အခန်း - ၆၅

31.7K 2.5K 150
                                    

Unicode //

ဒီရက်ပိုင်း နှိုင်းမန် ကိုကို့ကို သတိထားမိနေသည်။ တစ်ယောက်တည်း တစ်ခုခုကိုကြိတ်လုပ်နေပုံရသည်။ သူမေးတော့လည်း ဘာမှမပြော။ အမြဲစကားကိုရှောင်သည်။ ဟိုနေ့က မဟာဘက်က ထိသွားသည့်ကိစ္စက ကိုကို့လက်ချက်မှန်းသိသာပါသည်။

မပြောချင်သည့်ကိစ္စကိုမသိချင်ပေမဲ့ ဒီကိစ္စတွေမှာက အတူတူဖြေရှင်းရမှာမဟုတ်ဘူးလား...

သူ့ကိုမတိုင်ပင်သည့်ကိုကို့ကို အနည်းငယ် စိတ်ကွက်ချင်ပါသည်။

ထားပါတော့...အဆင်ပြေကာစကို သူကပဲ သဘောထားကြီးပေးလိုက်ပါ့မယ်...

နောက်ပြီး ဒီနောက်ပိုင်း ကိုကို ဆေးသောက်တာ သိပ်မတွေ့တော့။ သူကလည်း ညတိုင်းအစောကြီးအိပ်ပျော်သွားတတ်သည်မို့ သတိမထားမိ။ ကိုကို့ကျန်းမာရေးအခြေအနေက အားရစရာတော့ကောင်းလာသည်။ ခေါင်းကိုက်တာဘာညာမရှိတော့။

သူမမှတ်မိသည့်ကိစ္စမျိုးတွေဆို ကိုကောင်းတို့က သေချာလေးရှင်းပြသည်မို့ ယခုဆို အတိတ်မေ့ထားသည့်သူနှင့်ပင်မတူတော့ ။ ဟိုနေ့ကလည်း နှစ်ဖက်မိဘတွေ၊ မာန်လေးတို့တွေနှင့် Video callပြောဖြစ်သေးသည်။

ဒါပေမဲ့ ဒီနေ့ကတော့ တော်တော့်ကိုမသင်္ကာစရာကောင်းနေသည်။ အမြဲ ကဲကဲသည်းသည်းလူက မနက်စာပြင်ပေးပြီးကတည်းက "အငယ် ကိုယ်ဒီနေ့လုပ်စရာရှိလို့"ဆိုပြီး နဖူးကိုတစ်ချက်နမ်းကာ အိပ်ခန်းထဲဝင်သွားသည်မှာ ခုထိကိုပြန်ထွက်မလာသေး။

နှိုင်းမန် လက်ထဲမှပေါက်စီကို တစ်ကိုက်ကိုက်လိုက်ပြီး...

တစ်လုတ်မြောက် - မေးမယ်

နှစ်လုတ်မြောက် - မမေးဘူး

သုံးလုတ်မြောက် - မေးမယ်

-
-
-
-
၁၀လုတ်မြောက် - မမေးဘူးအတွက် ကျန်ခဲ့သောတစ်လုတ်စာ သေးသေးလေးကို တစ်ဝက်လောက် သေးသေးလေးပဲကိုက်လိုက်ပြီး နောက်ဆုံးကျန်ခဲ့သော အပိုင်းအစသေးသေးလေးကို ပါးစပ်ထဲထည့်ကာ...

"၁၁လုတ်မြောက် - မေးမယ်"ဟူ၍ အသံထွက်ကာ ရေရွတ်လိုက်သည်။

တကယ်တော့ ဘာပဲဖြစ်ဖြစ် မေးကိုမေးမှာပဲလေ...အရာအားလုံးက သူ့ပါးစပ်ထဲမှာပဲရှိတာ ကိုက်ချင်သလိုကိုက်မှာပေါ့...

ကန့်လန့်ဆန်သောအချစ် Tempat cerita menjadi hidup. Temukan sekarang