အခန်း - ၅

46.6K 3.6K 419
                                    

Unicode //

"ငယ်လေး အခုတလောဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး....ဘာလို့လဲ"

"မမကိုမညာနဲ့နော်.....ငယ်လေးတစ်ခုခုဖြစ်နေတာမမသိတယ်"

"ဟာ...မမကတော့စားပြီဗျာ... တကယ်ဘာမှမဖြစ်ဘူး"

"ထားပါတော့...အိပ်ချင်ယောင်ဆောင်နေတဲ့သူကနှိုးရအခက်ဆုံးမလို့ဆက်မမေးတော့ပါဘူး ... ဒါပေမဲ့ ငယ်လေးမှာ အခက်အခဲရှိနေရင် မမကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ်နော်...ကြားလား"

"အင်းပါဗျာ....အပျိုကြီးကလည်းပွားလိုက်တာ"

"ဘာ.....ငယ်လေးနော်....မမက ငယ်လေးကိုစိတ်မချလို့"

"တော်ပါဗျာ...ကြာရင်ကိုသီဟကြီး ကျွန်တော့ကိုကျိန်ဆဲတော့မယ်....မြန်မြန်ယူရင်လည်းယူကြတော့..."

"ဪ ရက်ရောလိုက်တဲ့ ငါ့မောင်....ပြီးမှ မမကိုလွမ်းတယ်လာမလုပ်နဲ့...ဟွန်း...."

ဒေါသမပါတဲ့မျက်စောင်းနှင့် ကြည့်ပြီးထွက်သွားသော မမကြောင့် နှိုင်းမန်ပြုံးလိုက်မိသည်။
ကိုသီဟကိုလက်ထဲ မမကိုထည့်လိုက်ရမှာက မမကိုခုလိုတစ်ယောက်ထဲနေခိုင်းတာထက် ပိုစိတ်ချရသည်ဆိုတာကိုတော့ ထုတ်မပြောဖြစ်။

.....ကိုယ့်အစ်မကို မနှမျောပဲရှိပါ့မလား...ပြေးကြည့်မှဒီမောင်နှမနှစ်ယောက်ပဲရှိတာကို.....

ဟိုတွေးဒီတွေး တွေးနေရင်း ရုတ်တရက်သတိရလိုက်မိတာက အငယ်ဟုအမြဲခေါ်တတ်သည့် တစ်ယောက်သောသူ။ ကိုယ့်ကို သူ့ညီလေးဟုအမြဲပြောတတ်သည်။

ဒါနဲ့...နေပါဦး....ဟိုစကားကဘာအဓိပ္ပါယ်လဲ...
'အငယ်က အခြောက်မဖြစ်ရဘူး'ဆိုတာ ဘာလဲ...ကိုကိုက အခြောက်တွေကိုမုန်းတာလား...
ဘာလို့မုန်းတာလဲ....

ထို့နောက် အတွေးမျိုးစုံတွေးပြီး အလုပ်မရှိအလုပ်ရှာ မေးခွန်းထုတ်နေမိသောကိုယ့်ကိုယ်ကိုယ် သတိထားမိသွားသည်မို့...

....ထားပါ ငါကအခြောက်မှမဟုတ်တာ...ကိုကို ငါ့ကိုမုန်းစရာအကြောင်းကိုမရှိဘူး....

....ဟား...နှိုင်းစေတမန်...ဘာတွေတွေးနေတာလဲ...သူဘာသာမုန်းမုန်း မမုန်းမုန်း မင်းနဲ့ဘာဆိုင်လို့ဝမ်းသာနေရတာလဲ...အိပ်လိုက်တော့....အိပ်တော့ အချောလေးရေ......

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now