အခန်း - ၂၈

33K 3K 47
                                    

Unicode //

နှိုင်းမန်တစ်ယောက် breakfastစားဖို့ဆင်းလာရင်း တစ်ယောက်သောသူကို မျက်စိကစား
ပြီးရှာကြည့်လိုက်သည်။

ပုံမှန်ဆို ဒီအချိန် ထမင်းစားခန်းထဲမှာရှိနေရမှာမဟုတ်ဘူးလား...

အတွေးပေါင်းများစွာနှင့် ကုလားထိုင်မှာထိုင်ချလိုက်သည်။

ထို့နောက်...

"ဟယ်....သားနှိုင်းလေး ဘာဖြစ်နေတာလဲ၊
စားလေ"

အန်တီမြ၏အသံကြားတော့မှ အစာစားဖို့ သတိဝင်လာတော့သည်။ထိုစဉ် ခြေသံတစ်ချို့ကိုကြားလိုက်ရသောကြောင့် နှိုင်းမန် ဟန်မပျက်စားဟန်ပြုလိုက်သည်။ 

"ဟော....ထူးထူးဆန်းဆန်း တစ်ချို့တစ်ချို့တွေက အရင်နိုးနေပါလား"

ပြောပြီးနောက် ထမင်းစားပွဲတွင်ဝင်ထိုင်လိုက်သောပြည့်သျှင်။ ထို့နောက်တွင် ကျန်နှစ်ယောက်ကလည်းအသီးသီးဝင်ထိုင်ကြတော့သည်။

ပြည့်သျှင်၏ရန်စသံကို ဂရုမစိုက်နိုင်ဘဲ တစ်ယောက်သောသူကို တစ်ချက်ခိုးကြည့်မိသည်။
မပြုံးမရယ်နှင့် ပုံမှန်ထက်တည်တင်းနေသော မျက်နှာထားကြောင့် နှိုင်းမန် တံတွေးတစ်ချက်မျိုချလိုက်မိသည်။ မိမိအားစိတ်ဆိုးနေသည်ဆိုသော အသိကြောင့် မျက်ရည်တောင်ဝဲချင်လာသည်။

"ကိုကို သားကို ကိတ်မုန့်ပန်းကန်လေးကမ်းပေးပါလား"

တစ်ဖန် ဘာမှမပြောဘဲ ကိတ်မုန့်ပန်းကန်ကိုယူကာ မာန်လေးဘက်သို့ပို့လိုက်သူ။

ဒီလိုချိန်မှာ မာန်လေးကိုတောင် မနာလိုဖြစ်မိလာသလိုပဲ....ထားပါလေ....အမှားလုပ်ထားတာက သူမှမဟုတ်တာ....

ထို့နောက်....

"အဟမ်း"

နှိုင်းမန်တစ်ယောက် ဈာန်းဆီက attention ကိုလိုချင်သောကြောင့် လည်ချောင်းတစ်ချက်ရှင်းသလိုလုပ်လိုက်တော့...

"မင်းဘာပြောချင်နေတာလဲ ခေါင်းဖြူလေးရာ...
မင်းမလည်း ဈာန်းကိုခိုးကြည့်လိုက် ငုံ့သွားလိုက်နဲ့...ပြောစရာရှိလည်း မြန်မြန်ပြောလိုက်ပါလား...ဒီလိုပုံစံက မင်းနဲ့မလိုက်ဘူး"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now