အခန်း - ၄၆

35.1K 2.8K 120
                                    

Unicode //

အခန်းငယ်တစ်ခု။
ညမီးလုံးလေးတစ်လုံးသာ ဖွင့်ထားသည်မို့ အခန်း၏ အလင်းရောင်က မှိန်ပျပျ ။ ပြတင်းများမရှိသော အလုံပိတ်အခန်းဖြစ်သောကြောင့် အခန်းတွင်းလေထုကလည်းလတ်ဆတ်မနေ။ ထိုအခန်းငယ်လေး၏ ထောင့်တစ်ထောင့်တွင်တော့
ကြုံ့ကြုံ့လေးထိုင်ကာ ငိုနေသောကောင်လေးတစ်ယောက်ရှိ၏။

"ကိုရာ အထဲမှာလား"

"သခင်လေးက ဆေးသောက်ပြီးအိပ်တော့မှာမလို့ ဘယ်သူမှမနှောင့်ယှက်ဖို့မှာထားပါတယ်
အစ်ကိုလေး..."

"ထားတော့...သူနိုးလာရင် ငါ့ကိုအကြောင်း
ကြား...အသံကိုနည်းနည်းနားစွင့်ထားဦး...
ညည်းသံတွေဘာတွေကြားရင် ငါ့ကိုလာခေါ်..."

"ဟုတ်ကဲ့ အစ်ကိုလေး..."

တဖြည်းဖြည်းဝေးကွာသွားသော ခြေသံများကို တိတ်တဆိတ်နားထောင်ရင်း ရာစုပြုံးလ်ိုက်မိသည်။ ဒီနောက်ပိုင်း ရန်လေးတစ်ယောက် သူ့ကိုအရင်ကလိုပြန်ဆက်ဆံနေသည်မဟုတ်ပါလား။ မျက်ရည်များကြားမှ ပီပီပြင်ပြင်အသံထွက်ပြီးရယ်မိသည်။

....ခင်ဗျားသိလား....ကျွန်တော့်ကိုစိတ်ဆိုးနေတဲ့ညီလေးကတောင် ကျွန်တော့အပေါ်ပြောင်းလဲနေပြီ.... ခင်ဗျားကတော့ ကျွန်တော့်ဖြစ်တည်မှုကိုတောင် သတိမပြုမိဘူးမလား....ခင်ဗျားနောက်ကို တကောက်ကောက်လိုက်ခဲ့တဲ့ကောင်လေးတစ်ယောက် ပျောက်သွားတာတောင်
သတိပြုမိခဲ့ရဲ့လား....

ခင်ဗျားကြောင့်....ခင်ဗျားတစ်ယောက်ကြောင့် ကျွန်တော်ပြောင်းလဲခဲ့တာတွေကို ခင်ဗျားကတော့ သိမှာတောင်မဟုတ်ဘူး.... စောင့်ခဲ့ပြီးပြီ အစ်ကို....ခင်ဗျားကို ကျွန်တော် အကြာကြီးစောင့်ခဲ့ပြီးပြီ.... ကျွန်တော် ခင်ဗျားကြောင့် ပေးဆပ်ခဲ့ရတာတွေအများကြီး အစ်ကိုရဲ့....

ခင်ဗျားဘေးမှာ တစ်ခါမှနေရာမလွတ်ခဲ့ဘူး....
ခင်ဗျားက ကျွန်တော့်ကိုတစ်ချက်တောင် ငဲ့စောင်းမကြည့်ခဲ့ဖူးဘူး.... မယုံဘူး အစ်ကို.... ခင်ဗျား ကျွန်တော့်ကို သတိတောင်မထားမိဘူးဆိုတာ ကျွန်တော်တကယ်မယုံဘူး.... ခင်ဗျားရဲ့မွေးစားညီကိုချစ်နေတုန်းက ကျွန်တော်လက်လျှော့ဖို့စဉ်းစားဖူးပါတယ်.... ဒါပေမယ့် ကျွန်တော်က ခင်ဗျားနဲ့ပတ်သတ်လာရင် ရူးသွပ်တယ် အစ်ကိုရဲ့...

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now