အခန်း - ၁၇

37K 3.4K 339
                                    

Unicode //

ဈာန်းဦးခိုက်တစ်ယောက် နိုးလာလာချင်း ညကအရှိန်ကြောင့်ခေါင်းထူ၍မရ။မျက်လုံးကို အားယူပြီး ဖွင့်ကြည့်တော့လည်း အရာအားလုံးကို ဝေဝေဝါးဝါးသာမြင်ရသည်။

ထိုစဉ်....

ဂျောက်!

အသံကြောင့် လှမ်းကြည့်လိုက်ပေမယ့် မြင်ကွင်းကမပြတ်မသား။ ထိုဝေဝေဝါးဝါးမြင်ကွင်းထဲတွင် ရေချိုးပြီး ထွက်လာသော လူတစ်ယောက်၏ပုံရိပ်ရှိနေသည်။

ဘယ်သူလဲ....ငယ်လေးလား....မဖြစ်နိုင်တာ ငယ်လေးက တစ်ခါမှဒီလိုထွက်မလာဖူးပါဘူး....

တွေးလိုက်မိစဥ်...

"ခင်ဗျား နိုးရင်လည်း ကိုယ့်အခန်းကိုယ်ပြန်တော့"

ထိုအခါကျမှ ဈာန်းလှဲနေရာမှချက်ချင်းကုန်းထလိုက်မိသည်အထိဖြစ်သွားတော့သည်။

ဒါက အငယ့်အသံ...ဘာလို့ ငါကဒီအခန်းထဲရောက်နေတာလဲ...

ခေါင်းထဲတွင် အတွေးပေါင်းစုံတို့ကြီးစိုးသွားပြီးနောက် အသည်းအသန်စဥ်းစားနေလိုက်မိရင်း အငယ့်ကိုကြည့်လိုက်မိတော့...

"ဘာတွေကြောင်တောင်တောင်လာကြည့်နေတာလဲ....ဒါခင်ဗျားအခန်းမဟုတ်ဘူး....
ခင်ဗျားညက မူးပြီး ကျွန်တော့်အခန်းထဲဝင်လာခဲ့တာ"

"ကိုယ်က?"

ကြောင်တောင်တောင်မျက်နှာပေးနှင့်ကြည့်ကာ သူ့အား ပြန်မေးလာသောကြောင့် နှိုင်းမန်၏ မရှည်သောစိတ်က ပို၍ပို၍ တိုလာတော့သည်မို့....

"ခင်ဗျားကိုယ်တိုင်ဝင်မလာလို့ မူးရူးနေတဲ့လူကို ကျွန်တော်က အခန်းထဲဆွဲခေါ်လာပြီး ဘာလုပ်ရမှာလဲ....အပိုင်ကြံရအောင်လည်း ခင်ဗျားက ကျွန်တော့်လင်ဖြစ်နေပြီ"

ထို့နောက်တွင် ဈာန်းတစ်ယောက် သူ့အားစိတ်မရှည်စွာပြန်ပြောနေသောကောင်လေးကြောင့် ညကကိစ္စတို့က်ို ဝေဝေဝါးဝါးသတိရလာတော့သည်။ တစ်ဖန် ထိုကောင်လေးအားပြန်ကြည့်လိုက်မိတော့...

"ဟာ ဘာလာကြည့်နေတာလဲ...ကျွန်တော်အဝတ်အစားလဲရဦးမယ်...ခင်ဗျား သွားတော့ဗျာ"

ကန့်လန့်ဆန်သောအချစ် Donde viven las historias. Descúbrelo ahora