အခန်း - ၁၄

35.3K 3.4K 471
                                    

Unicode //

တီ...........တီ...................

ခြံရှေ့မှ ကားဟွန်းသံရှည်ကြီးကြောင့်
ခြံတံခါးဖွင့်ပေးမဲ့သူမရှိလို့လားဟုတွေးလိုက်မိပြီး လှမ်းကြည့်လိုက်သော်လည်း ခြံထဲကကောင်လေးက တံခါးဖွင့်ပေးနေသည်ကိုတွေ့လိုက်ရသည်။

သို့သော်...

တီ.......................

...ဟာ ဘယ်သူလဲဟ...သူများအိမ်လည်းလာသေးတယ်...တံခါးဖွင့်ပေးနေတာတောင်
စိတ်မရှည်သလိုနဲ့...

နှိုင်းမန်အလိုမကျစွာတွေးလိုက်မိစဥ်...

"ဘယ်သူလဲ...အငယ်"

"မသိဘူး...ကျွန်တော်လည်းကြည့်နေတာ"

ခြံတံခါးသေချာပွင့်သွားပြီးနောက် ကားသည်အရှိန်နှင့်ဝင်လာပြီး အိမ်တံခါးဝတည့်တည့်တွင်ရပ်သွားသည်။ထို့နောက် ကားတံခါးပွင့်လာပြီး ဆင်းလာသူကိုကြည့်လိုက်တော့...

"ဟင်...ငယ်လေး"

ထို့နောက်တွင် ကားမှန်တစ်ဖက်လျှောကျသွားပြီး စောပြည့်သျှင်၏မျက်နှာထွက်လာသည်။

"မင်းတို့ခြံစောင့်က အရမ်းနှေးကွေးလွန်းတာပဲကွ"

"နှေးတယ်ထင်ရင်လည်းခင်ဗျားကိုယ်တိုင်
ဆင်းဖွင့်လိုက်....သူများအိမ်လည်းလာသေးတယ်....မသိရင်ကမ္ဘာပျက်နေသလို ဟွန်းတွေစွတ်တီးနေတာ....ပတ်ဝန်းကျင်ကို နားဒုက္ခပေးပြီးမှ ခင်ဗျားကပဲတစ်ပြန်ကြီးလာပြောမနေနဲ့"

...ခွေးကောင်လေး...

ပြည့်သျှင်တစ်ယောက် စိတ်ထဲမှကြိတ်ကာဆဲလိုက်မိသည်။ ဒီကောင်လေးနှင့်တွေ့တိုင်း သူ့တွင်ခွန်းတုံ့ပြန်စရာမဲ့စမြဲ။

ထို့နောက်...

"ဟင်...ငယ်လေးလက်ထဲက အထုပ်တွေက"

"အေး....မင်းတို့အိမ်မှာတစ်ပတ်လောက်လာထားတာ....ငါ စလုံးကိုခဏပြန်ရမှာမလို့....
သူ့ရောဂါအကြောင်း အိမ်ကလူတွေထက်မင်းကပိုသိမှာပေါ့....ဒါနဲ့ မင်းရော ဘယ်လိုလဲ ခေါင်းဖြူလေး....သဘောတူလား"

"ခင်ဗျားတို့ကိစ္စလေ....ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"

"ဟားဟား....မင်းတို့ကလင်ခင်ပွန်းတွေပဲဟာ....မင်းစိတ်ထဲရှင်းနိုင်ပါ့မလား"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now