Unicode //
"အ!!!"
လှုပ်လိုက်သည်နှင့် နာကျင်သွားသည်က ခါးအောက်ပိုင်းတောက်လျှောက်။ မျက်လုံးအစုံကိုမဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်လိုက်ပြီးနောက်...
...ဪ ဒါ ငါ့အိပ်ခန်းပဲ...
ထို့နောက် စိတ်ချလက်ချ မျက်လုံးပြန်မှိတ်လိုက်ပြီး တွေးလိုက်မိသည်က ခါးအောက်ပိုင်းကိစ္စ။ တစ်ဖန် နောက်တစ်ကြိမ်ပြန်ပွင့်လာသောမျက်လုံးများက ခုဏကထက် ပြူးကျယ်စွာ။....ကိုကိုရော....
အလန့်တကြားထထိုင်လိုက်သည်နှင့်...
"အ!"
ခါးတောက်လျှောက်နာကျင်မှူက မနေ့ညမှဖြစ်ရပ်များသည် အိပ်မက်မဟုတ်ကြောင်း ထပ်လောင်းသေချာစေသည်။ ခန္ဓာကိုယ်ပေါ်ရှိစောင်ကိုဆွဲလှပ်ကာ ကုတင်ပေါ်မှအမြန်ဆင်းလိုက်မိတော့ ယိုင်ကျသွားသည့် ခန္ဓာကိုယ်နှင့်အတူ မျက်ရည်တို့ကဝဲခနဲ။
....ထပ်ပျောက်သွားလို့ကတော့ ခင်ဗျားကိုသတ်ပစ်မှာ....
နာကျင်မှုကိုအာရုံလွှဲဖို့ နှုတ်ခမ်းသားတို့ကိုဖိကိုက်ထားမိသည်။
....ရေချိုးခန်းထဲမှာများလား....
တိတ်ဆိတ်နေသော ရေချိုးခန်းဆီကို မျှော်လင့်တကြီးလျှောက်သွားကာ တံခါးဖွင့်မိသည်။ အခန်းထဲတွင်ကား နတ္ထိ။
ပြည့်နှက်နေသောမျက်ရည်တို့ကိုကျမလာအောင် မျက်တောင်တို့ကို အမြန်ခတ်ကာတင်းထားမိသည်။ အိပ်ခန်းတံခါးဆီသို့ ယိုင်နဲ့စွာလျှောက်သွားလိုက်တော့...
"အ!!!..."
ခြေချင်းချိတ်ကာ ဒူးကခွေကျသည်။ စူးအောင့်သွားသောနာကျင်မှုတို့နှင့်အတူ ထိန်းထားသမျှမျက်ရည်တို့ကပါ လျှံကျလာသည်။ နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး အသံတိတ်မျက်ရည်ကျနေမိသည်။ အော်ဟစ်ငိုယိုပြီး ခိုနားရမဲ့ရင်ခွင် အနားမှာမရှိမချင်း စိတ်အစဥ်ကိုလွှတ်မချရဲ။
ထိုစဥ်....
ချလောက်!
တံခါးဖွင့်သံအဆုံး...
"ဟင်! အငယ်...ဘာလုပ်...ဟာ!"
အခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရသောမြင်ကွင်းကြောင့် ဈာန်း လက်ထဲမှကြွေလင်ဗန်းကို ကုတင်ပေါ်အမြန်ချလိုက်ပြီး...
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...