Unicode //
ရန်လေး ကိုရာ့ကိုစောင့်နေရင်း စိတ်လှုပ်ရှားနေမိသည်။ ကိုရာ ဘယ်လိုပုံစံများဖြစ်နေမလဲ၊ အဆင်မှပြေပါ့မလားဆိုသည့်စိုးရိမ်စိတ်က ဒီနေရာကိုမလာခင်အထိရော၊ အခု ရောက်နေသည့်အချိန်မှာပါ နည်းနည်းမျှ လျော့မသွား။
ငယ်ငယ်ကတည်းက မဟာစံအိမ်တော်၏ အမွေခံသခင်လေးတစ်ယောက်အဖြစ် ရွှေဇွန်းကိုက်မွေးလာသော ကိုရာ့လိုလူက ဒီလိုနေရာမှာ ဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲ။ သူကတော့ ပါပါး၏ တရားမဝင်ကလေးတွေထဲကတစ်ယောက်။ သို့ပေမဲ့ ရိုဟန်နှင့်အတူနေရသည့်အချိန်မှစ၍ ပါပါးက သူ့ကို တစ်ပတ်တစ်ခါခေါ်တွေ့ခဲ့သည်။
ပါပါး၏ တစ်ဦးတည်းသော တရားဝင်သားဖြစ်သည့် ကိုရာက သူ့ကိုညီတစ်ယောက်အဖြစ်အသိအမှတ်ပြုခဲ့ပါသည်။ ရောက်တိုင်း ကိုရာနှင့်အတူကစားဖြစ်သည်။ ငယ်စဉ်က ကိုရာသည် သူ့အပေါ်အရမ်းကြင်နာသည့်အစ်ကိုတစ်ယောက်ဖြစ်ခဲ့ပါသည်။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုရာ့အပေါ်ထားသည့် သူ့စိတ်ကတော့ ဘယ်တော့မှမပြောင်းလဲပါ။
ချလောက်...
တံခါးဖွင့်သံကြောင့် ခါးမတ်လိုက်မိသည်။ ထို့နောက် မှန်ချပ်နောက်တွင်ပေါ်လာသောကိုရာ။
ပိန်သွားလိုက်တာ...
ရန်လေး ကိုရာ့ကိုကြည့်ကာ မျက်ရည်တို့ဝဲတက်လာသည်။ ပြောစရာစကားအပြည့်ဖြင့်လာခဲ့ပေမဲ့ စကားလုံးတို့က လည်ပင်းဝမှာပင်တစ်ဆို့နေသည်။ ထောင်သားဝတ်စုံနှင့်အတူ ချောင်ကျနေသော ကိုရာ့မျက်နှာလေး။
ကိုရာကသူ့ကိုပြုံးပြလာပြီး...
"လာတွေ့ပြီးတော့ ဘာမှပြောစရာမရှိဘူးလား"
ရယ်သံစွက်ကာမေးလာသော ကိုရာ့အသံကပေါ့ပေါ့ပါးပါး။ ဟိုအရင်အတိတ်တွေက သူ့ကိုကြင်နာခဲ့သော ကိုရာ့ပုံစံ။
"အရမ်းပိန်သွားတယ်"
"အင်း ထောင်ထမင်းကစားလို့မကောင်းဘူး"
နှာခေါင်းရှုံ့ကာပြောလာသောကိုရာ။ ရန်လေး အတွင်းနှုတ်ခမ်းကိုကိုက်ကာ ကိုရာ့မျက်နှာလေးကိုငေးနေမိသည်။
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...