Unicode //
"ကျွတ် ကျွတ်...အ!"
နာကျင်မှုကို နှုတ်မှထုတ်ညည်းလိုက်သော်လည်း ခန္ဓာကိုယ်ထက်မှ လေးလံမှုကြောင့် အသံကသိပ်မထွက်။ ထို့နောက်မှ မျက်လုံးဖွင့်ကြည့်လိုက်မိတော့ တိုင်းကသူ့ကိုယ်ပေါ်တွင်မှောက်ပြီး အိပ်နေသည်မှာ ငြိမ်သက်စွာပင်။
....ဪ သူ့ခမျာတော်တော်ပင်ပန်းသွားရှာတာကိုး....
အဲ့လိုတွေးပေးမယ်ထင်နေလား...
ဒီလူယုတ်မာကောင်ကို စာနာပေးနေရအောင် သူကအချဉ်မဟုတ်။
ဒီစကားလုံးကို ဒီနေရာမှာသုံးလို့ရ၊မရ Sayyကိုမေးကြည့်ဦးမှပါ။
ထိုစဥ်...
"အင်း...."
ခန္ဓာကိုယ်ပေါ်မှ သတ္တဝါက ညည်းသံပေးကာ လူးလွန့်လာသည်။ မသိရင် ကိုယ်ကမွေ့ရာတစ်ခုလိုကဲ့သို့ပင်။
"နိုးရင်လည်းထစမ်း... သေမလို့လူးလှိမ့်နေတာလား"
အဖိခံထားရသောကြောင့် အသံကသိပ်မထွက်။ ကြိုးစားပြီးပြောလိုက်သော်လည်း သကောင့်သားက ကျွဲနားတွင်သွားပြီး စန္ဒယားတီးပြနေသလိုပင်။
စိတ်မရှည်တော့တာမို့ မိမိကိုယ်ပေါ်တွင် အားရပါးရမှောက်အိပ်နေသော သတ္တဝါအား လက်တစ်ဖက်ဖြင့် ခါးမှကိုင်ကာ ဆွဲဖယ်ချလိုက်တော့...
"ဟား! ဘာလဲကွာ"
မိုက်ခ် ထိုမေးခွန်းကို ပြန်မဖြေနိုင်သေး။ သကောင့်သားကို ဆွဲဖယ်လိုက်ခြင်း၏ အကျိုးဆက်က မိမိ၏ ခန္ဓာကိုယ်အောက်ဖက်ခြမ်းတွင် စူးခနဲနာကျင်မှုတစ်ခု သက်ရောက်စေသည်မို့....
"အ! ကျစ်!"
ထို့နောက်တွင် ခါးကိုကိုင်းကာ ကုတင်ခြေရင်းတွင် ကုန်းကုန်းကွကွဖြစ်နေသော မိုက်ခ်ကိုကြည့်ပြီး တိုင်း၏မျက်နှာက ပြုံးစိစိဖြစ်လာသည်။ ခန္ဓာကိုယ်ပေါ်မှာတွင် အဝတ်တို့မဲ့နေပြီး လုပ်ချင်သလိုလုပ်နေသူကြောင့်...
"အဟမ်း! ဘာလုပ်နေတာလဲ"
မေးလာသည့်အသံက ရယ်မြူးရိပ်သန်းနေသည်မို့ မိုက်ခ်စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ သို့သော် ခုချိန်တွင် ဒီကောင့်ကိုအဖက်လုပ်မဆဲနိုင်သေး။ နာကျင်မှုက ခြေအလှမ်းတိုင်းတွင်ကပ်ပါလာသည်မို့ အသံပင်မထွက်ချင်တော့။
ESTÁS LEYENDO
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...