Unicode //
Mahar Construction Company၏ ရှယ်ယာရှင်အစည်းအဝေး...
အကြီးပိုင်းမှစထိတာမလို့ မဟာ Group၏ လက်အောက်မှ လုပ်ငန်းများအားလုံး အကုန်ထိခိုက်ကုန်သည်။ အထိခိုက်ဆုံးကတော့ မဟာဆောက်လုပ်ရေးကုမ္ပဏီပင်။
GMကိုယ်တိုင်က ငွေတွေလိမ်ယူသွားသည်မို့
ရှယ်ယာရှင်များအားလုံးဒုက္ခရောက်မလိုဖြစ်နေကြသည်။ CEOဆိုသူကလည်း ရုံးချုပ်၏ နယ်ရုပ်မလို့ ဘာမှမဖြေရှင်းတတ်။ ရုံးချုပ်မှ MDကိုယ်တိုင်ဆင်းလာမည်ဆိုသည့်သတင်းကြောင့် ငြိမ်နေလိုက်ရပေမယ့် ထို MDကိုယ်တိုင်ကထပ်ထိလေတော့...။"ကဲ ဦးမင်းခေါင် ခင်ဗျားတို့ဘက်က ဘယ်လိုတာဝန်ယူပေးမှာလဲ"
Company၏ CEOပင်ဖြစ်လင့်ကစား မိမိမှာဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိသည်မို့ ဦးမင်းခေါင်ငြိမ်နေမိသည်။
ထိုစဥ်....
အစည်းအဝေးတံခါးပွင့်လာပြီး အမျိုးသား၂ယောက်ဝင်လာသည်။
"သူတို့ကဘယ်သူတွေလဲ"
"ဟာ...ရှေ့ကတစ်ယောက်က 'စေ' Companyရဲ့ CEOမလား"
"သူကဘာလာလုပ်တာလဲ"
အခန်းထဲရှိ Shareရှင်တစ်ချို့ အချင်းချင်း တီးတိုးအမေးအဖြေလုပ်နေကြစဥ်တွင် အစောပိုင်း ဘာမှဝင်မပြောဘဲထိုင်နေသော Shareရှင် ၁၁ယောက်က မတ်တပ်ရပ်လိုက်ကြသည်။
"ဟင် သူတို့က..."
ထို ၁၁ယောက်လုံးက ဝင်လာသော အမျိုးသားနှစ်ယောက်ကို ဦးညွှတ်ကာ ထွက်သွားကြသည်။
မြဲစေက Meeting Roomကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြုံးလိုက်ကာ...
"ကျွန်တော်က တည်မြဲစေပါ...သိတဲ့သူတွေသိကြမယ်လို့ထင်ပါတယ်"
ဦးမင်းခေါင် ဝင်လာသော လူငယ်လေးကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီကောင်လေးကို "စေ" ကုမ္ပဏီ၏ CEOအဖြစ်မြင်ဖူးပါသည်။
ဒါပေမယ့် သူက ဒီကိုဘာလာလုပ်တာလဲ...ဟို ရှယ်ယာရှင်လေးတွေကရောဘာလို့ထွက်သွားကြတာလဲ...ရှယ်ယာအနည်းငယ်သာပိုင်ဆိုင်ကြသူတွေမလို့ သူမမှုခဲ့ပေမယ့် ခုက ဘာတွေဖြစ်တော့မှာလဲ...

ESTÁS LEYENDO
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...