အခန်း - ၂၇

33.2K 3K 11
                                    

Unicode //

The next day...

"မသွားရဘူး"

"ကိုဈာန်းရာ"

"မသိဘူး....မသွားရဘူးကွာ....ကိုယ်စိတ်မချဘူး"

"စိတ်မချစရာဘာရှိလို့လဲဗျာ....ကားက ကျွန်တော်မောင်းမှာမှမဟုတ်ဘဲ.....အလင်းမောင်းမှာလေ"

"မင်းကိုယ့်ရှေ့မှာအာ့လိုပြောပြီး ကွယ်ရာကျခိုးမောင်းမှာမလား"

"ကိုဈာန်း....အဲ့လိုမယုံမကြည်ပြောတာ ကျွန်တော်အမုန်းဆုံးနော် "

"မင်းကိုဘယ်လိုယုံရမှာလဲ...ဟမ်....
နည်းနည်းလောက်မျက်နှာလွှဲလိုက်တာနဲ့ တစ်ခုမဟုတ်တစ်ခုဖြစ်လာတာကို ကိုယ်က ဘယ်လိုစိတ်ချရမှာလဲကွ"

"တစ်ခါဖြစ်ဖူးတာနဲ့ အမြဲဖြစ်နေရမှာလား.... ကျွန်တော်လည်း ယောက်ျားပါဗျ....ဖြစ်လာရင်တောင် ကျွန်တော့ကိုယ်ကျွန်တော် ကာကွယ်နိုင်ပါတယ်"

"မသိဘူး....ကိုယ်လိုက်ပို့မယ်"

"ဟား....ကိုဈာန်းရာ....အလင်းနဲ့သွားမယ်ပြောပြီးသားကို အဲ့လိုလုပ်လို့ကောင်းမလား စဉ်းစားပါဦး"

"အဲ့ဒါပဲ....ဘာလုပ်စရာရှိလို့ ကိုယ့်ကိုမခေါ်နိုင်တာလဲ"

"သင်တန်းကိစ္စလို့ပြောပြီးပြီလေ....အဲ့လိုမယုံမ
ကြည်ဆက်မေးနေရင် ကျွန်တော်အမှန်တိုင်းဖြေလည်း အလကားပဲမလား....ဆက်မေးမနေနဲ့တော့"

"အငယ်! မင်း! တောက်!

ထိုစဉ်....

တီ....တီ....

"ငါလာပြီ"

"အငယ်!"

"Sorry ကိုဈာန်း....ကျွန်တော်လည်းယောက်ျားတစ်ယောက်ပါ....အမြဲမှီခိုမနေချင်ဘူး"

နှိုင်းမန် ပြောပြီးပြီးချင်း ဧည့်ခန်းထဲမှထွက်လာလိုက်ကာ ကားပေါ်တက်လိုက်သည်။ အလင်းက မျက်ခုံးပင့်မေးတော့ ပခုံးသာတွန့်ပြလိုက်မိသည်။

ကားပေါ်ရောက်သည်နှင့်...

"ခု ဘယ်သွားမှာလဲ"

"လိုအပ်တာတွေ အရင်ဝယ်တာပေါ့....
ပြီးရင် မင်းအိမ်မှာပဲဝင်ထားထားမယ်"

ကန့်လန့်ဆန်သောအချစ် Où les histoires vivent. Découvrez maintenant