အခန်း - ၆

43.2K 3.4K 509
                                    

Unicode //

Ringing....

"ဟား.....ဆူညံနေတာပဲကွာ....."

ဘယ်ချိန်ကတည်းကမြည်နေမှန်းမသိသော ဖုန်းသံကြောင့် ဈာန်းဦးခိုက် မျက်လုံးတို့ကိုမဖွင့်ပဲငြီးတွားလိုက်မိသည်။ထို့နောက်ဖုန်းကိုလက်နှင့်စမ်းယူလိုက်ပြီး...

"Hello...."

"ပြဿနာတွေရှာထားပြီး ဘာလို့ခုမှဖုန်းကိုင်တာလဲ Bossရာ....တစ်ညလုံးဖုန်းခေါ်တာလည်းမကိုင်ဘူး....ဘာပဲဖြစ်ဖြစ် ...၂ယောက်လုံးအပြင်မထွက်နဲ့ဦးနော်..."

....ဘာလဲဟ ဖုန်းမှားနေတာလား...ဒီကောင်ဘာတွေလာပြောနေတာလဲ.....

"ဟေ့ကောင်....မင်းဘာတွေလာပြောနေတာလဲ...ငါက မင်းBossနော်....ဈာန်းဦးခိုက်ကွ"

"ဟား.....Bossရာ....ကိုယ့်ကိုယ်ကိုဘယ်နေရာရောက်နေလဲဆိုတာမျက်လုံးဖွင့်ကြည့်ဦး.... ပြဿနာရှာထားတာ Bossနော်...."

ဟမ်....ငါက ဘယ်ရောက်နေလို့လဲ...

ကောင်းထက်ယံအပြောကြောင့် ဈာန်း မျက်လုံးကို အမြန်ဖွင့်ကြည့်လိုက်မိသည်။ ထို့နောက် အလန့်တကြားနှင့် ဝုန်းခနဲထထိုင်လိုက်မိပြီး....

"ဟာ....ဒါကဘယ်နေရာတုန်း.....ဟေ့ကောင် ထက်ယံ....ငါဘယ်ကိုရောက်နေတာလဲ..."

"ဒီလောက်နဲ့လန့်မနေနဲ့ဦး....ကိုယ့်ဘေးနားကိုလည်းပြန်ကြည့်လိုက်ဦး...."

သက်ပြင်းချပြီးပြောလိုက်သော ကောင်းထက်ယံစကားကြောင့် ဈာန်းဦးခိုက် နံဘေးကိုကြည့်လိုက်မိသည်။

လူကိုစောင်နှင့်ပတ်ထားသလိုပုံစံဖြစ်နေတာကြောင့်...

"ဘာလဲဟ....လူလား....ဘယ်သူလဲ...."

ဝုန်းခနဲ ကုတင်ပေါ်ကခုန်ချလိုက်မိသည်အထိလန့်သွားသည်။

ထို့နောက် ကိုယ့်ကိုယ်ကိုပြန်ငုံ့ကြည့်လိုက်တော့ အတွင်းခံတစ်ထည်သာကိုယ်ပေါ်မှာရှိသောကြောင့် မျက်လုံးပြူးရပြန်သည်။

တစ်ခါမှဒီလိုမအိပ်ဖူးတာမို့ မျက်မှောင်ပင်စုကြုံ့မိလိုက်သည်အထိ။ ထို့နောက် ကုတင်ထက်ဆီ အကြည့်တို့ကရောက်သွားပြီး...

....စိတ်အေးအေးထားစမ်း ဈာန်းဦးခိုက်.....

ကိုယ့်ကိုယ်ကိုအားပေးပြီးနောက် ကုတင်ထက်စောင်နှင့်လုံးထွေးနေသည့်ခန္ဓာကိုယ်ထက်မှ စောင်ကိုဆွဲဖယ်လိုက်တော့....

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now