အခန်း - ၂၉

32.7K 2.9K 18
                                    

Unicode //

Screenထက် အက်ကွဲကြောင်းတော်တော်များများ နေရာယူနေသော ပိုင်ရှင်မဲ့ဖုန်းလေးကိုကိုင်ရင်းစိတ်နှင့်ခန္ဓာကွဲကွာလုနီးနီး ဖြစ်နေသူ။

"ဈာန်း....ဟေ့ကောင်....စိတ်ထိန်းထားစမ်းပါ....
ခေါင်းဖြူလေးလောက်အသက်ပြင်းတာ
ခေါင်းဖြူလေးပဲရှိတယ်....ငါတို့သူ့ကိုရှာရမယ်လေ"

ပြည့်သျှင်လည်း ဈာန်းကိုအားပေးနေရပေမယ့် ရင်ထဲမှာတော့ပူလောင်နေသည်။သူနှင့်နှိုင်းမန်က မတည့်သော်လည်း ထိုကောင်လေးကို သူသံယောဇဉ်ရှိသည်။ ညီလေးတစ်ယောက်လိုသဘောထားပြီး စနေရတာကိုသဘောကျပါသည်။

ရဲစခန်းတွေကို အကြောင်းကြားထားပေမဲ့ ခုထိဘာသတင်းမှမရသေး။ ဆေးရုံပေါင်းစုံနှံ့နေအောင်ရှာကြည့်ပေမဲ့လည်း မတွေ့။ ညနေဘက်ရောက်လာလေလေ စိုးရိမ်ရသည့်အခြေအနေသို့ ပိုရောက်လာလေလေဖြစ်သည်။

Time skip>>>

ခြံထဲကိုကားဝင်လိုက်သည်နှင့် အပြေးအလွှားထွက်လာကြသော အလင်း၊ မာန်လေးနှင့် ကောင်းထက်ယံ။

"ဘယ်လိုလဲ....အခြေအနေဘာထူးလဲ"

အလင်း၏ အလျင်စလိုမေးလိုက်သံနောက်တွင်
ပြည့်သျှင် ခေါင်းခါပြလိုက်သည်။

"ဟာ ကိုလင်း!"

"အလင်း!!!"

မျှော်လင့်ထားသလိုမဟုတ်သည့်အဖြေကြောင့် အလင်းအားတွေဆုတ်သွားသလိုခံစားရပြီး ကြမ်းပြင်ပေါ် ဒူးခွေကျသွားသည်။

နှိုင်းလေးက သူ့အချစ်ဆုံး၊သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်း၊ ညီအစ်ကိုအရင်းအခြာလို ချစ်ခင်ရတဲ့ သူငယ်ချင်း...

နေ့ခင်းက သူ့ကိုနှုတ်ဆက်သွားသည့် မျက်ဝန်းတွေကို မြင်ယောင်လာမိသည်။

သူ့ကိုစိတ်ထင့်စေတဲ့ထိုမျက်ဝန်းတွေ....
နေ့ခင်းကတည်းက သူဆွဲထားလိုက်ရမှာ...
ဒါမှမဟုတ်လိုက်သွားလိုက်ရမှာ....

အရာအားလုံး သူ့အမှားတွေချည်းပဲ....အပြင်ထွက်ဖို့ခေါ်တာလည်း သူပဲ....ကိုရီးယားသွားဖို့ စကားစခဲ့တာလည်း သူပဲ....U.Sကနေ cosmetics တွေမှာဖို့ စည်းရုံးခဲ့တာလည်းသူပဲ....

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now