အခန်း - ၃၁

33.2K 2.9K 108
                                    

Unicode //

ဈာန်းတစ်ယောက် စားဖို့သောက်ဖို့ပင်
သတိမရဘဲ အခန်းထဲအောင်းနေပြန်သည်။ သူ့ Laptop screenတွင် ပြသနေသည့် Video ၁၅မိနစ်စာလေးကိုအခေါက်ခေါက်အခါခါကြည့်နေမိသည်မှာ ဘယ်နှစ်ကြိမ်မြောက်မှန်းပင်
မသိတော့။

Pauseလုပ်လိုက် Zoomဆွဲကြည့်လိုက်နဲ့
တစ်ယောက်တည်းအလုပ်တွေရှုပ်နေသည်ကို သူများမြင်လျှင် ရူးနေပြီဟုတောင်ထင်နိုင်သည်။
အချိန်ကိုလည်း သူဂရုမစိုက်နိုင်။ သူစိတ်ဝင်စားနေသည့်အရာသည် ဤvideoလေးထဲတွင်သာရှိသည်မို့...။

တိတျကျကျပြောရလျှင် videoထဲက ကောင်လေး။တစ်ကိုယ်လုံးအဖြူရောင်ဝတ်ထားကတည်းက တစ်ယောက်သောသူကို တန်းခနဲသတိရမိပြီးသားပင်။

အစကတော့ ထိုကောင်လေးသည် ဤနိုင်ငံမှမဟုတ်တာကြောင့် အာရုံထဲပင်မရှိခဲ့။ နောက်တော့ မြန်မာနိုင်ငံသားတစ်ယောက်ဟူသည့်
သတင်းကတက်လာသည်မို့ အာရုံစ်ိုက်မိသွားသည်။

စကားပြောတတ်သည်လား၊မပြောတတ်သည်လားမသိ။ ပွဲစဉ်တစ်လျှောက်လုံး စကားတစ်ခွန်းတောင်မဟခဲ့သလို တပ်ထားသော maskနှင့် ဦးထုပ်ကိုပင်မချွတ်ခဲ့သည်မို့ ထိုကောင်လေး၏ မျက်လုံးများကိုပင်သေချာမမြင်ရပေ။

ဦးထုပ်အနက်အောက်တွင် ထင်းထွက်နေသည်က အပြာနုရောင်သန်းနေတဲ့ ငွေရောင်ဆံပင်ဖျားလေးများ။ Hoodieမအုပ်ထားနိုင်သည့် နေရာဟူ၍ လည်ပင်းနေရာသေးသေးလေးသာရှိသည်။ ထိုနေရာလေးကိုကြည့်ရုံနှင့် Hoodieအောက်က အသားအရည်သည် မည်မျှထိ ဖြူဥနုဖတ်နေမလဲဆိုတာ သိသာလှသည်။

တူသည်။ တူတာမှ တော်တော်လေးကိုတူသည်။ လမ်းလျှောက်ပုံရော၊ ဟန်အမူအရာတွေရော တစ်ယောက်တည်းလိုပင်။ အသံကြားရမည်ဆိုလျှင် ပို၍သေချာသွားနိုင်သည်မို့ ထိုကောင်လေးနှင့်တွေ့ရမှဖြစ်မည်။

တစ်ယောက်သောသူပျောက်သွားချိန်ကစပြီး ရပ်တန့်ခဲ့သော ရင်ခုန်သံသည် တစ်ဖန်ပြန်လည်လှုပ်ခတ်လာသည်။ ဒါတောင် လူကိုသေချာမတွေ့ရသေး။ သူ့အကြောင်းတွေးမိရုံနှင့်ပင် ရင်ထဲလှိုက်ကာ နွေးနေရပါသည်။

.....အငယ်ကိုယ့်ဆီပြန်လာတော့မှာ ကိုယ်သိတယ်.....ကျန်တာတွေက လှည့်စားနေရင်တောင် ကိုယ့်ရင်ခုန်သံက ကိုယ့်ကိုလှည့်စားမှာမဟုတ်ဘူး.....သေချာတယ်.....အဲ့ဒါ မင်းပဲ.....

ကန့်လန့်ဆန်သောအချစ် Où les histoires vivent. Découvrez maintenant