အခန်း - ၅၆

29.8K 2.5K 579
                                    

Unicode //

"Time! ငါအလုပ်လုပ်နေတယ်လေကွာ..."

"....."

ပြောလိုက်သော်လည်း ဘာမှပြန်မပြောဘဲ ပို၍တိုးကာဖက်လာသူကြောင့် အလုပ်မတွင်တော့။ ပေါင်ပေါ်တွင်လှဲကာ ခါးကိုအတင်းဖက်ထားသောသူကြောင့် မိုက်ခ်သက်ပြင်းချမိသည်။ ဒီရက်ပိုင်းအတွင်း တိုင်းအရမ်းဆိုးလာပါသည်။ မိန်းကလေးတွေက တစ်လတစ်ခါသာစိတ်ဖောက်ပေမယ့် တိုင်းကတော့ တစ်နာရီတစ်ခါလောက် စိတ်ဖောက်ကာ ဂျီကျတတ်သည်။ ခုလည်း ဘာလိုချင်ပြန်လည်းမသိ။

"Time..."

ခေါ်လေလေ၊ခါးကိုတိုးဖက်လာပြီး မျက်နှာကိုဝှက်သွားလေလေမို့...

"ဘာဖြစ်နေပြန်ပြီလဲ"

မေးပြီးနောက် အတင်းတိုးဖက်နေသောလက်ကိုခွာကာ မျက်နှာကိုဆွဲမော့လိုက်တော့...

"ဟော ဘာဖြစ်ရပြန်တာတုန်း? ဒီမျက်ရည်တွေကဘယ်ကရောက်လာပြန်တာတုန်း?"

ဟုတ်သည်။ ပြောဖို့တစ်ခုကျန်သွားပါသည်။ ဒီရက်ပိုင်း ကျွန်တော်ချစ်သူတစ်ယောက် Drama Kingဖြစ်နေပါသည်။

"ဟင်? ပြောလေ...ဘာတွေတွေးပြီးဖြစ်နေပြန်တာလဲ... မင်းမပြောတော့ ငါကဘယ်လိုချော့ရမှာလဲ"

မျက်ရည်စများရှိနေသော မျက်လုံးထောင့်စွန်းတို့ကို လက်မတို့ဖြင့်အသာသုတ်ကာမေးလိုက်တော့...

"မင်းငါ့ကိုမချစ်တော့ဘူးမလား? မဟုတ်ဘူး...အစကတည်းက မင်းငါ့ကိုမချစ်တာမလား? ငါကခြိမ်းလားခြောက်လားလုပ်လို့ မတတ်သာလို့ငါနဲ့တွဲနေရတာမလား? "

"တိုင်းရာ...ငါက..."

"ဟင့်အင်း...မဖြေနဲ့...မေးနေတာမဟုတ်လို့ အဖြေကိုမသိချင်ဘူး..."

စကားကိုအတင်းဖြတ်ပြောကာ ခါးကိုဖက်ပြီး မျက်နှာပြန်ဝှက်သွားသောကြောင့် မိုက်ခ်အံ့အားသင့်သွားသည်။

ဒီပေါက်ကရအတွေးတွေက ဘယ်ကရောက်လာတာတုန်း...သူပုံမှန်လေးပဲ အလုပ်လုပ်နေတာလေ...ပြီးတော့ ဒိီအလုပ်တွေကို ဘယ်သူပင်ပန်းမှာစိုးလို့လုပ်ပေးနေတာမလို့လဲ... ဒီကောင်က ဘယ်တုန်းကများ ဒီလောက်ထိ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မဲ့သွားရတာလဲ...သူလိုချင်တာဆို အမြဲရအောင်လုပ်ပေးနေတာတောင် မလုံလောက်သေးတာလား... ဘယ်တုန်းက ဒီလောက်ကလေးဆန်သွားရတာတုန်း...

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now