဲလိုက်မိသည်။သိုလက်ကလှုပ်မရသည့် အခြေအနေကြောင့် ပုတ်ချ၍မရ၍လွတ်မသွား။

ထိုစဉ်....

ခွပ်!

"ဟာ ကိုဈာန်း မလုပ်နဲ့...တော်တော့ မလုပ်နဲ့တော့"

ထပ်ထိုးဟန်ပြင်လိုက်မိပေမယ့် အငယ့်တားသံ
ကြောင့်ရပ်လိုက်မိသည်။

"ဟက်ဟက်....ကိုယ်လက်ထပ်ထားတဲ့သူကို
သံသယဖြစ်စရာလူနဲ့ အခန်းထဲမှာ ၂ယောက်ထဲထားခဲ့ကတည်းက ခင်ဗျားကိုအထင်မကြီးတော့တာ....ခင်ဗျားနေရာမှာ ကျုပ်သာဆို သေလုမြောပါးဖြစ်အောင်ထိုးပြီးပြီ...."

ထို့နောက် တိုင်းက နှုတ်ခမ်းမှသွေးစတို့ကို လက်မနှင့်အသာလေးသုတ်လိုက်ပြီး ဈာန်းကိုလှောင်ကာရယ်လိုက်ပြီး...

ကန့်လန့်ဆန်သောအချစ် Место, где живут истории. Откройте их для себя